မန်စီးတီးက ရမှတ် ၁၀၀ နဲ့ ချန်ပီယံ ဖြစ်ထားဖူးခဲ့ပါတယ်။
Kyaw Ko Ko Sint

ယခုနှစ်မှာ ကလပ်အသင်းအားလုံးက ကောင်းမွန်တဲ့ စာချုပ်ချုပ်ဆို ခေါ်ယူမှုတွေ လုပ်ထားပြီး ပြိုင်ဖက်တိုင်းက ခက်ခဲနေပြီဖြစ်လို့ ချန်ပီယံဖြစ်မယ့်အသင်းအတွက်လည်း ရမှတ်အများကြီး မရနိုင်ပဲ နည်းနည်း‌လောက်သာ ရနိုင် မယ်လို့ ဆေးလ်ဗားက သုံးသပ်ပြောခဲ့တာပါ။

ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာမယ့်အသင်းဟာ အမှတ်နည်းနည်းသာ ရရှိနိုင်ဖွယ် ရှိနေတယ်လို့ မန်စီးတီး ကစားသမား ဘာနန်ဒိုဆေးလ်ဗားက သုံးသပ်ပြောလာပါတယ်။

မနှစ်က ဘောလုံးရာသီမှာ လီဗာပူးအသင်း ချန်ပီယံ ဖြစ်ခဲ့တုန်းက ရမှတ် ၉၉ မှတ်အထိ ရရှိခဲ့သလို မန်စီးတီး အသင်း နှစ်နှစ်ဆက် ချန်ပီယံ ဖြစ်တုန်းကလည်း ပထမနှစ်မှာ ရမှတ် ၁၀၀နဲ့ ဒုတိယနှစ်မှာ ၉၈ မှတ်ထိ ရမှတ် တွေ ပြတ်သားစွာ ရရှိပြီး ချန်ပီယံ ဖြစ်ခဲ့ကြတာပါ။

“ပြီးခဲ့တဲ့ နှစ်အနည်းငယ်တုန်းကတော့ ချန်ပီယံ အသင်းအနေနဲ့ ရမှတ် ၁၀၀ ထိ ရနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ ဒီနှစ်ကတော့ လုံးဝ မတူတော့ပါဘူး။အဓိက အကြောင်းရင်းတွေကတောာ့ ကစားသမားအများစု နားရက် ကောင်း ကောင်းမရကြဘူး၊ပြိုင်ဖက် အသင်းအားလုံးလိုလိုက ကစားသမားခေါ်ယူမှုကောင်းတွေ လုပ်လာနိုင်သလို ပြိုင်ပွဲ ကလည်း ပိုပြီး ညီမျှလာပါပြီ။”လို့ ဆေးလ်ဗားက သုံးသပ်ပြောပါတယ်။

လက်ရှိအချိန်မှာလည်း ပွဲစဥ် ၅ပွဲကစားပြီးချိန်မှာ လီဗာပူးရော မန်စီးတီးပါ ရသင့်ရထိုက်တဲ့ ရမှတ်ထဲက ၅မှတ်ထိ လျော့ကျပြီး ဖြစ်ပြီး ဒါဟာ ယခုနှစ်မှာ ပြိုင်ပွဲက ခက်ခဲသွားပြီလို့ ဆိုလိုခြင်း ဖြစ်ပါတယ်။

လက်တွေ့မှာလည်း အဲဗာတန်အသင်းက ရီးရဲ ကစားသမား ဂျိမ်းရိုဒရီဂွက်ဇ်၊နာပိုလီက အယ်လန်၊တို့ကို ခေါ်ယူ အား ဖြည့်ခဲ့သလို စပါး၊အာဆင်နယ်နှင့် ချဲလ်ဆီးတို့ကလည်း ကစားသမားအင်အား ဖြည့်တင်းမှုတွေ သေချာ ပြု လုပ်ထားကြပါတယ်။

“အသင်းအားလုံးဟာ တကယ်ကို တောင့်တင်းပြီး ရင်ဆိုင်ရ ခက်ခဲနေပါပြီ၊ဒါကလည်း ပြိုင်ပွဲကို ပိုပြီးတော့ ပြိုင် ဆိုင်မှု ပြင်းထန်စေပြီလို့ ဆိုရမှာပါ။ကျွန်တော်တို့အနေနဲ့လည်း ပြိုင်ပွဲတိုင်းကို အနိုင်ရဖို့ဆိုရင် အခု ကြိုးစားနေ တာထက် ပိုပြီး မလျော့ပဲ ကြိုးစားဖို့ လိုနေပါပြီ။”လို့ ဆေးလ်ဗားက ဆက်လက်ပြောပါတယ်။

လက်ရှိမှာလည်း ပရီးမီးယားလိဂ်ကို အဲဗာတန်အသင်းက ဦးဆောင်နေပြီး အက်စတန်ဗီလာအသင်းက တစ်ပွဲလျော့ ကစားပြီး ရမှတ် ၁၂မှတ်နဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။

ယခုတစ်ပတ်မှာတော့ ဥရောပပွဲစဥ်တွေလည်း ကစားဖို့ ရှိလို့ ကစားသမားတွေ ပိုမိုပင်ပန်းဖို့ ရှိနေပြီး အရံစာရင်းနဲ့ လူအင်အားသာတဲ့ အသင်းတွေကတော့ ကျန်အသင်းတွေထက် ခေါင်းတစ်လုံးပိုမြင့်နိုင်မယ်လို့ ယူဆရပါတယ်။


Author


က္က