ဘန်လေနဲ့ပွဲမှာ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းပေးခဲ့ပြန်ပါပြီ။
Pyae Phyo Thein

ဆွန်ဟောင်မင်ဟာ ပြိုင်ပွဲစုံ ၉ ပွဲကစားအပြီးမှာ ၁၀ ဂိုးအထိ ရရှိထားပြီး ဂိုးဖန်တီးမှုကလည်း ၄ ကြိမ်အထိ ပြုလုပ်ထားပြီးဖြစ်ပါတယ်။


ဘန်လေကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ စပါးအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီးနောက် ဆွန်ဟောင်မင်ရဲ့ ဒီရာသီ ပရီးမီးယားလိဂ်သွင်းဂိုးဟာ ၈ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပြီး အသင်းဖော်တိုက်စစ်မှူးဟယ်ရီကိန်းထက်တောင် ၃ဂိုးပိုမိုသွင်းယူထားနိုင်ခဲ့ပြီး အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေပြီဖြစ်ပါတယ်။

ဆွန်ဟောင်မင်ဟာ ပြိုင်ပွဲစုံ ၉ ပွဲကစားအပြီးမှာ ၁၀ ဂိုးအထိ ရရှိထားပြီး ဂိုးဖန်တီးမှုကလည်း ၄ ကြိမ်အထိ ပြုလုပ်ထားပြီးဖြစ်ပါတယ်။ စုစုပေါင်း ၆၇၆ မိနစ်ကစားပေးထားခဲ့ပြီး ၆၇.၆ မိနစ်ကစားပြီးတိုင်းမှာ တစ်ဂိုးနှုန်းသွင်းယူပေးနေတာဖြစ်ပါတယ်။ မော်ရင်ဟိုအတွက်တော့ ဆွန်ဟောင်မင်က ပစ်ပယ်လို့မရတဲ့ကစားသမားအဖြစ် ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။ 


ဒီရာသီပရီးမီးယားလိဂ်မှာလည်း စပါးက ရဂိုး ၁၆ ဂိုးနဲ့ တိုက်စစ်အကောင်းဆုံးအသင်းအဖြစ်ရပ်တည်ပြီး ဆွန်ဟောင်မင်တစ်ဦးတည်းက သွင်းဂိုးထက်ဝက်ကို ရယူပေးထားတာလည်းဖြစ်ပါတယ်။ ဒါကြောင့် အဆင့်ငါးနေရာကို တက်လှမ်းလာနိုင်ခဲ့ပြီး ထိပ်ဆုံးက အဲဗာတန်နဲ့ နှစ်မှတ်သာကွာဟတဲ့ စပါးရဲ့ ရလဒ်တွေအတွက် ဆွန်က အဓိကထမ်းပိုးပေးနေတယ်ဆိုတာကလည်း ထင်ရှားနေခဲ့ပါတယ်။ 

အသက် ၂၈ နှစ်အရွယ်ရှိနေပြီး ကစားသမားဘဝအကောင်းဆုံးအသက်အရွယ်ကို ရောက်ရှိနေတဲ့ ဆွန်ဟောင်မင်ဟာ ပရီးမီးယားလိဂ်ဂိုးသွင်းအများဆုံးစာရင်းမှာလည်း ထိပ်ဆုံးမှာရှိနေခဲ့ပါတယ်။ သူ့ရဲ့နောက်မှာတော့ အဲဗာတန်က ကယ်လ်ဗတ်လီဝင်က ၇ ဂိုး၊ ဆာလာ နဲ့ ဘမ်းဖို့ဒ်တို့က ၆ ဂိုးစီနဲ့ ရပ်တည်နေကာ ဆွန်က အခြားသော ကမ္ဘာကျော်တိုက်စစ်မှူးတွေထက် ပိုမိုသာလွန်တဲ့ စွမ်းရည်ကို ပြသထားတယ်လို့ ကောက်ချက်ချရမှာလည်းဖြစ်ပါတယ်။ 


Author


က္က