တနင်္ဂနွေနေ့ ည ၁၁နာရီမှာ ယှဥ်ပြိုင်ကစားကြမှာပါ။

အာဆင်နယ်အသင်းကတော့ ပရီးမီးယားလိဂ်နောက်ဆုံး ၄ပွဲမှာ ၁ပွဲသာနိုင်ပြီး လီဗာပူး၊မန်စီးတီးနှင့်လက်စတာ အသင်းတို့ကို ရှုံးနိမ့်ထားပြီး လာမယ့် တနင်္ဂနွေနေ့ ည၁၁နာရီမှာတော့ ယူနိုက်တက်အသင်းကို အိုးထရက်ဖို့ဒ်မှာ ဆက်လက် ရင်ဆိုင်ရမှာပါ။

အာဆင်နယ်အသင်းအနေနဲ့ လာမယ့် ယူနိုက်တက်နဲ့ ကစားရမယ့် အဝေးကွင်းပွဲစဥ်မှာ လက်ရှိ ပရီးမီးယားလိဂ်မှာ ရှုံးပွဲဆက်နေမှုတွေကို ရပ်တန့်ပြဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် နောက်ခံလူ တစ်ဦး ဖြစ်သူ ဖာဒီနန်က BT Sportရဲ့ ဘောလုံးပွဲ သုံးသပ်မှု အစီအစဥ်တစ်ခုမှာ ပြောခဲ့ပါတယ်။



ဖာဒီနန်ကတော့ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ပွဲတွေမှာ အထိနာခဲ့ပြီး ဒီအခြေအနေတွေကို နည်းပြ အာတီတာ အနေနဲ့ လာမယ့် တနင်္ဂနွေနေ့ ယူနိုက်တက်နဲ့ပွဲမှာ အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာမယ်လို့ ယုံကြည်နေပါ တယ်။

“အာဆင်နယ်အတွက်တော့ ပါတေးကို ရရှိကတည်းက အောင်ပွဲခံပါတီပေးနေနိုင်ပြီ ဖြစ်ပေမယ့် တကယ့် မုန်တိုင်းက လာနေပါပြီ၊ဒီအခြေအနေကို ဘယ်လိုတုံ့ပြန်မလဲဆိုတာ ကျွန်တော် ပြောချင်တာပါ၊ဒီလိုပြောရတာ ကလည်း အရင်တုန်းကဆိုရင် အာဆင်နယ်ဟာ ကြိမ်ဖန်များစွာ မတုံ့ပြန်နိုင်ခဲ့ပါဘူး။အရှုံးသံသရာထဲမှာပဲ လည်ပြီး နောက်ဆုံးကျတော့ အဝေးကို ရောက်သွားတာပါပဲ။ဒီတစ်ကြိမ်တော့ ဒီလို ဖြစ်လို့ မရတော့ဘူးလို့ ယူဆပါတယ်။” လို့ ဖာဒီနန်ကဆိုပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ် ၆ပွဲ ကစားပြီးချိန်မှာ ၃ပွဲနိုင် ၃ပွဲရှုံးပြီး ရမှတ် ၉မှတ်နဲ့ အဆင့် ၁၁ နေရာမှာ ရပ်တည်နေရပါပြီ။

အခုလိုအချိန်မှာ အစဥ်အလာ ပြိုင်ဖက် ယူနိုက်တက်အသင်းနဲ့ တွေ့ဆုံနေတာဟာ ကစးသမားတွေကို စိတ် ကစားပွဲထဲ သွင်းပေးဖို့ အာတီတာမှာ တာဝန်ရှိနေပြီလို့လည်း ဖာဒီနန်က ဆိုပါတယ်။

“ဒီအချိန်ဟာ သူ့ အသင်းကို စိတ်ပိုင်းဆိုရာ ပြုပြင်ရမယ့်အချိန်ပါ၊သူလုပ်နိုင်မလားဆိုတာ ကြည့်ပါမယ်။”လို့ ဖာဒီ နန်က ဆိုပါသေးတယ်။

ဖာဒီနန်ကတော့ တစ်ချိန်က ယူနိုက်တက်အသင်းရဲ့ အသက်သွေးကြော ကစားသမားတစ်ဦး ဖြစ်ခဲ့ပေမယ့်လည်း လက်ရှိမှာ အားကစားအစီအစဥ် တင်ဆက်သူ ပီပီ သုံးသပ်ဆွေးနွေးသွားတာလည်း ဖြစ်ပါတယ်။



က္က