ဒီနေ့ညမှာ ယူနိုက်တက် နဲ့ ချယ်လ်ဆီးတို့ ရင်ဆိုင်ရတော့မှာပါ။

မက်ဂွိုင်းယားရဲ့ လေးလံမှုကြောင့် ၀ါနာလိုလျင်မြန်တဲ့ တိုက်စစ်မှူးက အလွယ်တကူကျော်ဖြတ်နိုင်လိမ့်မယ်လို့ ဂလင်းဂျွန်ဆင်က ဆိုပါတယ်။ 


ဘောလုံးပွဲဝေဖန်သုံးသပ်သူတစ်ဦးဖြစ်တဲ့ လီဗာပူးလ်နောက်ခံလူဟောင်း ဂလင်းဂျွန်ဆင်က ဒီနေ့ညကစားမယ့် ယူနိုက်တက်နဲ့ ချယ်လ်ဆီးပွဲမှာ ယူနိုက်တက်အသင်းခေါင်းဆာင် မက်ဂွိုင်းယားပါဝင်လာခဲ့မယ်ဆိုရင် တီမို၀ါနာကြောင့် အိပ်မက်ဆိုးတွေ မက်သွားလိမ့်မယ်လို့ ပြောဆိိုုလိုက်ပါတယ်။ မက်ဂွိုင်းယားရဲ့ လေးလံမှုကြောင့် ၀ါနာလိုလျင်မြန်တဲ့ တိုက်စစ်မှူးက အလွယ်တကူကျော်ဖြတ်နိုင်လိမ့်မယ်လို့ ဂလင်းဂျွန်ဆင်က ဆိုပါတယ်။ 



ဒီနေ့ညကစားမယ့်ပွဲစဉ်ဟာ ပရီးမီးယားလိဂ်မှာ ထင်သလောက်ရလဒ်မကောင်းဖြစ်နေတဲ့ အသင်းကြိးနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုလည်း ဖြစ်နေပါတယ်။ မက်ဂွိုင်းယားကတော့ နယူးကာဆယ်နဲ့့ပွဲမှာ ပါဝင်ကစားခဲ့ပေမယ့် ပီအက်စ်ဂျီနဲ့ပွဲကို လွဲချော်ခဲ့ပြီး ဒီနေ့ကစားမယ့်ပွဲမှာတော့ အသင်းနဲ့အတူ လိုက်ပါခဲ့တယ်လို့ သိရကာ ပွဲထွက်ကစားခွင့်ရမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။

ဂလင်းဂျွန်ဆင်က "ကျွန်တော်သာ တီမိုဝါနာဆိုရင် မက်ဂွိုင်းယား ပါလာပါစေလို့ မျှော်လင့်နေမှာပါ၊ မက်ဂွိုင်းယားလည်း ၀ါနာနဲ့ တွေ့မယ်ဆိုရင် သေချာပေါက်ကို အခက်တွေ့ပြီး အိပ်မက်ဆိုးတွေ မက်ရပါလိမ့်မယ်၊ ယူနိုက်တက်အတွက် အသင်းခေါင်းဆောင်တစ်ဦးကို ဒဏ်ရာပြသနာမရှိဘဲ ချန်လှပ်ဖို့ဆိုတာက မဖြစ်နိုင်သလို သူက ယူနိုက်တက်ရဲ့ အဓိကကစားသမားပါ"

"ဒါပေမယ့် နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ တွန်ဇီဘီက ခြေစွမ်းပြခဲ့ပြီး သူကစားခွင့်မရခဲ့ရင် ဘာလို့လဲဆိုပြီးတော့ တွေးနေမှာသေချာပါတယ်၊ သူက အရမ်းကောင်းတဲ့ နောက်ခံလူဖြစ်ပြီး ကြံ့ခိုင်မှုသာပြည့်ဝနေရင် ပွဲအများကြီးကစားရမှာ သေချာပါတယ်" လို့ ပြောခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ ဂျွန်ဆင်က မက်ဂွိုင်းယားဟာ အမြင့်ဘောကောင်းမွန်ပေမယ့်လည်း တစ်ဦးချင်းလိုက်လံဟန့်တားမှုမှာတော့ အားနည်းတယ်လို့ ယူဆနေတာပါ။ 

၀ါနာဟာ ဆောက်သမ်တန်နဲ့ပွဲမှာ ချယ်ဆီးအတွက် ၂ဂိုးသွင်းယူပေးခဲ့ပြီး သူ့ရဲ့ ပရီးမီးယားလိဂ်သွင်းဂိုးတွေ စတင်ခဲ့ပြီဆိုတာကို ပြသပြီးဖြစ်ပါတယ်။ ဆီဗီလာနဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့်လည်း ခံစစ်ပိုင်းအားနည်းချက်တွေရှိနေတဲ့ ယူနိုက်တက်ကိုတော့ အခက်တွေ့အောင် သူ လုပ်နိုင်မလားဆိုတာ မကြာခင်အချိန်အတောအတွင်း မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ 



က္က