ဆွန်ရဲ့ပုံရိပ်နဲ့ အရှေ့တောင်အာရှစျေးကွက်ကို ချဲ့ထွင်ဖို့ပါ ကြံစည်နေပါတယ်။

အသက် ၂၈ နှစ်အရွယ် တောင်ကိုရီးယားသားဟာ မော်ရင်ဟိုရဲ့ အဓိကကစားသမားဖြစ်ပြီး မော်ရင်ဟိုလက်အောက်မှာ ဆွန်ဟောင်မင်က ၁၈ ဂိုးအထိ သွင်းယူပေးထားပြီးဖြစ်ပါတယ်။ 


စပါးအသင်းဟာ အသင်းရဲ့ လက်ရှိလူစာရင်းကို အကောင်းဆုံးထိန်းသိမ်းထားနိုင်ဖို့အတွက် ရည်ရွယ်နေပြီး ခြေစွမ်းပြနေတဲ့ ဆွန်ဟောင်မင်ကို စာချုပ်သစ်ချုပ်ဆိုဖို့ ကြိုးစားနေပြီလို့ သိရပါတယ်။ ဒီရာသီမှာ ကစားသမားသစ် ၇ ဦးအထိ ခေါ်ယူကာ အသင်းကို ပြင်ဆင်ထားခဲ့ပြီးနောက် အဓိကကစားသမားတွေဘက်ကို စပါးက အာရုံစိုက်လာခဲ့တာလည်းဖြ်စပါတယ်။ 



နည်းပြမော်ရင်ဟိုနဲ့ စပါးအသင်းတို့ဟာ လက်ရှိအစုအဖွဲ့နဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြကာ ဆွန်ကို သက်တမ်းတိုးနိုင်ဖို့က အဓိကပစ်မှတ်ဖြစ်လာခဲ့ပြီလို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ် တောင်ကိုရီးယားသားဟာ မော်ရင်ဟိုရဲ့ အဓိကကစားသမားဖြစ်ပြီး မော်ရင်ဟိုလက်အောက်မှာ ဆွန်ဟောင်မင်က ၁၈ ဂိုးအထိ သွင်းယူပေးထားပြီးဖြစ်ပါတယ်။ 


ဒီရာသီမှာ ဆွန်က စပါးအတွက် ပြိုင်ပွဲစုံ ၇ ပွဲကစားပေးထားပြီး ၈ ဂိုးသွင်းယူပေးထားသူဖြစ်ပါတယ်။ ဆွန်ဟောင်မင်ရဲ့ ပုံရိပ်ကို အသုံးချပြီး စပါးက အရှေ့တောင်အာရှမှာ သူတို့ရဲ့ စျေးကွက်ကို ချဲ့ထွင်ဖို့ စီစဉ်နေတာကြောင့်လည်း တောင်ကိုရီးယားသား အသင်းမှာ ဆက်ရှိနေဖို့က သူတို့အတွက် အရေးပါလာခဲ့ကာ လက်ရှိပေးချေနေတဲ့ တစ်ပတ်လုပ်ခပေါင်တစ်သိန်းခွဲထက် တိုးမြှင့်ပေးချေသွားဖို့ စီစဉ်လာခဲ့တာဖြစ်ပါတယ်။ 

စပါးနဲ့ ဆွန်ဟောင်မင်တို့ရဲ့ လက်ရှိစာချုပ်ဟာ ၂နှစ်ကျန်ရှိနေသေးပေမယ့် စပါးဥက္ကဌလီဗိုင်းက ဆွန်ရဲ့စာချုပ်ကို နောက်ဆုံးနှစ်အပိုင်းအခြားထဲကို မရောက်စေချင်ဘူးလို့သိရကာ ညှိနှိုင်းရခက်ခဲပြီး အခန့်မသင့်ပါက အလွတ်ထွက်ခွာခွင့်ပေးရမယ့် အခြေအနေကို ရှောင်လွှဲချင်နေတယ်လို့လည်း ဆိုပါတယ်။ 

အဲရစ်ဆန်ရဲ့ ကိစ္စမှာ စပါးအသင်းက အဆိုပါအတိုင်း ခံစားခဲ့ရပြီး နည်းပါးတဲ့စျေးနှုန်းနဲ့ အင်တာမီလန်ကို ပြောင်းရွှေ့ခွင့်ပေးခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် ဆွန်ကို စာချုပ်သစ်ချုပ်ဆိုဖို့က စပါးအတွက် ကြီးမားတဲ့ကိစ္စရပ်ဖြစ်လာခဲ့ပြီး လက်ရှိရရှိနေတဲ့ လုပ်ခလစာထက် ပိုမိုများပြားတဲ့ ခံစားခွင့်ကို ပေးချေသွားဖို့အထိပါ စပါးဘက်က ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က