ဘေးလ်ကို ထည့်ချိန်မှာ ၃ဂိုးပြတ်နဲ့ အနိုင်ရနေချိန်ဖြစ်ပါတယ်။

ဘေးလ်ဝင်လာပြီးမှ ၃ဂိုး ပြန်ပေးလိုက်ရတဲ့အပေါ် ကစားသမားသစ်တစ်ဦးကို အခုလို ပွဲထုတ်လိုက်တာဟာ အသင်းရဲ့ ကစားပုံကို ဆိုးရွားသွားစေခဲ့သလား ဆိုတဲ့ မေးခွန်းအပေါ်မှာ မော်ရင်ဟိုက ကာကွယ်ပြောဆိုခဲ့တာပါ။

စပါးအသင်းဟာ မနေ့က ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ပွဲမှာ ၈၁မိနစ်အထိ ၃ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ရာမှ ပွဲအပြီးမှာ တော့ ၃ဂိုးစီ သရေပွဲနဲ့ ကျေနပ်ခဲ့ရပါတယ်။



ဆွန်ဟောင်မင်၊ကိန်းတို့ရဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင်ထားနေနိုင်ပေမယ့် ကိုယ့်ဂိုး ကိုယ်ပြန်သွင်းမိတဲ့ ဂိုးတွေအပါအဝင် လန်ဇီနီရဲ့ လှပတဲ့ အဝေးကန်ချက်က စပါးအသင်းကို အနိုင် ၃မှတ် မရစေခဲ့ပါဘူး။

စပါးအသင်းနည်းပြ မော်ရင်ဟိုကလည်း ၃-၀နဲ့ နိုင်နေချိန် မိနစ် ၇၀ကျော်လောက်မှာတော့ အသင်းကို အသစ်ခေါ် ယူထားတဲ့ တစ်ကျော့ပြန် ကစားသမား ဂါရတ်‌ဘေးလ်ကို ထည့်သွင်းအသုံးပြုပြီး ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့ပါ တယ်။

‌ဘေးလ်အနေနဲ့ ပြစ်ဒဏ်ဘောကနေ တိုက်ရိုက် တစ်ကြိမ်ကန်သွင်းခဲ့ပေမယ့် ဂိုးသမား ဖမ်းမိခဲ့ပြီး အဲ့နောက် ဆက်တိုက်ဆိုသလို ဝက်စ်ဟမ်းအသင်းက ဂိုး တွေ ရခဲ့ပါတယ်။

ဒါကြောင့် ဘေးလ်ကို ထည့်သွင်းလိုက်တာ ကစားပုံကို ပျက်စီးသွားစေခဲ့ပြီး စပါးအသင်းကို သရေဖြစ်စေခဲ့တယ်ဆို တဲ့ မေးခွန်းများစွာ ထွက်ပေါ်ခဲ့ပြီး ဒီအပေါ်မှာ မော်ရင်ဟိုက ဘေးဟာ အသင်းရဲ့ ကစားပုံကို ပျက်စီးစေခဲ့သူ မ ဟုတ်ပဲ သူ့ကြောင့် အသင်း ဘာမှ ပုံစံမပျက်ခဲ့ဘူးလို့ ကာကွယ်ပြောဆိုခဲ့တယ်လို့ Goal.comက ဖော်ပြလာပါ တယ်။

“ကျွန်တော်ကတော့ မထင်ပါဘူး၊အရိုးသားဆုံးပြောတာပါ၊သူ့ကို ပွဲအစမှာ မသုံးခဲ့တာက ကျွန်တော့်ရဲ့ ကောင်းမွန် တဲ့ ဆုံးဖြတ်ချက်လို့ ထင်ပါတယ်။သူ့ကို အရံခုံမှာ ပထမပိုင်းလောက် ထိုင်နေစေတာဟာ တစ်သင်းလုံးကို မည်သူ မဆို အရံခုံကနေထပြီး နေရာလုနိုင်တယ်ဆိုတာကို သတိထားမိစေချင်လို့ပါ။”လို့ မော်ရင်ဟိုက ဆိုခဲ့ပါတယ်။

စပါးအသင်းအနေနဲ့ အနိုင်မရခဲ့တာဟာ အနိုင်ရဖို့ လုံလောက်တဲ့ ကြံ့ခိုင်မှုပိုင်း မရှိခဲ့လိုသာ ဖြစ်ပြီး ဇူလိုင်လတုန်းက ရှက်ဖီးကို ၃-၁နဲ့ အရေးနိမ့်ချိန် အသင်းမှာ စိတ်ဓာတ်ကောင်းပျောက်ဆုံးနေတယ်လို့ မော်ရင်ဟိုက ပြောခဲ့ဖူးပြီး ဒီ စကားကိုတော့ အခုချိန်မှာ ထပ်မသုံးချင်ကြောင်းလည်း မော်ရင်ဟိုကဆိုပါတယ်။

“မနှစ်ကနဲ့ ဒီနှစ်မတူတော့ပါဘူး။ကစားသမားသစ်တွေ အများကြီး ဖြစ်နေပါပြီ။ကျွန်တော့်အနေနဲ့ ဒီစကားကို မပြောချင်ပါဘူး။ပြောချင်တာက ဝက်စ်ဟမ်းအသင်းက မိုယက်စ်လက်ထက်မှာ အများကြီး ကောင်းလာပါတယ်။ အသင်းကလည်း အများကြီး တိုးတက်ပြောင်းလဲသွားပါပြီ။ ပိုကောင်းအောင် ကစားနိုင်ဖို့ လိုပါပြီ။”လို့ မော်ရင်ဟို ကဆိုပါတယ်။

စပါးအသင်းကတော့ ဝက်စ်ဟမ်းကို သရေကျလို့ အဆင့် ၆နေရာမှာ ရမှတ် ၈မှတ်နဲ့ ရပ်တည်နေပါတယ်။

Share

Loading Next Article...
က္က