ချဲလ်ဆီးကတော့ တိုက်စစ်က ဂိုးသွင်းနိုင်သလောက် နောက်တန်းကလည်းဂိုးတွေ ဆက်တိုက် ပေးရတာပါ။

ချဲလ်ဆီးအသင်းအနေနဲ့ ပရီးမီးယားလိဂ် ၅ပွဲကစားပြီးချိန် ၉ဂိုးအထိ ခွင့်ပြုထားရကာ နိုင်ပွဲကလည်း ၂ပွဲသာ ရထား လို့ အဆင့် ၈ နေရာမှာ ရပ်တည်နေပါတယ်။

မိမိတို့ ချဲလ်ဆီးအသင်းရဲ့ နောက်တန်းက အင်မတန် ညံ့လွန်းနေတာကြောင့် မိမိတို့ အနေနဲ့ အနိုင်ရချင်ပါက တစ်ပွဲ ချင်းစီတိုင်းမှာ ရနိုင်သလောက် ဂိုးများများသွင်းဖို့ လိုနေတယ်လို့ အသင်းခေါင်းဆောင် အက်ပလီကျူတာက ထောက်ပြ ပြောဆိုလာပါတယ်။



ယခုနှစ် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာလည်း ချဲလ်ဆီးအသင်းအနေနဲ့ ၅ပွဲကစားပြီးချိန်မှာ နောက်တန်းက ၉ ဂိုးအထိ ခွင့်ပြုထားရပါတယ်။

နောက်ဆုံး ကစားခဲ့တဲ့ ‌‌ဆောက်သမ်တန်နဲ့ပွဲမှာလည်း ၂-၀နဲ့ ဦးဆောင်ပြီးမှ ၃-၂ဖြစ်ကာ ပွဲပြီးဆုံးချိန်မှာတော့ ၃-၃ဆိုတဲ့ သရေရလဒ်အထိ ဆိုးရွားစွာ ထွက်ပေါ်လောက်အောင် နောက်တန်းက ညံ့လွန်းနေခဲ့ပါတယ်။

ပြီးခဲ့တဲ့ လတုန်းကလည်း ဝက်စ်ဘရွန်းအသင်းကို ၃-၀အထိ အရေးနိမ့်နေပြီးမှ ပွဲပြီးဆုံးချိန်မှာ နောက်ကလိုက်ပြီး သရေကျအောင်ကစားခဲ့ရပါသေးတယ်။

“နောက်တန်းက အားနည်းနေတဲ့ အချိန်မျိုးမှာဆိုရင် ကျွန်တော်တို့အနေနဲ့ ဂိုးပိုသွင်းနိုင်အောင် ကြိုးစားရပါမယ်။ ကျွန်တော် ဘောလုံးရဲ့ သဘောသဘာဝကို ကြည့်လိုက်တဲ့အခါမှာ ကျွန်တော်တို့ အသင်းတိုက်စစ်က ဂိုးမသွင်း ဘူးဆိုရင် နောက်တန်းလူတွေအနေနဲ့ တိုက်စစ်မှူးတွေကို ဘယ်လို အကောင်းဆုံး ဆော်သြပေးရမလဲဆိုတာ သိဖို့ လိုပါတယ်။ပွဲတိုင်းတော့ ၃-၀။၄-၀ နဲ့ နိုင်ဖို့ မဖြစ်နိုင်ပါဘူး။ဒါကြောင့် ရလဒ်ကောင်းဖို့ အရေးကြီးပါတယ်။”လို့ အက်ပလီကျူတာက ဆိုပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ယခုတစ်ပတ်အတွင်းမှာ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲအဖြစ် ဆီဗီလာအသင်းနဲ့ ကစားရဖို့ ရှိနေပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာတော့ အသုံးစရိတ် ပေါင် သန်း ၂၀၀ကျော် သုံးစွဲပြီး အသင်းကို လူအင်အားဖြည့်တင်း ထားပေမယ့်လည်း အသင်းရဲ့ ကစားပုံက အကောင်းဆုံး ပုံစံမှာ ရှိမနေသေးပါဘူး။

အသစ်ခေါ်ယူထားတဲ့ ဂိုးသမားမန်ဒီ ပေါင်ခြံဒဏ်ရာကနေ မသက်သာသေးတာကလွဲရင် ဆီဗီလာနဲ့ပွဲအတွက် ဒဏ်ရာရ ကစားသမားသစ်မရှိဘူးလို့လည်း သိရပါသေးတယ်။

ဒါပေမယ့်လည်း မနှစ်က ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ အနီကဒ် ပြသခံခဲ့ရတဲ့ ဘယ်နောက်ခံလူ မားကို့စ်အလွန်ဆိုက တော့ ပွဲပယ်ပြစ်ဒဏ် မပြီးသေးလို့ ဆီဗီလာနဲ့ပွဲကို လွဲချော်မယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က