ဒူးဒဏ်ရာခွဲစိတ်ရမှာဖြစ်ပြီး အနည်းဆုံး ၅ လ အနားယူရမှာပါ။

ဗန်ဒိုက်ဟာ ကစားသမားတိုင်းကြောက်ရွံ့ရတဲ့ အရွတ်စုတ်ပြဲဒဏ်ရာကို ပြန်လည်ရရှိခဲ့ပြီး အဆင့် ၂ နဲ့ အဆင့် ၃ အထိ ပြင်းထန်တဲ့ ဒဏ်ရာမျိုးဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။


ဒူးအရွတ်စုတ်ပြဲဒဏ်ရာကြောင့် ခွဲစိတ်ကုသမှုခံယူရပြီး ကာလရှည်အနားယူရဖွယ်ရှိနေတဲ့ နောက်ခံလူဗန်ဒိုက်ကို ဇနီးမယားကောင်းတစ်ဦးလို ပံ့ပိုးပေးသွားမယ်လို့ လီဗာပူးလ်နညး်ပြကလော့ပ်က ပြောဆိုလိုက်ပါတယ်။ ဗန်ဒိုက်ဟာ အဲဗာတန်နဲ့ပွဲမှာ ပြိုင်ဘက်ဂိုးသမားပစ်ဖို့ဒ်ရဲ့ ကြမ်းတမ်းစွာဝင်ရောက်ခဲ့မှုကြောင့် ဆိုးရွားတဲ့ဒဏ်ရာကို ရရှိခဲ့တာဖြစ်ပါတယ်။



ဆေးစစ်ချက်တွေအရ ဗန်ဒိုက်ဟာ ကစားသမားတိုင်းကြောက်ရွံ့ရတဲ့ အရွတ်စုတ်ပြဲဒဏ်ရာကို ပြန်လည်ရရှိခဲ့ပြီး အဆင့် ၂ နဲ့ အဆင့် ၃ အထိ ပြင်းထန်တဲ့ ဒဏ်ရာမျိုးဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။ အဆိုပါဒဏ်ရာရရှိခဲ့ပါက ကံဆိုးရင် ကစားသမားဘဝအနားယူရတဲ့အထိ ဖြစ်ရနိုင်ပြီး ပြန်လည်ကစားနိုင်ပါကလည်း နောက်တစ်ကြိမ် အဆိုပါဒဏ်ရာမျိုးရဖို့ လွယ်ကူတယ်လို့လည်း ဆိုပါတယ်။

ကလော့ပ်ကတော့ လာမယ့်လတွေအတွင်းမှာ ပြန်လည်ကောင်းမွန်လာစေဖို့ အားထုတ်ရမယ့် ဗန်ဒိုက်ကို အသင်းဝန်ထမ်းတွေက ကူညီပေးဖို့လိုအပ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် သူတို့အားလုံးကလည်း အကောင်းဆုံးပံ့ပိုးမှုတွေပြုလုပ်ပေးသွားမယ်လို့ ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ 

"ကစားသမားတိုင်းက အတူတူပါပဲ၊ ဒီအပေါ်မှာ ပထမဆုံးအကြိမ်ဖြေရှင်းနိုင်ဖို့က အရေးကြီးပါတယ်၊ ကျွန်တော်ကိုယ်တိုင်လည်း ဒီလိုဒဏ်ရာမျိုးရရှိဖူးလို့ ဘယ်လိုဖြစ်နေမလဲဆိုတာကို ကောင်းကောင်းသိပါတယ်၊ ကျွန်တော်တို့ အဆက်အသွယ်ရှိနေပါတယ်၊ သူ့အတွက် ကျွန်တော်တို့ ဒီမှာရှိနေပါတယ်၊ သူလည်း ဒါကိုသိပါတယ်"

"အကျဉ်းကျနေတဲ့ ခင်ပွန်းတစ်ဦးကို စောင့်ဆိုင်းနေတဲ့ ဇနီးမယားကောင်းတစ်ဦးလိုမျိုး သူ့ကို ကျွန်တော်တို့ စောင့်ဆိုင်းနေမှာပါ၊ ကျွန်တော်တို့ အတတ်နိုင်ဆုံး သူလွယ်လွယ်ကူကူဖြစ်နို််င်စေဖို့အတွက် ကူညီပေးသွားမှာပါ" လို့ မနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကလော့ပ်က ပြောဆိုခဲ့ပါတယ်။ လီဗာပူးလ်ဟာ အေဂျက်ဇ်နဲ့ ချန်ပီယံလိဂ်ပွဲကို ကစားရမှာဖြစ်ပြီး ဗန်ဒိုက်ကတော့ အနည်းဆုံးငါးလကနေ အများဆုံးရာသီကုန်ခါနီးထိ အနားယူရဖို့ရှိနေပါတယ်။ 

Share

Loading Next Article...
က္က