မန်ဒီကြောင့် နိုင်ပွဲပျောက်ခဲ့တဲ့ ယူနိုက်တက်တို့ ဆိုးရွားတဲ့ မှတ်တမ်းကို ရရှိခဲ့တာပါ။
Pyae Phyo Thein

လမ်းပတ် အားကိုးတကြီးနဲ့ ခေါ်ယူခဲ့တဲ့ မန်ဒီက စစ်မှန်တဲ့လက်စွမ်းကို ပြသခဲ့ပြီး ယူနိုက်တက်ရဲ့ နိုင်ပွဲကို ဟန့်တားခဲ့ကာ ကာဗာနီ၊ ရက်ရှ်ဖို့ဒ်တို့အတွက်တော့ စိတ်ပျက်စရာတွေဖြစ်ခဲ့ရပါတယ်။ 


မနေ့ညက ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက် နဲ့ ချယ်လ်ဆီးတို့ရဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ ချယ်လ်ဆီးအတွက် ဂိုးသမားမန်ဒီက လက်စွမ်းပြကာ အဝေးကွင်းမှာ သရေတစ်မှတ်ရအောင် စွမ်းဆောင်ပေးသွားခဲ့ပါတယ်။ မန်ဒီဟာ ယူနိုက်တက်ကစားသမားတွေရဲ့ ဂိုးကန်သွင်းချက်တွေကို အံ့အားသင့်ဖွယ်ကာကွယ်မှုတွေပြုလုပ်ပြခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ အသင်းဂိုးမပေးရအောင် ဖန်တီးနိုင်ခဲ့ပါတယ်။

ယူနိုက်တက်က ပွဲပြီးခါနီးမှာ တရစပ်ဖိအားပေးနေခဲ့ပြီး ဂိုးကန်သွင်းခွင့်တွေလည်းရရှိခဲ့ပေမယ့် မန်ဒီကို ကျော်ဖြတ်နိုင်ခြင်းမရှိခဲ့ပါဘူး။ လမ်းပတ် အားကိုးတကြီးနဲ့ ခေါ်ယူခဲ့တဲ့ မန်ဒီက စစ်မှန်တဲ့လက်စွမ်းကို ပြသခဲ့ပြီး ယူနိုက်တက်ရဲ့ နိုင်ပွဲကို ဟန့်တားခဲ့ကာ ကာဗာနီ၊ ရက်ရှ်ဖို့ဒ်တို့အတွက်တော့ စိတ်ပျက်စရာတွေဖြစ်ခဲ့ရပါတယ်။ 

ဒီလိုဂိုးမရှိသရေကျခဲ့လို့ ယူနိုက်တက်ဟာ ဒီရာသီပရီးမီးယားလိဂ်မှာ အိမ်ကွင်းသုံးပွဲကစားအပြီး ရမှတ်တစ်မှတ်သာရရှိခဲ့ကာ ၄၈ နှစ်အတွင်း အဆိုးရွားဆုံးရာသီအစ အိမ်ကွင်းရလဒ်ကို ပိုင်ဆိုင်ခဲ့ရပါတယ်။ ခရစ္စတယ်ပဲလေ့စ်၊ စပါးတို့ကို ဂိုးပြတ်ရှုံးနိမ့်ထားတဲ့ ယူနိုက်တက်ဟာ ချယ်လ်ဆီးနဲ့ပွဲမှာ ပထမဆုံးအိမ်ကွင်းနို်င်ပွဲရယူဖို့ ကြိုးစားခဲ့ပေမယ့် မန်ဒီကြောင့်ပဲ ပျက်ပြယ်ခဲ့ရပါတယ်။ 

လမ်းပတ်အတွက်တော့ ပြိုင်ပွဲစုံ ၂ပွဲဆက်တိုက် ပေးဂိုးမရှိခဲ့လို့ ကျေနပ်စရာဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း တိုက်စစ်ပိုင်းကလည်း နှစ်ပွဲဆက်ဂိုးပေါက်ပျောက်ခဲ့တာက စိုးရိမ်စရာဖြစ်လာခဲ့ရပါတယ်။ ယူနိုက်တက်နဲ့့ပွဲမှာလည်း အသင်းတိုက်စစ်ပိုင်းက ဂိုးပေါက်တည့်မှုတစ်ကြိမ်တည်းသာ ရှိခဲ့ပြိး ၀ါနာ၊ ကိုင်ဟာဗက်ဇ်တို့အတွက် ပေါင်သန်း ၁၀၀ ကျော်သုံးစွဲထားမှုက အရာမထင်သေးဘဲ ရှိနေခဲ့ပါတယ်။ 

ယူနိုက်တက်အနေနဲ့ လာမယ့်ပွဲတွေအဖြစ် အိမ်ကွင်းမှာ လိုက်ဇစ် (ချန်ပီယံလိဂ်)၊ အာဆင်နယ်တို့နဲ့ ကစားရမှာဖြစ်ပြီး ရလဒ်ကောင်းရဖို့ အရေးကြီးနေပြီဖြစ်ပါတယ်။ အဆိုပါနှစ်ပွဲအပြီး နောက်ထပ်အိမ်ကွင်းပွဲအဖြစ် ဝက်စ်ဟမ်း၊ ဆောက်သမ်တန်တို့ကို ပရီးမီးယားလိဂ်မှာရင်ဆိုင်ရမှာဖြစ်ကာ အဆိုပါနှစ်သင်းကို ပြီးခဲ့တဲ့ရာသီအိမ်ကွင်းပွဲတွေမှာ အနို်င်မရခဲ့ဘူးလို့ Goal.com ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ 


Author


က္က