ဂွာဒီယိုလာကတော့ ကွင်းဘေးမှာ တော်တော်လေးစိတ်ပျက်နေခဲ့ပါတယ်။

ဒီဘရိုင်း ပွဲထွက်စာရင်းမှာ မပါဝင်ခဲ့တဲ့အတွက် မန်စီးတီးတိုက်စစ်ပိုင်း အခက်တွေ့နေဆဲဖြစ်ပြီး ဝက်စ်ဟမ်းရဲ့ ဦးဆောင်ဂိုးသွင်းယူခြင်းကိုပါ ခံယူခဲ့ရကာ အခြေအနေကောင်းပိုင်ဆိုင်ဖို့ ခဲယဉ်းခဲ့ရပါတယ်။ 


ဒီတစ်ပတ်ပရီးမီးယားလိဂ်ရဲ့ အစောဆုံးပွဲစဉ်ဖြစ်တဲ့ ဝက်စ်ဟမ်းနဲ့ မန်စီးတီးတို့ရဲ့ ပွဲမှာတော့ ဂွာဒီယိုလာတစ်ယောက် နိုင်ပွဲရဖို့ တော်တော်လေးရုန်းကန်ခဲ့ရပါတယ်။ ဒီဘရိုင်း ပွဲထွက်စာရင်းမှာ မပါဝင်ခဲ့တဲ့အတွက် မန်စီးတီးတိုက်စစ်ပိုင်း အခက်တွေ့နေဆဲဖြစ်ပြီး ဝက်စ်ဟမ်းရဲ့ ဦးဆောင်ဂိုးသွင်းယူခြင်းကိုပါ ခံယူခဲ့ရကာ အခြေအနေကောင်းပိုင်ဆိုင်ဖို့ ခဲယဉ်းခဲ့ရပါတယ်။ 



ပြီးခဲ့တဲ့တစ်ပတ်က စပါးကို အံ့အားသင့်ဖွယ်ရာ ၃ ဂိုးစီသရေကျအောင် ကစားနိုင်ခဲ့တဲ့ ဝက်စ်ဟမ်းဟာ အိမ်ကွင်းမှာလည်း မန်စီးတီးကိုအခက်တွေ့စေခဲ့ပါတယ်။ အန်တိုနီယိုက ပွဲကစားချိန် ၁၈ မိနစ်မှာပဲ ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ပထမပိုင်းကို ဦးဆောင်စေခဲ့ပါတယ်။ မန်စီးတီးတိုက်စစ်ကတော့ ထင်မှတ်သလောက် ခြိမ်းခြောက်နိုင်ခြင်းမရှိဘဲ ပထမပိုင်းကို အရေးနိမ့်ခဲ့ရပါတယ်။ 

ဒုတိယပိုုင်းကတော့ မန်စီးတီးရဲ့ ပွဲလိုဖြစ်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု သိသိသာသာအသာစီးရကာ ကစားနိုင်ခဲ့ပါတယ်။ ဒဏ်ရာပြသနာတွေ၊ ပြီးခဲ့တဲ့ပွဲမှာ အမျိုးသမီးဒိုင်လူကြီးကို ပွေ့ဖက်ခဲ့မှုတွေကြောင့် ဝေဖန်ခံနေရတဲ့ အဂူရိုကို ဒုတိယပိုင်းမှာ လူစားလဲခဲ့ပြီး ဖိုဒန်ကို ထည့်သွင်းခဲ့တာက ဂွာဒီယိုလာမှန်ကန်ခဲ့ပါတယ်။ ဖိုဒန်က ၅၁ မိနစ်မှာ ချေပဂိုးပြန်သွင်းယူပေးခဲ့ပါတယ်။ 

ဒီနောက်မှာ ဒီဘရိုင်းဝင်လာခဲ့ပြီး မန်စီးတီးက ဖိအားပေးကစားနိုင်ခဲ့ကာ ဂိုးကန်သွင်းခွင့်တွေလည်း ဆက်တိုက်ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဝက်စ်ဟမ်းခံစစ်နဲ့ ဂိုးသမား ဖေဘီယန်စကီးတို့ အစွမ်းပြနေတာကြောင့် အနိုင်ဂိုးနဲ့ ဝေးကွာနေခဲ့ပြီး ကွင်းဘေးမှာ ဂွာဒီယိုလာတစ်ယောက် တော်တော်လေးပျာယာခတ်နေခဲ့ရပြီး စိတ်လှုပ်ရှားနေပုံလည်း ပေါက်နေခဲ့ပါတယ်။ 

မိုယက်စ်ကတော့ ဒုတိယပိုင်းမှာ သရေတစ်မှတ်ရဖို့ကို ဦးစားပေးခဲ့ပြီး ခံစစ်ကိုအထိုင်ချကာ တန်ပြန်တိုက်စစ်တွေကို အသုံးပြုခဲ့ပါတယ်။ ဒီကစားကွက် အလုပ်ဖြစ်ခဲ့ပြီး သူတို့ရဲ့တစ်ချက်တစ်ချက်ထိုးဖောက်မှုတွေက မန်စီးတီးကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ မန်စီးတီးကတော့ လိုချင်တဲ့ရလဒ်ရအောင် မယူနိုင်ခဲ့ဘဲ သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရပြီး ဒီရာသီမှာ မျှော်လင့်ချက်ကြီးကြီးမားမားရှိတယ်ဆိုရင်တော့ တိုးတက်ဖို့အများကြီးလိုအပ်သေးတယ်ဆိုတာကို မြင်တွေ့ခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က