ညာဖက်ဒူးအရွတ်စုတ်ပြဲ ဒဏ်ရာကို ခွဲစိတ်ကုသရမှာပါ။
Kyaw Ko Ko Sint

လက်ရှိအချိန်မှာတော့ ခွဲစိတ်မယ့်နေ့ရက်ကို အတိအကျမသိရသေးတာကြောင့် ဗန်ဒိုက်နားရမယ့် ကာလကိုလည်း တွက်ချက်လို့ မရသေးပေမယ့် ကစားသမားရဲ့ ကြံ့ခိုင်မှုအပေါ်မှာ များစွာ မူတည်နေတယ်လို့ သိရပါတယ်။

အဲဗာတန်နဲ့ ၂ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ပြိုင်ဖက် ဂိုးသမားနဲ့ ထိခိုက်မိပြီးရရှိခဲ့တဲ့ ဒူးဒဏ်ရာကို ယခုအခါ ခွဲစိတ်ကုရတော့မယ်လို့ သိရပြီး ကာလရှည် အနားယူရမှာလည်း ဖြစ်ပါတယ်။

မည်မျှ အနားယူရမယ်ဆိုတာကိုတော့ အတိအကျ မသိသေးပဲ ဗန်ဒိုက်ကတော့ ဒဏ်ရာကနေ အကောင်းဆုံး ပြန် လာနိုင်မယ်လို့ ယုံကြည်နေပါတယ်။

“စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အဆင်သင့်ပါပဲ။အခုချိန်မှာ ကျွန်တော့် ဒဏ်ရာ အမြန်ဆုံး သက်သာလာဖို့ပဲ စိတ်ထည့် ထားပါတယ်။တတ်နိုင်သမျှ မြန်မြန် ပြန်ကောင်းလာနိုင်အောင် ကြိုးစားမှာပါ။”လို့ ဗန်ဒိုက်က ဆိုပါတယ်။

လက်ရှိမှာတော့ ခွဲစိတ်မှုကို အလောတကြီး မလုပ်သေးပဲ ခွဲစိတ်မှုမတိုင်ခင် ကုသမှုတွေသာ လုပ်ဆောင်နေသေးပြီး ဘယ်တော့ ခွဲစိတ်မယ်ဆိုတာလည်း မသိရသေးပါဘူး။

ဒါကြောင့် ခန့်မှန်းချေအရ ဗန်ဒိုက်အနေနဲ့ ရာသီတစ်ခုလုံးကို အနားယူရဖို့ နီးစပ်နေတယ်လို့ သတင်းတွေက ဖော်ပြ နေပါတယ်။

ဗန်ဒိုက်ကတော့ လီဗာပူးရဲ့ အဓိက နောက်ခံလူ တစ်ဦးဖြစ်ပြီး ၂၀၁၈ခုနှစ်က ပေါင် ၇၅သန်းနဲ့ ခေါ်ယူထားသူပါ။

လီဗာပူးအသင်း ချန်ပီယံလိဂ်ဆုဖလားနဲ့ ပရီးမီးယားလိဂ် ဆုဖလားတွေ ပိုင်ဆိုင်ခဲ့ရာမှာလည်း ဗန်ဒိုက်က အဓိက ကျတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့ပြီး ၂၀၁၉ခုနှစ်မှာလည်း ဥရောပ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါ သေးတယ်။

ဗန်ဒိုက် ဒဏ်ရာရနေချိန်မှာတော့ နည်းပြ ကလော့ပ်အတွက် အစားထိုး အသုံးပြုဖို့ ဂျိုးဂိုမက်ဇ်နှင့်ဂျိုးလ်မာတစ်တို့ နှစ်ဦးရှိနေပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က