ဗန်ဒိုက် ဒဏ်ရာရတာနဲ့ ပတ်သက်ပြီး အားပေးစကားပြောခဲ့ပါတယ်။
Kyaw Ko Ko Sint

အဓိက ပြိုင်ဖက်အသင်းရဲ့ နောက်ခံလူ ဗန်ဒိုက် ဒဏ်ရာရသွားချိန်မှာ ပျော်ရွှင်တဲ့အပြုအမူ မပြပဲ လူသားချင်း ကိုယ်ချင်းစာနာမှုအပြည့်နဲ့ အားပေးစကားပြောခဲ့တာဟာ ဘောလုံးလောကရဲ့ လှပတဲ့ အပြုအမူပဲ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ အားကစားပြိုင်ပွဲတွေထဲမှာ ဘောလုံးအားကစားဟာ လူစိတ်ဝင်စားမှု အများဆုံး ရရှိထားပြီး တစ်ကမ္ဘာလုံး နှစ်ခြိုက်တဲ့ အားကစားနည်းတစ်ရပ်ဖြစ်ပါတယ်။

ဒီအားကစားနည်းမှာ လူမျိုးရေး ခွဲခြားမှုကို တားမြစ်ထားပြီး လူသားချင်း စာနာမှုကို ရှေးရှုထားတာကြောင့် ဘော လုံး အားကစားဟာ ပြိုင်ပွဲတစ်ခုထက် ပိုကြောင်း ဘောလုံးလောကသားတွေက ခံယူထားပါတယ်။

ဒါကြောင့်လည်း ဘောလုံးဟာ ကမ္ဘာ့ရဲ့ ငြိမ်းချမ်းရေးကို အဓိက ရှေးရှုထားတဲ့ ပြိုင်ပွဲတစ်ခု ဖြစ်လာခဲ့ပြီး လူတွေရဲ့ ကိုယ်ချင်းစာ တရားတွေကိုလည်း မျက်ဝါးထင်ထင် မြင်တွေ့နိုင်တဲ့ ကစားနည်းတစ်ခုအဖြစ်ရှိနေပါတယ်။

အခုလည်း မိမိအသင်းရဲ့ အဓိက ပြိုင်ဖက် အသင်းက နောက်ခံလူတစ်ဦး ဒဏ်ရာရရှိသွားချိန်မှာ ဂွါဒီယိုလာဟာ မပျော်ရွှင်နိုင်ပဲ ကိုယ်ချင်းစာတရားအပြည့်နဲ့ ဆက်သွယ် အားပေးခဲ့တဲ့ လုပ်ရပ်ဟာ ကမ္ဘာ့ဘောလုံး ပရိသတ်တွေ ရဲ့ နှလုံးအိမ်ကို ဆွဲကိုင်လှုပ်သကဲ့သို့ ဖြစ်စေခဲ့ပါတယ်။

“အဓိက ကစားသမားတစ်ဦး အခုလို ဒဏ်ရာကြောင့် ကာလရှည်နားရမှာကိုကျွန်တော် မကြိုက်ခဲ့ပါဘူး။ ဗန်ဒိုက်လည်း မကြာခင် အမြန်ဆုံး ပြန်ကောင်းလာမယ်လို့ ယုံကြည်ပါတယ်။ကျွန်တော် ဗန်ဒိုက်ကို မသိပါဘူး၊ ဒါပေမယ့် သူ့ကြည့်ရတာ ကြံ့ခိုင်ပြီးသားပါ၊မကြာခင် ပြန်ကောင်းလာပြီး ကျွန်တော်တို့ လိဂ်ကို ပိုမို ပြိုင်ဆိုင်မှု ပြင်း ထန်စေအောင် သူ လုပ်ဆောင်ဖို့ မျှော်လင့်ပါတယ်။လီဗာပူးနဲ့ဗန်ဒိုက်အတွက် အကောင်းဆုံး ဖြစ်ဖို့ မျှော်လင့်ပါ တယ်။”လို့ ဂွါဒီယိုလာက ဆိုခဲ့ပါတယ်။

ဗန်ဒိုက်က နယ်သာလန်လူမျိုးဖြစ်ပြီး စပိန်လူမျိုး ဂွါဒီယိုလာနဲ့ ဘယ်တုန်းကမျှ လက်မတွဲခဲ့ဖူးသလို တစ်ဦးနဲ့ တစ်ဦးလည်း မရင်းနှီးပါဘူး။

ဒီအချိန်မှာ အဓိက ပြိုင်ဖက်ရဲ့ အဓိက ကစားသမားတစ်ဦး ဒဏ်ရာကြောင့် လွဲချော်တော့မှာကို မပျော်နိုင်ပဲ ငါသာ ဆိုလျှင်ဆိုတဲ့ အတွေးမျိုးနဲ့ အားပေးစကားပြောခဲ့တဲ့ ဂွါဒီယိုလာရဲ့ လုပ်ရပ်ကတော့ ဂုဏ်ပြုချင်စကာ ကောင်းလှပါ တယ်။

ဂွါဒီယိုလာ နည်းတူ လီဗာပူးအသင်းရဲ့ နည်းပြ ကလော့ပ်ဟာလည်း ချဲလ်ဆီးအသင်းနဲ့ ယှဥ်ပြိုင်ခဲ့စဥ်တုန်းကလည်း ပြိုင်ဖက်အသင်းက ကစားသမားတစ်ဦး အနီကဒ်ထိလို့ ထွက်ခဲ့ရချိန် ဝမ်းသာပြီး လက်ခုပ်တီးခဲ့တဲ့ နည်းပြ အဖွဲ့ ဝင် တစ်ဦးကို မတီးဖို့နဲ့ သူမကြိုက်ကြောင်း ပြောခဲ့တဲ့ ပုံရိပ်တွေကလည်း ဘောလုံးဟာ ပြိုင်ပွဲတစ်ခုထက် ပိုတယ် ဆိုတာ သက်သေပြနေတာပါပဲ။

ဗန်ဒိုက်ကတော့ လီဗာပူးနဲ့ အဲဗာတန်တို့ရဲ့ မာဆေးဆိုဒ် ဒါဘီပွဲမှာ ပြိုင်ဖက် ဂိုးသမား ပစ်ဖို့ဒ်နဲ့ ထိခိုက်မိပြီး ဒူးအ ရွတ် စုတ်ပြဲ ဒဏ်ရာရရှိခဲ့ကြောင့် ခွဲစိတ်ကုသရမှာပါ။

ကလော့ပ်ရဲ့ လီဗာပူးနဲ့ ဂွါဒီယိုလာရဲ့ မန်စီးတီးတို့ကတော့ ပရီးမီးယားလိဂ်မှာ အဓိက ပြိုင်ဖက်တွေ ဖြစ်ပြီး ကျန်ခဲ့တဲ့ ၂နှစ်မှာ ချန်ပီယံဆုကို တစ်ကြိမ်စီ ဆွတ်ခူးထားပါတယ်။


Author


က္က