ဒူးအရွတ်စုတ်ပြဲ ဒဏ်ရာရရှိခဲ့တာပါ။
Kyaw Ko Ko Sint

၂ဂိုးစီ သရေကျခဲ့တဲ့ မာဆေးဆိုဒ် ဒါဘီပွဲစဥ်မှာ အဲဗာတန် ဂိုးသမား ပစ်ဖို့ဒ်နဲ့ ထိခိုက်မိပြီး ဗန်ဒိုက်ဟာ ဒူးအရွတ် စုတ်ပြဲတဲ့ ဒဏ်ရာကို ခံစားခဲ့ရတာပါ။

မာဆေးဆိုဒ် ဒါဘီမှာ ဒူးအရွတ်စုတ်ပြဲ ဒဏ်ရာရရှိခဲ့တဲ့ လီဗာပူး နောက်ခံလူ ဗန်ဒိုက်ကို အဲဗာတန်အသင်း နည်းပြ အန်ဆယ်လော့တီက တောင်းပန်တဲ့အကြောင်း ထုတ်ဖော်ပြောလာခဲ့တယ်လို့ BBC SPORTသတင်းဌာနရဲ့ ဖော်ပြ ချက်အရ သိရပါတယ်။



အသက် ၂၉နှစ်အရွယ်ဗန်ဒိုက်ဟာ အဲဗာတန် ဂိုးသမား ပစ်ဖို့ဒ်နဲ့ ထိခိုက်မိပြီး ကြောက်မက်ဖွယ် ဒူးအရွတ် စုတ်ပြဲ ဒဏ်ရာကို ခံစားခဲ့ရတာပါ။

ဒီပြစ်ဒဏ်အတွက် ကွင်းလယ်ဒိုင်လူကြီးက ပစ်ဖို့ဒ်ကို ပြစ်ဒဏ် တစ်စုံတစ်ရာ မပြသခဲ့သလို အက်ဖ်အေကလည်း စုံ စမ်းမှုတွေ ဆက်လုပ်ပြီး အရေးယူမှုတွေ လုပ်ဆောင်သွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။

“အခုချိန်မှာ ပစ်ဖို့ဒ် ကိုယ်တိုင်လည်း အရမ်း စိတ်မကောင်းဖြစ်နေပါတယ်။ဒါပေမယ့် ဒီကိစ္စကို ရည်ရွယ်ချက်နဲ့တ မင်လုပ်ခဲ့တာလို့ ပြောနေတဲ့အပေါ်မှာတော့ငြင်းဆန်ပါရစေ။ကျွန်တော်တို့ အဲဗာတန်တစ်သင်းလုံး ဗန်ဒိုက်ကို တောင်းပန်ပါတယ်။”လို့ အန်ဆယ်လော့တီကို တောင်းပန်ခဲ့ပါတယ်။

လက်ရှိမှာတော့ ဗန်ဒိုက်ရဲ့ ဒူးဒဏ်ရာကို ခွဲစိတ်ကုသရမယ်လို့ လီဗာပူးအသင်းက သတင်းထုတ်ပြန်ပေးခဲ့ပြီး အနည်းဆုံး ၆လလောက် အသင်းနဲ့ ဝေးကွာရဖို့ ရှိနေပါတယ်။


Author


က္က