အသင်းဖော်အတွက် အကောင်းဆုံးကြိုးစားပေးခဲ့တာလို့လည်း ရေးသားခဲ့ပါတယ်။

ဒစ်ဂ်နီက သူ့ရဲ့ အင်စတာဂရမ်မှာ မိုက်ကယ်အိုလီဗာရဲ့ အိတ်ထဲက အနီကတ်ကို ယူဖို့ ကြိုးစားနေတဲ့ ဓာတ်ပုံနဲ့အတူ ရစ်ချာလီဆန် အနီကတ်မထိဖို့ သူ အကောင်းဆုံးကြိုးစားခဲ့တယ်ဆိုတဲ့ စာသားကိုရေးကာ ဟာသဆန်ဆန် ဖော်ပြခဲ့လို့ လီဗာပူးလ်ပရိသတ်တွေ ဒေါသအိုးပေါက်ကွဲခဲ့ရပါတယ်။ 


အဲဗာတန်နောက်ခံလူ လူးကပ်စ်ဒစ်ဂ်နီဟာ လီဗာပူးလ်နဲ့ ကစားခဲ့တဲ့ မာဆေးဆိုက်ဒါဘီပွဲမှာ ကွင်းလယ်ဒိုင်ဆီက အနီကတ်ကို ခိုးယူဖို့အတွက် ကြိုးစားသွားခဲ့ပါတယ်။ သီယာဂိုကို ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တဲ့ ရစ်ချာလီဆန်ကို ကွင်းလယ်ဒိုင်မိုက်ကယ်အိုလီဗာက အနီကတ်ပြသမယ်ဆိုတာကို သိခဲ့ပြီးနောက် ဒစ်ဂ်န်ီက အထက်ပါအတိုင်း ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။



မာဆေးဆိုက်ဒါဘီပွဲကတော့ အငြင်းပွားဖွယ်ရာဖြစ်ရပ်တွေ အများကြီးဖြစ်ခဲ့ပါတယ်။ ဗန်ဒိုက်ကို အဲဗာတန်ဂိုးသမားပစ်ဖို့ဒ်ရဲ့ ကြမ်းတမ်းစွာဝင်ရောက်ခဲ့မှုကို အရေးမယူခဲ့တာ၊ ရစ်ချာလီဆန်ရဲ့ သီယာဂိုကို ကြမ်းတမ်းတဲ့ကစားပုံ၊ ဟန်ဒါဆန်ရဲ့ နောက်ဆုံးမိနစ်သွင်းဂိုးကို VAR ပြန်ကြည့်ပြီး အငြင်းပွားဖွယ်ရာပယ်ဖျက်ခဲ့မှုတွေနဲ့ ပွဲဆူနေခဲ့ပြီးနောက် ဒစ်ဂ်နီရဲ့ ဟာသဆန်တဲ့အပြုအမူကလည်း ပါဝင်လာခဲ့ပါတယ်။ 

အဆိုပါပွဲအပြီး တစ်ရက်အကြာမှာတော့ ဒစ်ဂ်နီက သူ့ရဲ့ အင်စတာဂရမ်မှာ မိုက်ကယ်အိုလီဗာရဲ့ အိတ်ထဲက အနီကတ်ကို ယူဖို့ ကြိုးစားနေတဲ့ ဓာတ်ပုံနဲ့အတူ ရစ်ချာလီဆန် အနီကတ်မထိဖို့ သူ အကောင်းဆုံးကြိုးစားခဲ့တယ်ဆိုတဲ့ စာသားကိုရေးကာ ဟာသဆန်ဆန် ဖော်ပြခဲ့လို့ လီဗာပူးလ်ပရိသတ်တွေ ဒေါသအိုးပေါက်ကွဲခဲ့ရပါတယ်။ 

ရှုပ်ယှက်ခတ်နေတဲ့အချိန်မှာ မိုက်ကယ်အိုလီဗာနား အဲဗာတန်ကစားသမားတွေ ဝန်းရံနေခဲ့ကြပြီး ဒစ်ဂ်နီက အနီကတ်ကို ယူဖို့ ကြိုးစားနေပုံက တော်တော်လေးကို ရယ်ချင်စရာကောင်းနေခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးလ်ပရိသတ်တွေကတော့ သူတို့ရဲ့ ကစားသမားကို ထိတ်လန့်စရာဖျက်ထုတ်မှုပြုလုပ်ခဲ့မှုမှာ အခုလိုဟာသလုပ်ခဲ့လို့ ဒေါသထွက်နေခဲ့ကြပါတယ်။ 

ရစ်ချာလီဆန်ကတော့ သူ့ရဲ့ဖျက်ထုတ်မှုအတွက် ပွဲအပြီးမှာ သီယာဂိုကို တောင်းပန်စကားဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့တောင်းပန်မှုဟာ သာမာန်ပြောဆိုရေးသားမှုမျိုးဖြစ်နေသလို ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တဲ့ ဓာတ်ပုံကို အသုံးပြုခဲ့လို့ လီဗာပူးလ်ပရိသတ်တွေက ၀ိုင်းဝန်းဝေဖန်ခဲ့ကြာမှာ အဆိုပါတောင်းပန်မှုကို ရစ်ချာလီဆန်က ပြန်လည်ပြီး ဖျက်သွားခဲ့တယ်လို့လည်း သိရပါတယ်။ 

Share

Loading Next Article...
က္က