ဒါဘီနှင့်ဝက်ဖို့ဒ်ပွဲကိုလည်း ရွန်နီက ကစားထားတာကြောင့် ဖြစ်ပါတယ်။
Kyaw Ko Ko Sint

ရွန်နီအိမ်ကို လာလည်သူက ကိုဗစ်စစ်ဆေးခြင်းနှင့်ခြေရာကောက်ခြင်း ခံထားရသူဖြစ်ပြီး အိမ်ကို လာလည်ပြီးမှ ရောဂါပိုး ရှိကြောင်းသိရလို့ ဝိန်းရွန်နီက အဆိုပါ ကိစ္စရှိနေလျက်နဲ့ အိမ်လာခဲ့လို့ စိတ်ဆိုး ဒေါသထွက်နေတယ်လို့ သိရပါတယ်။

ဒါဘီတိုက်စစ်မှူး ဝိန်းရွန်နီရဲ့ အိမ်ကို အလည်လာခဲ့သူမှာ ကိုဗစ် ရောဂါပိုး ရှိနေလို့ ရွန်နီအပါအဝင် သူ့မိသားစု၊ဒါဘီနှင့်ဝက်ဖို့ဒ် အသင်းသားတွေအားလုံး ဆေးစစ်မှု ခံယူရတော့မယ်လို့ သိရပါတယ်။

ရွန်နီရဲ့အိမ်ကို လာလည်သူက နာရီလာပေးတာ ဖြစ်ပြီး ကိုဗစ်ရောဂါပိုး စစ်ဆေးခြင်းနှင့် ခြေရာ ကောက်ခြင်း ခံနေရသူ ဖြစ်ပါတယ်။

ဒါကို အသိမပေးပဲ အိမ်လာလည်ပြီးမှ ရောဂါပိုး ရှိနေတယ်လို့ သတင်းထွက်ပေါ်လာတာကြောင့် ရွန်နီက စိတ်ဆိုး ဒေါသထွက်နေတယ်လို့လည်း The Sun သတင်းဌာနက ဖော်ပြလာပါတယ်။

ရွန်နီကိုယ်တိုင်ကလည်း အဆိုပါ ကိစ္စကို မသိသေးခင် ပြီးခဲ့တဲ့ သောကြာနေ့က ကစားခဲ့တဲ့ ဒါဘီနှင့် ဝက်ဖို့ဒ်အ သင်းတို့ ပွဲစဥ်မှာ ပါဝင်ကစားခဲ့လို့ ဒါဘီနှင် ဝက်ဖို့ဒ် အသင်းသားတွေလည်း ဆေးစစ်မှု ခံယူဖို့ လိုနေပြီလို့ သိရပါ တယ်။

ရွန်နီကတော့ သူ့မိသားစုမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ရင် ဒီကာလမှာ ကစားသမားဘဝက အနားယူတော့မယ်လို့ လည်း မကြာသေးခင်က ပြောထားတာ ရှိပါသေးတယ်။

ဗြိတိန် အစိုးရ စည်းမျဥ်း ဥပဒေအရ ကိုဗစ်တွေ့ရှိခံရသူဟာ ၁၄ရက်ကြာ သီးသန့် နေထိုင်ရမှာ ဖြစ်တာကြောင့် ဘောလုံး အသင်းသား ဘယ်နှစ်ဦး ကူးစက်ခံမရလဲဆိုတာကလည်း စောင့်ကြည့်ရမှာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က