ပရီးမီးယားလိဂ်နဲ့ယူရိုပါလိဂ် လူစာရင်းတွေကနေ ချန်လှပ်ခဲ့တာပါ။

အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်နဲ့ယူရိုပါလိဂ် လူစာရင်း နှစ်ခုစလုံးမှ အိုလ်ဇေးကို ချန်လှပ်ခဲ့တာကြောင့် အိုလ်ဇေးအနေနဲ့ ကြံ့ခိုင်မှုအတွက် အသင်းမှာ လေ့ကျင့်ခန်းကိုလည်း ယူ၂၃အသင်းနဲ့သာ ပူးပေါင်းရဖို့ ရှိနေပါ တယ်။

အင်္ဂါနေ့က ထုတ်ပြန်ခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ် ၂၅ယောက် အပြီးသတ် လူစာရင်းမှာ အိုလ်ဇေး ပါဝင်လာခြင်း မရှိပါဘူး။



မတ်လကတည်းက အိုလ်ဇေးဟာ အသင်းအတွက် မကစားပေးထားနိုင်သလို ဇွန်လကစတင်ပြီးတော့လည်း လူစာ ရင်းမှာပင် မပါလာတော့ပါဘူး။

လက်ရှိမှာတော့ တစ်ပတ်လုပ်ခ ပေါင် ၃သိန်းခွဲရရှိနေပြီး အာဆင်နယ်ရဲ့ လုပ်ခမြင့် ကစားသမားတစ်ဦးအနေနဲ့ လက်ကျန် စာချုပ်သက်တမ်းမှာ လစာထိုင်ယူပြီး စာချုပ်ပြည့်မယ့်ရက်ကို ရေတွက်နေဖို့ပဲ ကျန်ပါတော့တယ်။

ဒါ့အပြင် ယူရိုပါလိဂ် ကစားမယ့် လူစာရင်းမှာလည်း အိုလ်ဇေးနဲ့ ဆိုကရာတစ်တို့ နှစ်ဦးဟာ ချန်လှပ်ခံခဲ့ရလို့ အိုလ် ဇေးအနေနဲ့ အာဆင်နယ်အသင်းမှာ ကြံ့ခိုင်မှုအတွက်သာ လေ့ကျင့်ခန်း ဆင်းရင်း ကုန်ဆုံးဖို့ ကျန်ပါတော့တယ်။

ဒါကြောင့် ဇန်နဝါရီလမတိုင်ခင်အထိ သူတို့နှစ်ဦးဟာ ယူ ၂၃အသင်းနှင့်သာ ပူးပေါင်း ရဖို့ ရှိနေပြီး အခုလိုမျိုး အိုလ် ဇေးအနေနဲ့အသင်းမှာ ချန်လှပ်ခံခဲ့ရတာကတော့ ကိုဗစ်ကြောင့် လစာလျော့ယူဖို့ တောင်းဆိုမှုကို ငြင်းဆန်ခဲ့ချိန်က စတင်ပြီးလည်း ဖြစ်ပါတယ်။

လာမယ့် နွေရာသီကျရင်လည်း အိုလ်ဇေးနဲ့အသင်းကြား ရှိနေတဲ့စာချုပ်ကို နှစ်ဖက် သဘောတူ ဖျက်သိမ်းဖို့ အသင်းဖက်က ဆန္ဒရှိနေပြီးလည်း ဖြစ်ပါတယ်။

 ဒီလိုအချိန်မှာ အိုလ်ဇေးထံ မြင့်မားတဲ့ အကျိုးခံစားခွင့်နဲ့ ကမ်းလှမ်းမှုတစ်ရပ် အရှေ့အလယ်ပိုင်းက ရောက်လာပါ တယ်။ဒါပေမယ့် အိုလ်ဇေးက ငြင်းပယ်ခဲ့ပြီး အာဆင်နယ်အသင်းနဲ့ ကျန်ရှိနေသေးတဲ့ စာချုပ် သက်တမ်းအရ ရရှိ နိုင်မယ့် ပေါင် ၁၂သန်းကိုသာရရှိရေး စောင့်ဆိုင်းလျက်ရှိနေပါတယ်။

အိုလ်ဇေးနည်းတူ အခြားအသင်းမှ  ကစားသမားတွေ ဖြစ်ကြတဲ့ စပါးအသင်းက ဒန်နီရို့စ်၊ယူနိုက်တက် နောက်ခံ လူ ဖီးလ်ဂျုံးစ်၊ဂိုးသမား ရိုမီယို၊တို့ဟာလည်း ကလပ်အသင်းကိုယ်စီရဲ့ ပြိုင်ပွဲအသီးသီးအတွက် ချန်လှပ်ခြင်း ခံထား ခဲ့ရသူတွေပါ။

Share

Loading Next Article...
က္က