နပန်းသမားရဲ့ သတ်ပုတ်ဟန်နဲ့ ဆင်တူနေခဲ့တာပါ။

မက်ဂွဲယားရဲ့ ဖျက်ထုတ်ဟန်ကို မြင်တွေ့ပြီးနောက် WWE နပန်းသမားကြီး ဟော့ခ်ဟူဂိုကိုတောင် သတိရသွားစေ တယ်လို့ အီဗရာက တင်စား နောက်ပြောင် သုံးသပ်ခဲ့ပါတယ်။

ဂိုးမရှိသရေကျခဲ့တဲ့ ယူနိုက်တက်-ချဲလ်ဆီးပွဲမှ ယူနိုက်တက် နောက်ခံလူ မက်ဂွဲယားရဲ့ WWE နပန်းသမားဟန် ကြမ်းတမ်းစွာ ဘောလုံးဖျက်ထုတ်ခဲ့မှုအပေါ် ယူနိုက်တက် ကစားသမားဟောင်းတစ်ဦးဖြစ်သူ အီဗရာကိုယ်တိုင်က မနေနိုင်တော့ပဲ ဝေဖန်ပြစ်တင်မှု ပြုလုပ်လာပါတယ်။



အဓိက အကြောင်းရင်းကတော့ ပြိုင်ဖက် ချဲလ်ဆီး ကစားသမား အက်ဇ်ပလီကျူတာအပေါ် ပင်နယ်တီ ဧရိယာအတွင်း ကြမ်းတမ်းစွာ ဖျက်ထုတ်ခဲ့သည့်တိုင် ကွင်းလယ်ဒိုင်က ပင်နယ်တီပေးဖို့ လျစ်လျူရှုခဲ့သလို မက်ဂွဲ ယားကိုလည်း ပြစ်ဒဏ် တစ်စုံတစ်ရာ ပေးခဲ့ခြင်း မရှိတာပါ။

အီဗရာက -“မက်ဂွဲယားအနေနဲ့ ကံကောင်းထောက်မလို့သာ ပြစ်ဒဏ်က လွတ်မြောက်ခဲ့တာ ဖြစ်ပြီး သူ့ရဲ့ အပြု အမူ က ကျွန်တော့်ကို နပန်းပွဲကြည့်ဖို့တောင် သတိပေးလိုက်သလိုပါပဲ။ချက်ခြင်းသတိရလိုက်တာကတော့ နပန်း သမား ဟော့ခ်ဟိုဂန်ပါပဲ။ဘယ်လိုမှကို အငြင်းပွားဖွယ်ရာမရှိ ပင်နယ်တီးပေးရမယ့် အနေအထား ပါပဲ။ ဒီအ ကြောင်းကို တစ်နေ့လုံး ပြောနိုင်ပါတယ်။”လို့ ပြောပါတယ်။

မက်ဂွဲယားရဲ့ အပြုအမူအပေါ် ပြစ်ဒဏ် တစ်စုံတစ်ရာ မပေးခဲ့တဲ့ အပေါ် အံ့အားသင့်ခဲ့တာကတော့ အီဗရာ တစ်ဦး တည်း မဟုတ်ပဲ အခြား ချဲလ်ဆီး အားပေးသူတွေကလည်း လူမှုကွန်ရက်ကတဆင့် ဝေဖန်မှုတွေ ရှိနေပါတယ်။

ယူနိုက်တက် ပြစ်ဒဏ်ကျူးလွန်ချိန်တိုင်း VARက မျက်စိတ်ပိတ်နေတတ်ပြီး အမြဲတမ်း တစ်ယောက်လျော့နဲ့ ယှဥ် ပြိုင်နေရသလိုပဲ စတဲ့ ဝေဖန်မှုတွေ ပေါ်လာခဲ့ပါတယ်။

Russell ဆိုတဲ့ ပရိသတ်တစ်ဦးကလည်း တွစ်တာကတဆင့် ဘောလုံးက ရယ်စရာပဲ၊ဆေးလ်ဗားက ရက်ရှ်ဖို့ဒ်ကို ခြေထောက်နဲ့ ထိမိတဲ့ အခိုက်အတန့်ကိုကျတော့ မတူညီတဲ့ ရှုထောင့် ၁၀ခုလောက်ကနေ ၄၇ခါလောက် ဗီဒီယိုပြန်ကြည့်ပြီး မက်ဂွဲယားက အက်ဇ်ပလီကျူတာကို လုပ်တာကျတော့ လုံးဝဂရုမစိုက်ဘူး။ စတဲ့ ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြတာ တွေ့မြင်ရပါတယ်။



က္က