ဂိုးကန်သွင်းမှုလုပ်တာကို တခါမှမမြင်ဖူးဘူးလို့ ဆိုပါတယ်။

ဘစ်စ်ကာကတော့ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံပွဲပေါင်း ၅၀ ကစားပေးအပြီးမှာ ပထမဆုံးဂိုးရရှိခဲ့တာဖြစ်ပြီး သူ့ရဲ့ သွင်းဂိုးကလည်း လှပမှုရှိခဲ့ကာ အရေးပါတဲ့ အနိုင်ဂိုးတစ်ဂိုးလည်း ဖြစ်ခဲ့ပါတယ်။ 


နယူးကာဆယ်နဲ့ပွဲမှာ အာရွန်ဝမ်ဘစ်စ်ကာဂိုးသွင်းယူခဲ့တဲ့အပေါ် ယူနိုက်တက်အသင်းဖော်ဘရူနိုဖာနန်ဒက်စ်က မယုံကြည်နိုင်ခဲ့ဘူးလို့ ဖွင့်ဟလိုက်ပါတယ်။ MUTV နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖာနန်ဒက်စ်က ပြောဆိုခဲ့တာဖြစ်ပြီး ယူနိုက်တက်ကစားသမားဘဝ ပထမဆုံးသွင်းဂိုးကို ဘစ်စ်ကာက ရယူနိုင်ခဲ့ပြီးနောက် အဝတ်လဲခန်းအတွင်းမှာ မေးမြန်းမှုတွေပါ ပြုလုပ်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။



၁-၄ နဲ့ ယူနိုက်တက်က အနိုင်ရရှိခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ ဘစ်စ်ကာက အရေးပါတဲ့ သွင်းဂိုးတစ်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ မက်ဂွိုင်းယား၊ ဖာနန်ဒက်စ်၊ ရက်ရှ်ဖို့ဒ်တို့ကလည်း ဂိုးတွေအသိးသီးသွင်းယူခဲ့ကြပြီး ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့ကာ ဝေဖန်မှုတွေခံနေမှုအောက်ကနေ ရုန်းထွက်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ နိုင်ပွဲ ၂ပွဲ ရရှိခဲ့ပြီဖြစ်ပါတယ်။ 

"ကျွန်တေ်ာတို့ အရမ်းပျော်ရွှင်ခဲ့ရပါတယ်၊ ဘာလို့လဲဆိုရင် သူ ကန်သွင်းနိုင်စွမ်းရှိတယ်ဆိုတာကို ကျွန်တော်တို့ မသိခဲ့ကြလို့ပါ၊ ဒါကြောင့် သူ ဂိုးသွင်းနိုင်တဲ့အပေါ် ကျွန်တော်တို့ ယုံကြည်ဖို့့ ခက်ခဲလွန်းပါတယ်၊ သူ ဂိုးကန်သွင်းတာကို ဘယ်တုန်းကမှ ကျွန်တော်မမြင်ဖူးခဲ့ပါဘူး၊ ဒါပေမယ့် သူ့အတွက် ကျွန်တော်ပျော်ရွှင်ပါတယ်၊ သူက ဒီသွင်းဂိုးရဖို့အတွက် ထိုက်တန်သူပါ"

"ဒီထက်ပိုပြီး တိုးတက်ဖို့၊ ဧရိယာအတွင်းကို ဝင်နိုင်ဖို့အတွက် ကျွန်တော်အမြဲပြေောနခဲ့တာပါ၊ သူ့မှာ အရည်အသွေးကောင်းတွေရှိပါတယ်၊ လူတိုုင်း သူ့ရဲ့ခံစစ်ပိုင်းစွမ်းရည်ကို သိပါတယ်၊ အဝတ်လဲခန်းထဲမှာဆိုရင် သူဂိုးသွင်းတဲ့အကြောင်းကိုပဲ ပြောနေကြတာပါ၊ ကျွန်တော်တို့သိထားတာက သူက ဖြတ်တင်ပေးမယ်၊ ဘောလုံးဖျက်ထုတ်မှုလုပ်မယ်၊ ပြီးတော့ အသင်းအတွက် အမှတ်တွေရအောင်လုပ်ပေးမယ်ဆိုတာပါ" လို့ ဖာနန်ဒက်စ်က ပြောဆိုသွားခဲ့ပါတယ်။ 

ဘစ်စ်ကာကတော့ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံပွဲပေါင်း ၅၀ ကစားပေးအပြီးမှာ ပထမဆုံးဂိုးရရှိခဲ့တာဖြစ်ပြီး သူ့ရဲ့ သွင်းဂိုးကလည်း လှပမှုရှိခဲ့ကာ အရေးပါတဲ့ အနိုင်ဂိုးတစ်ဂိုးလည်း ဖြစ်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က