လေ့ကျင့်ရေးကွင်းမှာ အော်ဟစ်ဆူပူသွားခဲ့တာပါ။
Pyae Phyo Thein

ပီအက်စ်ဂျီနဲ့ ကစားရမယ့်ပွဲအတွက် ယူနိုက်တက်က ပြင်ဆင်နေတာဖြစ်ပြီး ဖာနန်ဒက်စ်ရဲ့ ကြိမ်းမောင်းခဲ့မှုကို ပရိသတ်တွေကတော့ သဘောကျနေခဲ့ပါတယ်။


ယူနိုက်တက်ကွင်းလယ်လူဖာနန်ဒက်စ်ကတော့ အသင်းရဲ့ကစားသမားသစ် နောက်ခံလူအဲလက်စ်တဲလက်စ်ကို ရောက်ရောက်ချင်းပဲ ပညာပေးသွားခဲ့ပါပြီ။ ပေါ်တိုကနေ ရောက်ရှိလာခဲ့တဲ့ တဲလက်စ်ဟာ အသင်းနဲ့အတူ လေ့ကျင့်မှုတွေပြုလုပ်နေပြီဖြစ်ပြီး လေ့ကျင့်ကွင်းမှာ ဘောလုံးပေးပို့ဖို့ နောက်ကျနေခဲ့တာကြောင့် ဖာနန်ဒက်စ်က အော်ဟစ်ကာ ကြိမ်းမောင်းခဲ့တယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။ 

ပီအက်စ်ဂျီနဲ့ ကစားရမယ့်ပွဲအတွက် ယူနိုက်တက်က ပြင်ဆင်နေတာဖြစ်ပြီး ဖာနန်ဒက်စ်ရဲ့ ကြိမ်းမောင်းခဲ့မှုကို ပရိသတ်တွေကတော့ သဘောကျနေခဲ့ပါတယ်။ အသင်းခေါင်းဆောင်တစ်ဦးဆီမှာ ရှိသင့်ရှိထိုက်တဲ့ ပုံစံမျိုးလို့ သုံးသပ်နေကြပြီး ဒီအချက်က အသင်းသားတွေကြား တိုးတက်မှုတွေကို ဖြစ်လာစေမယ်လို့လည်း ယုံကြည်နေကြပါတယ်။ 



ပေါ်တူဂီလိဂ်မှာ ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ခဲ့ဖူးသူ နှစ်ဦးဟာ ယူနိုက်တက်မှာတော့ အသင်းဖော်တွေဖြစ်နေခဲ့ပြီဖြစ်ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ အသင်းဖော်တွေကို မညှာမတာဝေဖန်တတ်သူလို့ လူသိများပြီး စပါးကို အရေးနိမ့်ခဲ့တဲ့ပွဲမှလည်း နည်းပြဆိုးလ်ရှားကိုပါ မေးခွန်းထုတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပြီး ဒီသတင်းတွေမဟုတ်ဘူးလို့တော့ သူက ငြင်းဆန်ခဲ့ပါတယ်။

ဒီလေ့ကျင့်ရေးကွင်းက ဗီဒီယိုဖိုင်ထွက်ပေါ်လာပြီးနောက် အသင်းပရိသတ်တစ်ဦးက "ဘရူနိုဖာနန်ဒက်စ်မှာ အသင်းခေါင်းဆောင်အရည်အသွေးက ရာနှုန်းပြည့်ရှိနေတယ်၊ ဒါက ငါတို့လိုအပ်နေတဲ့အဆင့်တစ်ခုပဲ" လို့ ရေးသားပြောဆိုခဲ့ပါတယ်။ အခြားတစ်ယောက်ကလည်း "အသင်းခေါင်းဆောင်လက်ပတ်ရှိရှိ၊ မရှိရှိ သူ့ရဲ့လွှမ်းမိုးမှုကို မြင်နိုင်တယ်" လို့ ဆိုခဲ့ပါတယ်။ 

ဖာနန်ဒက်စ်ကတော့ ပီအက်စ်ဂျီနဲ့ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခံရမယ်လို့ နည်းပြဆိုးလ်ရှားက အတည်ပြုထားခဲ့ပြီးဖြစ်ပါတယ်။ 


Author


က္က