အိုလ်ဇေးကို အာဆင်နယ်အသင်းက ၂၀၁၃ခုနှစ်မှာ ရီးရဲအသင်းကနေ ဝယ်ခဲ့တာပါ။

၂၀၁၈ မှာ စာချုပ်သက်တမ်း တိုးခဲ့တာ အသင်းကို ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ ဖြစ်ပြီး ဒီနေ့မှာ ရလိုက်တဲ့ တုံ့ပြန် မှုကြောင့် သစ္စာတရားဟာ ယနေ့ခေတ်မှာ အသုံးမဝင်တော့ဘူးလို့ အိုလ်ဇေး နားလည် သဘောပေါက်သွား ခဲ့တာပါ။

အာဆင်နယ်အသင်းဟာ ၂၀၂၀-၂၁ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲနှင့် ယူရိုပါလိဂ် ပြိုင်ပွဲ ကစားမယ့် အသင်းရဲ့ အပြီးသတ် လူစာရင်းမှာ အိုလ်ဇေးကို ချန်လှပ်ခဲ့ပါတယ်။



အိုလ်ဇေးက အသင်းရဲ့ လုပ်ခအမြင့်ဆုံး ကစားသမားအဖြစ် တစ်ပတ်လုပ်ခ ပေါင် ၃သိန်းခွဲ ပေးချေနေရသလို ခြေစွမ်းမြင့် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

အခုလို ချန်လှပ်ခံခဲ့ရတဲ့တာနဲ့ ပတ်သက်ပြီး မိမိးအနေနဲ့ အင်မတန်မှ စိတ်ပျက်မိကြောင်းလည်း အိုလ်ဇေး က လူမှု စာမျက်နှာထက်မှာ ရေးသားဖော်ပြလာပါတယ်။

“ပရီးမီးယားလိဂ် လူစာရင်းမှာ ကျွန်တော် မပါတာနဲ့ ပတ်သက်ပြီး အင်မတန်မှ စိတ်ပျက်မိပါတယ်။၂၀၁၈ ခုနှစ်မှာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့ပါတယ်။ဒါဟာ အသင်းကိုချစ်လို့ပါ။အခုချိန်မှာ တန်ပြန်သက်ရောက်မှု မရှိတော့ ဘူးဆိုတာ အင်မတန်မှ ဝမ်းနည်းဖို့ ကောင်းပါတယ်။ဒါကြောင့် ယနေ့ခေတ်မှာ သစ္စာတရားဟာ အရာမထင်တော့ ပါဘူး။”လို့ အိုလ်ဇေးက သူ့ရဲ့ လူမှု စာမျက်နှာထက်မှာ ရေးသားဖော်ပြခဲ့တာပါ။

အာဆင်နယ်အသင်းရဲ့ လုပ်ရပ်ဟာ သစ္စာတရားကို ဖျက်ဆီးရာကျပြီး အနာဂတ် လူငယ်တွေအနေနဲ့လည်း သစ္စာ တရားကို အလေးထားစရာ မလိုတော့ဘူးဆိုတာ ယခု အဖြစ်အပျက်က သက်သေပြနေတဲ့အကြောင်း အဓိပ္ပာယ် ရစေတဲ့ အသုံးအနှုန်းမျိုး အိုလ်ဇေးက သုံးနှုန်းပြောဆိုခဲ့တာပါ။

“မကြာခင်မှာ အသင်းရဲ့ လူစာရင်းပြန်ပါလာမလားဆိုတဲ့ အကောင်းမြင်စိတ်နဲ့ ကျွန်တော် အမြဲတမ်း ကြိုးစား နေခဲ့ပါတယ်။ဒါကြောင့်ပဲ ဘာအကြောင်းအရာမှ မပြောပဲ တိတ်ဆိတ်စွာ လေ့ကျင့်ခဲ့ပါတယ်။”လို့ အိုလ်ဇေးက ဆက်လက်ပြောထားပါတယ်။

လက်ရှိမှာတော့ အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကလည်း လာမယ့် နွေရာသီဆိုရင် ပြည့်မှာ ဖြစ်လို့ အိုလ်ဇေး အနေနဲ့ အာဆင်နယ်အသင်းနဲ့ မပါဝင်နိုင်တော့တဲ့ အခြေအနေမှာ ကြံ့ခိုင်မှုအတွက်လေ့ကျင့်နေရုံက လွဲပြီး အခြား လုပ်စရာ မရှိတော့ပါဘူး။

အာဆင်နယ်အသင်းရဲ့ လုပ်ရပ်ကတော့ ဓားကောင်းတစ်လက်ကို အသုံးမပြုပဲ တမင် တုံးသွားအောင် ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်ခဲ့တာလို့ ယူဆနိုင်ပြီး အိုလ်ဇေးအနေနဲ့ ပတ္တမြားမှန် နွံမနစ်ဘူးဆိုတဲ့ ဆိုရိုးစကား အတိုင်း စွမ်းဆောင်ပြနိုင်မလားဆိုတာကလည်း လာမယ့်နှစ်မှာ စိတ်လှုပ်ရှားဖွယ် စောင့်ကြည့်သွားရတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က