စည်းကမ်းပိုင်းလိုက်နာမှု အားနည်းနေတယ်လို့ ဆိုပါတယ်။
Pyae Phyo Thein

အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရတဲ့အထိ ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဂရင်းဝုဒ်ဟာ အိုက်စလန်မှာ တားမြစ်စည်းကမ်းတွေကို ချိုးဖောက်ပြီး အမျိုးသမီးတွေကို ခေါ်ယူဖို့ ကြိုးစားခဲ့လို့ အိမ်ပြန်ပို့ခံခဲ့ရသူဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့လူငယ်ကြယ်ပွင့်တိုက်စစ်မှူးမာဆွန်ဂရင်းဝုဒ်ရဲ့ အမူအကျင့်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်နေပြီလို့ သိရပါတယ်။ အသက် ၁၉ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့လအတွင်းမှာပဲ စိတ်ပျက်ဖွယ်ရာလုပ်ရပ်တွေကို လုပ်ဆောင်ခဲ့ပြီး အခုအခါမှာလည်း အသင်းလေ့ကျင့်ရေးကွင်းကို နောက်ကျပြီးမှ ရောက်လာမှုတွေရှိခဲ့ပြီလို့ သိရပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရတဲ့အထိ ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဂရင်းဝုဒ်ဟာ အိုက်စလန်မှာ တားမြစ်စည်းကမ်းတွေကို ချိုးဖောက်ပြီး အမျိုးသမီးတွေကို ခေါ်ယူဖို့ ကြိုးစားခဲ့လို့ အိမ်ပြန်ပို့ခံခဲ့ရသူဖြစ်ပါတယ်။ ဒီနောက်မှာတော့ အင်္ဂလန်အသင်းအတွက် ရွေးချယ်မခံရတော့ဘဲ ယူနိုက်တက်အတွက်သာ ကစားနေခဲ့ပါတယ်။ 


ဒါပေမယ့်လည်း နယူးကာဆယ်၊ ပီအက်စ်ဂျီတို့နဲ့ပွဲစဉ်မှာ အသင်းလူစာရင်းမှာတောင် ဂရင်းဝုဒ်က မပါဝင်ခဲ့ဘဲ ချန်လှပ်ခံခဲ့ရပါတယ်။ ဆိုးလ်ရှားကတော့ သူ့ရဲ့ကစားသမားဟာ ဒဏ်ရာပြသနာအနည်းငယ်ရှိတယ်လို့ ဆိုခဲ့ပေမယ့် အင်္ဂလန်ကြယ်ပွင့်ဟာ တနင်္လာနေ့က အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်းပြုလုပ်ခဲ့တာကြောင့် စဉ်းစားစရာဖြစ်လာခဲ့ပါတယ်။

The Sun ရဲ့ ဖော်ပြချက်အရဆိုရင် ဂရင်းဝုဒ်ဟာ အသင်းလေ့ကျင့်ရေးကွင်းကို နှစ်ကြိမ်တိုင်တိုင်နောက်ကျခဲ့တယ်လို့ သိရပါတယ်။ ဒီအပေါ်မှာ ဆိုးလ်ရှားက ဒေါသတော်တော်လေးထွက်နေပြီး ကစားသမားရဲ့ စည်းကမ်းလိုက်နာမှုပိုင်းအားနည်းမှုတွေအပေါ်မှာလည်း စိုးရိမ်နေကာ ခြေစွမ်းကျဆင်းသွားမယ့်အရေးကိုလည်း ပူပန်နေတယ်လို့ သိရပါတယ်။ 


ပြီးခဲ့တဲ့ရာသီမှာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၁၇ ဂိုးအထိ သွင်းယူနို်င်ခဲ့တဲ့ ဂရင်းဝုဒ်ဟာ ဒီရာသီမှာတော့ ပြိုင်ပွဲစုံ ၄ ပွဲကစားပေးထားပြီး ၁ ဂိုးသွင်းယူထားပါတယ်။ 


Author


က္က