မနက်ဖြန်မှာ ပရီးမီးယားလိဂ်ပွဲအဖြစ် ရင်ဆိုင်ရတော့မှာပါ။

ကာဗာနီကတော့ ယူနိုက်တက်ကိုပြောင်းရွှေ့လာပြီးကတည်းက ကစားခွင့်မရသေးဘဲ အသင်းနဲ့အတူ လေ့ကျင့်ခန်းတွေသာ ဆင်းနေခဲ့သဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းဟာ ချယ်လ်ဆီးနဲ့ကစားရမယ့် ပရီးမီးယားလိဂ်ပွဲမှာ ကာဗာနီ၊ မာဆွန်ဂရင်းဝုဒ်နဲ့ အသင်းခေါင်းဆောင်မက်ဂွိုင်းယားတို့ ပါဝင်ကစားပေးနိုင်ဖို့ အခြေအနေမှာရှိနေတယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီနဲ့ပွဲစဉ်ကို လွဲချော်ခဲ့ကြတဲ့ အဆိုပါကစားသမား ၃ဦးစလုံးဟာ ပွဲကစားဖို့ အသင့်ဖြစ်နေပြီလို့လည်း သိရပါတယ်



ကာဗာနီကတော့ ယူနိုက်တက်ကိုပြောင်းရွှေ့လာပြီးကတည်းက ကစားခွင့်မရသေးဘဲ အသင်းနဲ့အတူ လေ့ကျင့်ခန်းတွေသာ ဆင်းနေခဲ့သဖြစ်ပါတယ်။ မက်ဂွိုင်းယားကတော့ နယူးကာဆယ်နဲ့ပွဲမှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး ပီအက်စ်ဂျီနဲ့ပွဲကိုလွဲချော်ခဲ့သလို ဂရင်းဝုဒ်က နယူးကာဆယ်၊ ပီအက်စ်ဂျီတို့ပွဲတွေမှာ အသင်းလူစာရင်းမှာတောင် မပါဝင်ခဲ့သူဖြစ်ပါတယ်။ 

"သူတို့သုံးဦးစလုံးကို ရွေးချယ်နိုင်မယ်လို့ ကျွန်တော်မျှော်လင့်နေပါတယ်၊ ဒီမနက် လေ့ကျင့်ရေးကွင်းမှာ သူတို့အားလုံးရှိနေခဲ့ပါတယ်၊ ဒါပေမယ့် အားလုံးမှာ ကိုယ်စီအခွင့်အရေးရှိပါတယ်၊ ဒီရာသီက မတူကွဲပြားတဲ့ ရာသီပါ၊ အက်ဒီဆင်က အသင့်ဖြစ်နေဖို့ ပြင်ဆင်ထာပြီး သူကစားပေးနိုင်တာနဲ့ အကျိုးသက်ရောက်မှုရှိနေစေဖို့ အားထုတ်နေပါတယ်၊ ဒီနေ့က သူ့ရဲ့နောက်ဆုံးပြင်ဆင်မှုပါ၊ ပြီးရင် ကျွန်တော်တို့ ဆွေးနွေးမှုတွေလုပ်သွားပါမယ်"


"မနေ့ကတော့ ဟယ်ရီ နဲ့ မာဆွန်တို့ရဲ့ ကောင်းမွန်တဲ့ အခြေအနေတွေကို မြင်တွေ့ခဲ့ရပါတယ်" လို့ ဆိုးလ်ရှားက ပြောဆိုခဲ့တယ်လို့ မန်ချက်စတာညနေခင်းသတင်းစာက ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့ရဲ့ ပွဲစဉ်ကိုတော့ မနက်ဖြန် ည ၁၁ နာရီမှာကစားသွားမှာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ၄ ကြိမ်တွေ့ဆုံခဲ့ရာမှာ ယူနိုက်တက်က ၃ကြိမ်နိုင်ပြီး ချယ်လ်ဆိးက တစ်ကြိမ်အနိုင်ရခဲ့ပါတယ်။ 


ဒီရာသီမှာတော့ ချယ်လ်ဆီးက ငါးပွဲကစားအပြီး နှစ်ပွဲနိုင်၊ နှစ်ပွဲသရေကျကာ တစ်ပွဲရှုံးနိမ့်ထားပြီး ပေးဂိုး ၉ဂိုးအထိ ရှိခဲ့ပါတယ်။ ယူနိုက်တက်ကတော့ လေးပွဲကစားအပြီး ၂ပွဲနိုင်၊ ၂ပွဲအရေးနိမ့်ထားပြီး သွင်းဂိုး ၉ ဂိုးနဲ့ ပေးဂိုး ၁၂ဂိုးရှိခဲ့ပါတယ်။ ဂိုးသမားနဲ့ ခံစစ်ပိုင်းပြသနာတွေရှိနေလို့ ဝေဖန်ခံနေရတဲ့ လမ်းပတ်ကတော့ ကာဗာနီပါဝင်လာမယ့် ယူနိုက်တက်နဲ့ ရင်ဆိုင်ရမှာဖြစ်လို့ အိုးထရက်ဖို့ဒ်မှာ ရုန်းကန်ရဖွယ်ရှိနေပါတယ်။ 


ခံစစ်ပိုင်းက ဂိုးတွေအများကြီးပေးနေရလို့ စိတ်တိုင်းမကျဖြစ်ခဲ့တဲ့ လမ်းပတ်က ဆီဗီလာနဲ့ ချန်ပီယံလိဂ်ပွဲမှာ ပေးဂိုးမရှိလို့ ပျော်ရွှင်မိကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ တိုက်စစ်မှူးငါးဦးအထိ ရွေးချယ်စရာရှိနေတဲ့ ယူနိုက်တက်နဲ့ ရင်ဆိုင်ရတော့မှာဖြစ်ကာ လမ်းပတ်အနေနဲ့ ပေးဂိုးမရှိခဲ့မှုကို ဆက်ထိန်းထားနိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းလာခဲ့ပါပြီ။

Share

Loading Next Article...
က္က