ဒီနေ့ည ၁၁ နာရီမှာ ယူနို်ကတက် နဲ့ ချယ်လ်ဆီးတို့ ကစားကြတော့မှာပါ။
Pyae Phyo Thein

လမ်းပတ်ဟာ သူ့ရဲ့အတောင့်တင်းဆုံးပွဲထွက်ကစားသမား ၁၁ ဦးနဲ့ ယူနိုက်တက်ကို ရင်ဆိုင်တော့မှာဖြစ်ပြီး မနေ့က နေ့လည်ပိုင်းမှာ မန်ချက်စတာကို ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းနဲ့ကစားရမယ့် ချယ်လ်ဆီးအသင်းဟာ နွေရာသီမှာ ဝယ်ယူထားခဲ့တဲ့ ကစားသမားအားလုံးကို ခေါ်ဆောင်လာခဲ့တယ်လို့ သိရပါတယ်။ လမ်းပတ်ဟာ သူ့ရဲ့အတောင့်တင်းဆုံးပွဲထွက်ကစားသမား ၁၁ ဦးနဲ့ ယူနိုက်တက်ကို ရင်ဆိုင်တော့မှာဖြစ်ပြီး မနေ့က နေ့လည်ပိုင်းမှာ မန်ချက်စတာကို ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ 

ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ လမ်းပတ်က ဂိုးသမားကီပါ နဲ့ ကွင်းလယ်လူဂေမာလ်တို့ ပါဝင်နိုင်မှာမဟုတ်ဘူးလို့ အတည်ပြုခဲ့ပါတယ်။ အခြားကစားသမား ၃ဦးဖြစ်တဲ့ အိုဒွိုင်လ်၊ မားကို့စ်အလွန်ဆို၊ ခရစ္စတီယန်တို့လည်း အသင်းနဲ့အတူလိုက်ပါခဲ့ခြင်းမရှိဘဲ ကျန်နေရစ်ခဲ့ကာ ကျန်ကစားသမားအစုံအလင် ပါဝင်ခဲ့တယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။ 

တီမိုဝါနာ၊ ကိုင်ဟာဗက်ဇ်၊ ဇီယက်၊ မန်ဒီ၊ ချီဝဲလ်၊ သီယာဂိုဆေးလ်ဗားတို့လို ကစားသမားသစ်တွေ ပါဝင်ခဲ့ပါတယ်။ လမ်းပတ်အနေနဲ့ တိုက်စစ်ပိုင်းမှာ ကစားသမားရွေးချယ်စရာအများအပြားရှိနေပြီး အဝေးကွင်းမှာ ယူနိုက်တက်ကို ကောင်းကောင်းရင်ဆိုင်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ဆီဗီလာနဲ့ပွဲမှာ ဟာဗက်ဇ်၊ ဇီယက်ချ် နဲ့ ၀ါနာတို့ ၃ဦးပေါင်း ဂိုးကန်သွင်းခွင့်တစ်ကြိမ်မှ မရှိခဲ့တဲ့ ပြသနာကို ဖြေရှင်းရဦးမှာဖြစ်ပါတယ်။ 

သတင်းစာရှင်းလင်းပွဲမှာ လမ်းပတ်က "သီယာဂိုဆေးလ်ဗား နဲ့ ပူလီဆစ်တို့ အခြေအနေကောင်းပါတယ်၊ ကီပါကတော့ ပခုံးဒဏ်ရာရရှိထားလို့ မန်ချက်စတာကို မလိုက်လာနိုင်ခဲ့ပါဘူး၊ နောက်ထပ်လွဲချော်မယ့်တစ်ဦးတည်းသော ကစားသမားကတော့ ဂေမာလ်ပါ၊ ပီတာချက်ကတော့ ကစားသမားတစ်ဦးအနေနဲ့ ရောက်လာတာမဟုတ်ပါဘူး" လို့ ပြောဆိုသွားခဲ့ပါတယ်။ 

ချယ်လ်ဆီးဟာ ဒီရာသီမှာ အိမ်ကွင်းနိုင်ပွဲမရှိသေးတဲ့ မန်ချက်စတာယူနိုက်တက်ကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီကတော့ ၄ ကြိမ်တွေ့ဆုံခဲ့ရာမှာ ယူနိုက်တက်က ၃ ကြိမ်အထိ အနိုင်ရခဲ့ပြီး ချယ်လ်ဆီးက တစ်ကြိမ်သာအနိုင်ရခဲ့ပါတယ်။ ယူနိုက်တက်မှာ အသစ်ခေါ်ယူထားတဲ့ တိုက်စစ်မှူးကာဗာနီ ပါဝင်ကစားနိုင်မယ်လို့လည်း သိရပါတယ်။ 


Author


က္က