VAR ဆုံးဖြတ်ချက်တွေကြောင့် လီဗာပူးဟာ သရေနဲ့ ကျေနပ်ခဲ့ရပါတယ်။

ဗန်ဒိုက်ကို ကြမ်းတမ်းစွာ ဖျက်ထုတ်ခဲ့တဲ့ ပစ်ဖို့ဒ်ကို ဘာလို့ ပြစ်ဒဏ်မပေးခဲ့တာလဲနဲ့ မာနေးရဲ့ လူကျွံဘောဟာ အမှန်တကယ်ကျွံမနေခဲ့ဘူးဆိုတာကို ကလော့ပ်က မေးခွန်းထုတ်ပြီး ဒေါသထွက်နေပါတယ်။

စနေနေ့က ကစားခဲ့တဲ့ အဲဗာတန် ၂-၂ လီဗာပူး မာဆေးဆိုဒ်ဒါဘီပွဲစဥ်မှာ ဆုံးဖြတ်ခဲ့တဲ့ VAR ဆုံးဖြတ်ချက်တွေကို ပြန်လည်သုံးသပ် စစ်ဆေးပေးဖို့ အက်ဖ်အေကိုလီဗာပူးအသင်းက အဆိုပြုထားတယ်လို့ BBC SPORTက ဖော်ပြ လာပါတယ်။



လီဗာပူး နည်းပြ ကလော့ပ်အနေနဲ့ ဟန်ဒါဆင်ရဲ့ နောက်ကျဂိုးကို VARနဲ့ဆုံးဖြတ်ပြီး ငြင်းပယ်ခဲ့တဲ့အပေါ် လွန်စွာ ဒေါသထွက်နေသလို ဗန်ဒိုက်ကို ကြမ်းတမ်းစွာ ဖျက်ထုတ်ခဲ့တဲ့ အဲဗာတန် ဂိုးသမား ပစ်ဖို့ဒ်ကိုလည်း တစ်စုံတစ်ရာ အပြစ်မပေးခဲ့တဲ့အပေါ် မေးခွန်းထုတ်နေပါတယ်။

“ပုံမှာပြန်ကြည့်ရတာတော့ လူကျွံဘော မဖြစ်နေပါဘူး။ဒါပေမယ့် လူကျွံဘောဆိုပြီး ဆုံးဖြတ်ခဲ့ကြပါတယ်။”လို့ ဟန်ဒါဆင်ရဲ့ ဂိုးနဲ့ပတ်သက်ပြီး ကလော့ပ်ကဆိုပါတယ်။

အလားတူ ဒဏ်ရာရရှိခဲ့တဲ့အပြင် ဆေးရုံကို ပွဲပြီးတာနဲ့ တန်းသွားပြီး ဓာတ်မှန်ရိုက် စစ်ဆေးမှု ခံယူခဲ့ရတဲ့အထိ ဒဏ်ရာပြင်းထန်စေခဲ့တဲ့ ဗန်ဒိုက်အပေါ် ပစ်ဖို့ဒ်ရဲ့ ကျူးလွန်မှုကိုလည်း မျက်ကွယ်ပြုခဲ့တဲ့အပေါ် ကလော့ပ်က အက်ဖ်အေကို မေးခွန်းထုတ်နေပါတယ်။

လက်ရှိမှာတော့ လီဗာပူးဟာ မာဆေးဆိုဒ်မှာ အဖိုးတန် အနိုင်ရလဒ် ဆုံးရှုံးခဲ့သလို ဗန်ဒိုက်နဲ့ သီယာဂိုလ်တို့လည်း ဒဏ်ရာအသီးသီးရသွားလို့ နစ်နာမှု ကြီးမားခဲ့ပါတယ်။

Share

Loading Next Article...
က္က