အိုလ်ဇေးကတော့ စာချုပ်ကုန်ဆုံးတဲ့အထိ ယူ-၂၃အသင်းနဲ့သာ ပူးပေါင်းရတော့မှာပါ။

အာတီတာကတော့ အိုလ်ဇေးကို မရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့ရတာ သူ့အတွက် ရှုံးနိမ့်မှု တစ်ခုပဲလို့ ယူရိုပါလိဂ် ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

အာဆင်နယ်အသင်းဟာ ၂၀၂၀-၂၁ဘောလုံးရာသီ ပရီးမီးယားလိဂ်နှင့်ယူရိုပါလိဂ် ကစားမယ့် အသင်း လူစာရင်းမှာ အိုလ်ဇေးကို ထည့်သွင်းခဲ့ခြင်း မရှိပါဘူး။



ဒါကြောင့် အသင်းရဲ့ တစ်ပတ်လုပ်ခ ပေါင် ၃သိန်းခွဲနဲ့လုပ်ခအမြင့်ဆုံး ကစားသမားဟာ ယူ-၂၃အသင်းနဲ့သာ စာချုပ် သက်တမ်း ကုန်ဆုံးတဲ့ ၂၀၂၁ခုနှစ် နွေရာသီအထိ ကစားရတော့မှာပါ။

အိုလ်ဇေးကို အသင်း လူစာရင်း မထည့်သွင်းတာနဲ့ ပတ်သက်ပြီး ပရိသတ်တွေ သိချင်နေတဲ့ နည်းပြချုပ် အာတီတာ ရဲ့ စကားသံတွေကို BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။

“ကျွန်တော်ဟာ အမြဲတမ်း မျှမျှတတ ဆက်ဆံတဲ့ လူဖြစ်လို့ ကျွန်တော့်စိတ်ကို ကျွန်တော် လုံတဲ့အကြောင်း ဦးစွာ ပြောပါရစေ။ကျွန်တော့်ဖက်ကနေ ပြောနိုင်တာတစ်ခုကတော့ ဒါဟာ ကျွန်တော့်ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ဘော လုံးတရားရဲ့ဆုံးဖြတ်ချက်ပါ။ကျွန်တော့်အနေနဲ့ကတော့သူနဲ့ကြား ဆက်ဆံရေး ကောင်းမွန်ပါတယ်။တစ်ဦးနဲ့ တစ်ဦး ဘာတွေ လိုချင်လဲဆိုတာလဲ သိပါတယ်။သိသာတာ တစ်ခုကတော့ ကစးသမားတစ်ဦးဟာ သူရခဲ့တဲ့ ပရော် ဖက်ရှင်နယ်ကစားသမားဘဝရဲ့ ပတ်ဝန်ကျင်မှာ ကြီးမားတဲ့ ရိုက်ခတ်မှုတွေကိုတော့ ခံစားရနိုင်ပါတယ်။အခု ဖြစ် နေပါပြီ။လွန်ခဲ့တဲ့ ၈နှစ်အတွင်းမှာလည်း များစွာ ကြုံခဲ့ရပြီး ဖြစ်ပါတယ်။”လို့ အာတီတာက စကားချီပါတယ်။

အိုလ်ဇေးကတော့ အာဆင်နယ်အသင်းကို ၂၀၁၃ခုနှစ်က ပေါင် ၄၂.၄သန်းနဲ့ ရီးရဲအသင်းကနေ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး တစ်ခုနဲ့ ပြောင်းရွှေ့လာခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂၀၂၀ မတ်လက စတင်ပြီး အသင်းနဲ့ ပွဲကစားခွင့် လုံးဝ မရထားသူပါ။

“ကျွန်တော့်အလုပ်က အကောင်းဆုံးအသင်းကို စုဖွဲ့ဖို့ပါ။အခုချိန်မှာ ကျွန်တော် ကျရှုံးသွားပါပြီ။အသင်းအတွက် အကောင်းဆုံးသော အိုလ်ဇေးကို လိုချင်ခဲ့ပေမယ့် မရတော့ပါဘူး။အခုချိန်မှာ သူ့ကို ချန်ရစ်ဖို့ ကျွန်တော် ဆုံး ဖြတ်ခဲ့ရပါပြီ။အချို့အချိန်တွေမှာ သူ့ကို ခေါ်ဖို့ အလွန်နီးစပ်ခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ မဖြစ်နိုင်တော့ပါဘူး။” လို့ အိုလ်ဇေးကို အသင်းလူစာရင်း မပါလာခဲ့တဲ့အပေါ် အာတီတာက ဆက်လက်ပြောပါတယ်။

အာတီတာရဲ့ ပြောစကားမှာ အိုလ်ဇေးကို ဘာကြောင့် ချန်ရစ်ခဲ့တယ်ဆိုတာနဲ့ သူကိုယ်တိုင် အသေးစိတ် လေ့လာ ဆန်းစစ်ပြီး ကြံ့ခိုင်မှု၊စိတ်နေစိတ်ထား စတဲ့ အချက်တွေကကို အခြေခံပြီး ချန်ရစ်ခဲ့တာလား ဆိုတဲ့ အဖြေ တစ်ခုမှ ပြောထွက်လာခြင်း မရှိပဲ ခေါ်လို့ မရခဲ့တဲ့ အခြေအနေကိုသာ ထပ်တလဲလဲ ပြောနေခြင်းက အိုလ်ဇေးနဲ့ အာတီတာ ကြားက ကိစ္စမဟုတ်ပဲ ဒါဟာ အိုလ်ဇေးနဲ့ အာဆင်နယ်အသင်းရဲ့ကြားက ပြဿနာသာ ဖြစ်တယ်လို့ တွေးဆနိုင်ပါ တယ်။

အိုလ်ဇေးကိုယ်တိုင်ကလည်း အသင်းလူစာရင်းမှာ မပါဝင်ခဲ့တာနဲ့ ပတ်သက်ပြီး နည်းပြချုပ် အာတီတာကို အပြစ်တင် ပြောဆိုထားခြင်း မရှိပဲ ကလပ်အသင်းကိုသာ တိုက်ရိုက် ပြောဆိုခဲ့တာလည်း တွေ့ရပါတယ်။

“အခုခေတ်မှာ သစ္စာရှိမှုဆိုတာ အချည်းအနှီးသာ ဖြစ်သွားပါပြီ။”လို့ အိုလ်ဇေးက လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။

“ပရီးမီးယားလိဂ် ကစားမယ့် လူစာရင်းမှာ ကျွန်တော်မပါတာ ဘယ်လောက်တော့ စိတ်ပျက်ဖို့ ကောင်းလိုက်သလဲ၊ ၂၀၁၈တုန်းက ကျွန်တော် အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့တာ အသင်းကို ချစ်တဲ့ စိတ်တစ်ခုတည်းနဲ့ ပေးဆပ်ခဲ့ တာပါ။ ဒါပေမယ့်အခုတော့ ကျွန်တော့်ကို ဝမ်းနည်းစေပါပြီ၊အပြန်အလှန် မရှိပါဘူး။”လို့ အိုလ်ဇေးက သူ့ရဲ့ လူမှု စာမျက်နှာထက်မှာ ရေးသားခဲ့တာပါ။

အိုလ်ဇေးအနေနဲ့ အာစင်ဝင်းဂါးလက်ထက်မှာ ခေါ်ယူခဲ့တဲ့ ကစားသမားဖြစ်ပြီး ထိုစဥ်က လက်ရှိ နည်းပြ အာတီ တာနဲ့ ကွင်းလယ်မှာ တွဲဖက် ကစားခဲ့ဖူးသူတွေ ဖြစ်ပြီး အာတီတာ မတိုင်ခင် အူနိုင်းအမ်မရီလက်ထက်မှာလည်း ရေးပေးမှု လျော့ကျခံခဲ့ရပါသေးတယ်။

အာတီတာ နည်းပြ ဖြစ်လာချိန် ၂၀၁၉ ဒီဇင်ဘာက စတင်ပြီး အိုလ်ဇေးဟာ ပရီးမီးယားလိဂ် ၁၀ပွဲဆက်တိုက် ပြန်လည် ပါဝင်ကစားနိုင်ခဲ့တာ ကိုဗစ် မဖြစ်ခင်အထိပါပဲ။

“နည်းပြသစ် အာတီတာလက်ထက် ကိုဗစ်မတိုင်ခင်အထိ ကျွန်တော့်ရဲ့ တိုးတက်မှုတွေအတွက် အရမ်းပျော်ရွှင် နေခဲ့ရပါတယ်။ကျွန်တော်ပြောချင်တာက ကျွန်တော့် စွမ်းဆောင်ရည် အကောင်းဆုံး ရောက်နေပြီဆိုတာပါ။မထင် မှတ်ပဲ အခြေအနေတွေပြောင်းခဲ့ပြီး အခုလို ဖြစ်သွားရတာပါပဲ။”လို့လည်း အိုလ်ဇေးက ဆိုပါတယ်။

အိုလ်ဇေးကတော့ အာဆင်နယ်အသင်းကို ရောက်ချိန်ကတည်းက ယနေ့အချိန်အထိ အသင်းအတွက် ပွဲပေါင်း ၂၅၄ ပွဲပါဝင်ကစားပေးထားရာမှာ ၄၄ဂိုး သွင်းယူပေးထားနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က