အသက် ၃၈နှစ်ရှိပြီ ဖြစ်ပြီး ၂၀၁၈-၁၉ ဘောလုံးရာသီအကုန်က အနားယူခဲ့သူပါ။
Kyaw Ko Ko Sint

ပီတာချက်ဟာ ချဲလ်ဆီးအသင်းမှာ ၁၁နှစ်ကြာ ကစားခဲ့စဥ် ပရီးမီးယားလိဂ် ၄ကြိမ်၊ချန်ပီယံလိဂ် ၁ကြိမ် အပါအဝင် ဆုဖလားပေါင်း ၁၃ဆုကို ပိုင်ဆိုင်ခဲ့သူ ဖြစ်ပါတယ်။

၂၀၁၈-၁၉ ဘောလုံးရာသီအကုန်မှာ ကစားသမားဘဝက အနားယူသွားခဲ့ပြီ ဖြစ်တဲ့ ဂိုးသမား ပီတာချက်ကို ချဲလ်ဆီး အသင်းက ယခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲ ၂၅ယောက် စာရင်းမှာ ထည့်သွင်းလာတယ် လို့ သိရပါတယ်။

အသက် ၃၈နှစ်အရွယ် ပီတာချက်ဟာ လက်ရှိအချိန်မှာ ချဲလ်ဆီးအသင်းမှာပင် နည်းစနစ် အကြံပေးအရာရှိ အဖြစ် တာဝန်ထမ်းဆောင်နေသူလည်း ဖြစ်ပါတယ်။

ကစားသမားဘဝတုန်းကလည်း ချဲလ်ဆီးအသင်းမှာ ၁၁နှစ်ကြာ ကျင်လည်ခဲ့ပြီး ဆုဖလားပေါင်း ၁၃ဆု ဆွတ်ခူး နိုင် ခဲ့ပါတယ်။

ချဲလ်ဆီးအတွက် နောက်ဆုံး ကစားပေးခဲ့တဲ့ပွဲကတော့ ၂၀၁၅ မေလတုန်းက ဆန်းဒါးလန်းနဲ့ပွဲဖြစ်ပြီး အဲ့နောက် လန်ဒန် မြို့ခံပြိုင်ဖက် အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။

အာဆင်နယ်အသင်းမှာ ရှိစဥ် ကစားသမားဘဝက အနားယူပြီးနောက် ချဲလ်ဆီးအသင်းထံ ပြန်လာပြီး နေရာသစ် တစ်ခုမှာ တာဝန်ထမ်းဆောင်ကာ ဂိုးနည်းပြအပိုင်းမှာလည်း ကူညီမှုတွေ ပေးနေသူပါ။

ပီတာချက်ကို အခုလိုလူစာရင်းထည့်သွင်းရတာကတော့ ချဲလ်ဆီးအသင်းမှာ အဓိက ဂိုးသမား ကီပါ လက်စွမ်း မတည် ငြိမ်မှုကြောင့် ဂိုးသမားသစ် မန်ဒီကို ခေါ်ယူထားရပါတယ်။

မန်ဒီကလည်း ဒဏ်ရာမကြာခဏ ရတတ်လို့ ကီပါကိုလည်း ‌ရောင်းထုတ်ဖို့ ကြိုးစားနေချိန် ကစားသမားသစ် ထပ် မခေါ်ချင်တာကြောင့် ပီတာချက်ထက်ပိုပြီး သင့်တော်မယ့်သူ မရှိဘူးလို့လည်း ကလပ်အသင်းတာဝန်ရှိသူ တစ်ဦးက ထုတ်ဖော်ပြောပါတယ်။

ဒါကြောင့် လက်ရှိမှာတော့ ချဲလ်ဆီးအသင်းမှာ ဂိုးသမား ၄ဦးအထိရှိလာခဲ့ပြီ ဖြစ်ပြီး ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ဂိုးသမား ကီပါ၊အသစ်ခေါ်ယူထားတဲ့ ဂိုးသမား မန်ဒီ၊အသက် ၃၉နှစ်အရွယ် ကာဘယ်လီရိုတို့အပြင် ဂိုးသမား ပီတာချက်ပါရှိနေပါပြီ။


ဆက်စပ်အကြောင်းအရာများ


Author


က္က