လက်စတာကို ရှုံးလို့ အဆင့် ၁၀ နေရာထိ ဆင်းသက်ခဲ့ရပါပြီ။

လက်စတာအသင်းကို ၁၉၇၃ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ် အိမ်ကွင်းမှာ အရေးနိမ့်ခဲ့တာ ဖြစ်ပြီး ပွဲချိန် အတွင်း လာကာဇက်တီရဲ့ ခေါင်းတိုက်ဂိုးကို လူကျွံဘောအဖြစ် သတ်မှတ်ခဲ့တဲ့အပေါ်မှာတော့ အာဆင်နယ် နည်းပြ အာတီတာက မကျေနပ်နိုင်ပဲ ပေါက်ကွဲလျက် ရှိနေတာပါ။

လက်စတာအသင်းနဲ့ပွဲမှာ တိုက်စစ်မှူး လာကာဇက်တီရဲ့ ခေါင်းတိုက်ဘောကို လူကျွံတယ်ဆိုပြီး မပေးခဲ့တဲ့ အပေါ် အာဆင်နယ် နည်းပြ အာတီတာကတော့ ပေါက်ကွဲနေပါတယ်။



အာဆင်နယ်က လက်စတာကို အိမ်ကွင်းမှာ ၀-၁နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ အာဆင်နယ် နည်းပြ အာတီတာက BBC SPORTသတင်းဌာနကို ပြောသွားတာပါ။

“ပထမပိုင်း တစ်ပိုင်းလုံး ကျွန်တော်တို့ပွဲကို ထိန်းချုပ်ထားနိုင်ပါတယ်၊ဘောလုံးပိုင်ဆိုင်မှုလည်း သာပါတယ်။ဂိုး သွင်းခွင့်အချို့ ဖန်တီးနိုင်ခဲ့သလို ဂိုးလည်း ရခဲ့ပါတယ်။ဒါပေမယ့် ဘာကြောင့် ဂိုးမဖြစ်တာလဲဆိုတာတော့ နားမ လည်နိုင်ပါဘူး။ဒုတိယပိုင်းမှာတော့ သူတို့ ခံစစ်ကို ပိုအသားပေးလာပြီး ကျွန်တော်တို့အနေနဲ့ သူတို့အမှားကို စောင့်နေချိန် အတော်အတွင်းမှာပဲ အခွင့်အရေးတစ်ခု ပေးလိုက်ရပြီး ရှုံးခဲ့တာပါ။”လို့ အာတီတာက ဆိုပါတယ်။

ထောင့်ကန်ဘောကတဆင့် တိုက်စစ်မှူး လာကာဇက်တီခေါင်းတိုက် သွင်းယူခဲ့တဲ့ ဘောလုံးဟာ ဂိုးဝင်ခဲ့ပေမယ့် လည်း ကွင်းလယ် ဒိုင်လူကြီးကတော့ အခြားကစားသမားတွေ ဖြစ်တဲ့ အူဘာမီယန်းနှင့်ဇာခါတို့ လူကျွံနေတယ် ဆိုပြီး ဂိုးအဖြစ် မသတ်မှတ်ပေးခဲ့တာပါ။

ဒါ့အပြင် ပထမပိုင်း တစ်ပိုင်းလုံးမှာ အာဆင်နယ်အသင်းက လက်စတာအသင်းဖက်ကို ဂိုးပေါက် ၁၁ကြိမ် ကန် သွင်းခွင့်ရခဲ့ပေမယ့် လက်စတာ ဂိုးသမား ရှမိုက်ကယ် လက်စွမ်းပြနေခဲ့တာကလည်း အာဆင်နယ် အသင်းကို အခက်တွေ့စေခဲ့ပါတယ်။

အာဆင်နယ် တိုက်စစ်မှူး အူဘာမီယန်းအတွက်တော့ ပရီးမီးယားလိဂ် အဖွင့် ၅ပွဲ ကစားပြီးချိန် သွင်းဂိုး တစ်ဂိုးမှ မရရှိသေးတာကတော့ ဆိုးရွားတဲ့ မှတ်တမ်းတစ်ခုလည်း ဖြစ်စေခဲ့ပါတယ်။

“ကျွန်တော်တစ်ကယ် စိတ်ပျက်မိပါတယ်၊ပထမပိုင်းမှာကတည်းက ပွဲအဖြေက ကျွန်တော်တို့ လက်ထဲမှာပါ။ ဘယ်လို လူကျွံတယ်ဆိုတာကို နားမလည်နိုင်ဆုံး ဖြစ်နေရပါတယ်။ကျွန်တော်တို့ ရှုံးတဲ့ အဓိက အကြောင်းရင်း ကတော့ နောက်တန်းမှာ သူတို့ ကျွန်တော်တို့ကို ပိတ်ကစားခဲ့ပါတယ်၊အခွင့်အရေးတွေ မရတဲ့အချိန်မှာ ပြန်ပေး လိုက်ရတာ နာတာပါပဲ”လို့ အာတီတာက ဆက်လက်ဆိုပါတယ်။

အာဆင်နယ်အသင်းအတွက်တော့ လက်စတာအသင်းကို အခုလို ရှုံးနိမ့်လိုက်တဲ့အတွက် ပရီးမီးယားလိဂ် အဆင့် ရပ်တည်မှုမှာလည်း ၅ပွဲကစား ၃ပွဲနိုင်၂ပွဲရှုံး ရမှတ် ၉မှတ်နဲ့ အဆင့် ၁၀ နေရာမှာ ဆင်းသက်ရပ်တည်နေခဲ့ရပါပြီ။

ဒါ့အပြင် အခုရှုံးပွဲက အာဆင်နယ်အတွက် လက်စတာအသင်းကို ၁၉၇၃နောက်ပိုင်း အိမ်ကွင်းမှာ မရှုံးဖူးတဲ့ မှတ်တမ်းကောင်း ကျိုးပျက်ခဲ့ပါတယ်။

Share

Loading Next Article...
က္က