ဆောက်သတမ်နဲ့ သရေကျတဲ့ပွဲက စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ပြောခဲ့တာပါ။

အခုလို နည်းဗျူးဟာ ကို နားမလည်တာဟာ ကစားသမားတွေနဲ့ မိမိအကြား ဆက်သွယ်ရေး အခက်အခဲ ရှိနေလို့ ဖြစ်ပေမယ့် အဓိက စိုးရိမ်တာက ကွင်းအတွင်း စီမံခန့်ခွဲမှုကိုသာ ဖြစ်တယ်လို့ နည်းပြ လမ်းပတ်က ဆိုပါတယ်။

ဆောက်သမ်တန်ကို ၃ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ မိမိညွှန်ကြားတဲ့ နည်းဗျူဟာတွေကို ကစားသမားတွေအနေနဲ့ တိကျစွာ မသိရှိပဲ နားလည်မှု လွဲခဲ့ကြတယ်လို့ နည်းပြ လမ်းပတ်က ထုတ်ဖော်ပြောလာပါတယ်။



ချဲလ်ဆီးအသင်းအနေနဲ့ ဆောက်သမ်တန်ကို ဝါနာရဲ့ ဦးဆောင်ဂိုးတွေနှင့်အတူ ၂ဂိုးပြတ် ဦးဆောင်နေနိုင်ခဲ့ပေမယ့် ချေပဂိုးတွေ ပြန်ပေးလိုက်ရပြီး ပွဲအပြီးမှာတော့ ၃ဂိုးစီထိ သရေကျခဲ့တာပါ။

မနှစ်က ပေးဂိုး ၅၄ဂိုးအထိ ရှိခဲ့လို့ ဒီနှစ်မှာ နောက်တန်းကို အဓိက ပြင်ဆင်ထားလာပေမယ့်လည်း ချဲလ်ဆီးအသင်း နောက်တန်းကတော့ ပေးဂိုးတွေ များနေဆဲ ဖြစ်ပါတယ်။

ပွဲချိန်အတွင်း မိမိရဲ့ ဘောလုံးကို ကြာကြာထိန်းကစားဖို့မှကြားမှုများကို ကစားသမားတွေ မကြားတော့ပဲ ပွဲကို ညွှန် ကြားချက်အတိုင်း မကစားနိုင်ခဲ့ဘူးလို့ ဆိုလာတာပါ။

“နောက်ဆုံး မိနစ်ပိုင်းမှာကျွန်တော် ဘောလုံးကို ရဲရဲဝံ့ဝံ့တိုက်စစ်ဆင် မကစားချင်တော့ပါဘူး။ဒါကြောင့် သူတို့ကို ဘောလုံးကို ထိန်းကစားဖို့နဲ့ ပြိုင်ဖက်ရဲ့ ဖိအားပေးမှုကို လျော့ချဖို့ ညွှန်ကြားခဲ့ပါတယ်။ဒါပေမယ့် ကစားသမားတွေ ကတော့ သေချာ မကြားဘူးလို့ ထင်ပါတယ်။”လို့ လမ်းပတ်က ပြောခဲ့တယ်လို့ သိရပါတယ်။

အခုလိုမျိုး သူ့ကစားသမားတွေ အဓိက ညွှန်ကြားချက်တွေကို ကောင်းစွာ လိုက်နာနိုင်ခြင်း မရှိသည်မှာ ဆက်သွယ်ရ ခက်ခဲတဲ့ အခြေအနေကြောင်း ဖြစ်ပြီး ဒါဟာ ဘာသာစကား နားလည်မှု အားနည်းချက်ကြောင့်လို့ လည်း ယူဆနိုင်တယ်လို့ သိရပါတယ်။

“ဆက်သွယ်ရခက်တာနဲ့ ပတ်သက်ပြီး စိတ်မရှုပ်ထွေးပါဘူး၊အလုပ်ကို ကျွန်တော်တို့ အရမ်းကြိုးစားပြီး လုပ်နေကြ ရင် မလိုပါဘူး။တစ်ခုပါပဲ ကျွန်တော်စိုးရိမ်တာ ပွဲချိန်အတွင်း စီမံခန့်ခွဲမှုကိုပါပဲ။ကစားသမားတွေအနေနဲ့ ကွင်းအ တွင်း ကစားတဲ့အခါ ချဲလ်ဆီးအသင်းမှာ ထိပ်တန်းကစားသမားတွေ ရှိကြောင်း သက်သေပြဖို့ပဲ လိုတာပါ။”လို့ လမ်းပတ်က ဆက်လက်ဆိုပါတယ်။

ချဲလ်ဆီးအသင်းအတွက်တော့ ယခုတစ်ပတ်က ပွဲကြပ်တွေနဲ့ ရင်ဆိုင်ရဖို့ ရှိနေပြီး မန်ချက်စတာ ယူနိုက်တက်အ သင်းနှင့် ပရီးမီးယားလိဂ်ပွဲစဥ်အဖြစ် အဝေးကွင်း သွားမကစားရခင် ယူရိုပါလိဂ် ချန်ပီယံ ဆီဗီလာအသင်းနဲ့ ချန်ပီ ယံလိဂ် အုပ်စုအဖွင့်ပွဲအဖြစ် ရင်ဆိုင်ရမှာပါ။

လက်ရှိမှာတော့ ချဲလ်ဆီးအသင်းက ပရီးမီးယားလိဂ်မှာ ၅ပွဲကစား ၂ပွဲနိုင် ၂ပွဲသ‌ရေ ၁ပွဲရှုံး ရမှတ် ၈မှတ်နဲ့ အဆင့် ၇နေရာမှာ ရပ်တည်နေပါတယ်။

Share

Loading Next Article...
က္က