စပါးအသင်း တစ်ခုခု စွမ်းဆောင်ပြနိုင်လိမ့်မယ်လို့ ကိန်းက ယုံကြည်ကြောင်းထုတ်ဖော်ပြောလာတာပါ။

တိုက်စစ်မှူး ကိန်းနဲ့ဆွန်တို့ နှစ်ဦးပေါင်းပြီး ၉ဂိုးအထိ ရယူပြထားနိုင်ပြီ ဖြစ်ပြီး တစ်ဦးချင်း စွမ်းဆောင်ရည်မှာ လည်း ဆွန်က လိဂ်၆ပွဲမှာ ၈ဂိုးသွင်းပြီး ဂိုးသွင်းအများဆုံးအဖြစ် ဦးဆောင်နေကာ ကိန်းကတော့ စပါးအတွက် ပြိုင်ပွဲစုံမှာ ၁၃ ဂိုးအထိ ပါဝင်ပတ်သက်ထားနိုင်ပါတယ်။

ယခုနှစ်ဘောလုံးရာသီမှာ စပါးအသင်းဟာ တစ်ခုခုလုပ်ပြနိုင်တော့မယ်လို့ အသင်းခေါင်းဆောင် ဟယ်ရီကိန်းက ကြုံးဝါးပြောဆိုလာပါတယ်။ ဒီစကားကိုတော့ ဘန်လေကို အဝေးကွင်းမှာ ဆွန်ဟောင်မင်ရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ ပြောခဲ့တာလည်း ဖြစ်ပါတယ်။



ဘန်လေနဲ့ပွဲမှာတော့ စပါးအသင်းဟာ နှစ်ထပ်ခေါင်းတိုက်ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပြီး ကိန်းရဲ့ ပထမခေါင်းတိုက် ဘောလုံးကို ဆွန်ဟောင်မင်က ထပ်ဆင့် တိုက်ပြီး သွင်းယူခဲ့တာပါ။ ဒါကြောင့် ယခုနှစ်ဘောလုံးရာသီမှာ ကိန်းနှင့်ဆွန်ဟောင်မင် နှစ်ဦးပေါင်းပြီး သွင်းဂိုးဟာ ၉ဂိုးအထိရှိလာခဲ့ပြီး စပါး အသင်းဟာလည်း ပရီးမီးယားလိဂ်မှာ အဆ့င် ၅မှာ ရပ်တည်နေပါတယ်။

လက်ရှိ အသင်းရဲ့ ရပ်တည်မှုနဲ့ ပြိုင်ပွဲစုံ ၁၀ပွဲဆက် ရှုံးပွဲမရှိသေးတဲ့အပေါ် စိတ်လှုပ်ရှားမိကြောင်း၊ယူရိုပါလိဂ် အုပ်စု အဆင့်ကို ဖြတ်ကျော်ဖို့နဲ့ လက်ရှိ ကာရာဘောင် ကွာတားဖိုင်နယ် ရောက်ရှိနေမှုတွေအပေါ်မှာလည်း အရာရာ ပြောဖို့စောသေးပေမယ့် တစ်ခုခုတော့ ဒီရာသီမှာ စပါးအသင်းလုပ်ပြနိုင်လိမ့်မယ်လို့ ဟယ်ရီကိန်းက ယုံကြည်နေပါ တယ်။

“ကျွန်တော်နဲ့ဆွန် နှစ်ဦးပေါင်းပြီး ၉ဂိုးအထိ ဖန်တီးထားနိုင်ပြီဖြစ်ပြီး ဆက်လက်ချီတက်နိုင်မယ်လို့လည်း မျှော် လင့်ရပါတယ်၊သူနဲ့ကျွန်တော်နဲ့ကြားက နားလည်မှုက သူ့ကိုနောက်ကနေ ပြေးလမ်းဖော်ပေးပြီး တစ်ဦးနဲ့ တစ်ဦး အပြန် အလှန် ကူညီရင်း ယုံကြည်မှုတွေ တိုးလာနေတာမျိုးပါ။နောက်ပြီး အခု ဘန်လေနဲ့ပွဲမှာ လည်း ကျွန်တော့်ရဲ့ ဖန်တီး ပေးမှုက အံ့အားသင့်ဖို့ ကောင်းတာထက် ဆွန်ဆီကို အကျကောင်းသွားခဲ့တယ်လို့ပဲ မြင်ပါတယ်။”လို့ ကိန်း က ကန ဦးဆိုပါတယ်။

လက်ရှိမှာတော့ နှစ်ဦးပေါင်း ၉ဂိုးအထိ ရယူထားတာဟာ ပရီးမီးယားလိဂ် သမိုင်းမှာ ဒုတိယ ဂိုးအများဆုံး ဖန်တီး ထားနိုင်တဲ့ အတွဲအဖြစ် ချဲလ်ဆီးက ဒရော့ဘာနဲ့လမ်းပတ်တို့ရဲ့ ၃၉ဂိုးပြီးရင် ရပ်တည်နေပြီလည်း ဖြစ်ပါတယ်။

စပါးအသင်းအနေနဲ့ ၂၀၀၈ခုနှစ်က လိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ဆုဖလား လက်မဲ့ ဖြစ်နေခဲ့တာ ၁၂နှစ် ကြာမြင့်နေပြီ ဖြစ်ပြီး ၂၀၁၉ခုနှစ်တုန်းကတော့ ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို အသင်းသမိုင်းတစ် လျှောက် ပထမဆုံးအကြိမ် တက်လှမ်းနိုင်ခဲ့ပေမယ့် ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

“ဒီနေ့ အသင်း နေရာတစ်ခု ရောက်နေတာဟာ ကျွန်တော်တို့အသင်းမှာရှိတဲ့လူတွေ အားလုံး အနည်းဆုံး ၄နှစ် ၅နှစ်လောက် အတူတကွ ပူးပေါင်းရှိနေခဲ့တာကြောင့်လို့ ယူဆပါတယ်၊ကျွန်တော်တို့ အားလုံး အတူတူ ရှိနေရင် အသင်းတစ်သင်းအနေနဲ့ဆိုရင် ဒီရာသီမှာ တစ်ခုခုတော့ ထူးထူးခြားခြား စွမ်းဆောင်ပြနိုင်မှာပါ။”လို့ ကိန်းက ဆိုပါ တယ်။

ဒီလိုပြောလို့ စပါးအသင်း ပရီးမီးယားလိဂ် ချန်ပီယံဆု ရယူနိုင်ဖို့ အခြေအနေ ဘယ်လိုရှိလဲဆိုတဲ့ မေးခွန်း အပေါ်မှာ တော့ ပြောဖို့ စောသေးကြောင်း ကိန်းက ဆက်လက်ဆိုပါသေးတယ်။ “ပရီးမီးယားလိဂ်အတွက်တော့ ပြောဖို့ စောပါသေးတယ်၊တစ်ပွဲချင်းစီ အာရုံစိုက်ရပါမယ်၊ဒါပေမယ့် ကျွန်တော် ပြောနိုင်တာက အခုလို ညမျိုးတွေက ကျွန်တော်တို့ကို ယုံကြည်မှုတွေ ပိုမို တိုးလာစေမှာပါ။”လို့ ကိန်းက ဆိုပါ တယ်။

စပါးအသင်းအနေနဲ့ ယခုနှစ်မှာ စပယ်ရှယ်ဝမ်း နည်းပြကြီး မော်ရင်ဟိုရဲ့ ဦးဆောင်မှုနဲ့အတူ ဆုဖလား တစ်ခုခု ဆွတ်ခူးပြနိုင်မလား၊ဒါမှမဟုတ်အခြား အံ့အားသင့်စရာ စွမ်းဆောင်ပြမလား စိတ်ဝင်စားဖို့ ကောင်းနေပြီး ၁၂နှစ် ကြာ ဆုဖလား လက်မဲ့ ဖြစ်နေမှုကို ရပ်တန့်ပြနိုင်ရင်တော့ ပရိသတ်တွေက အထူး ဝမ်းသာကြမယ်လို့ ထင်ပါ တယ်။

လက်ရှိမှာတော့ စပါးအသင်းဟာ လာမယ့် ကြာသပတေးနေ့မှာ ယူရိုပါလိဂ် အုပ်စု ဒုတိယပွဲအဖြစ် အန့်ဝက်ဘ်အ သင်းနဲ့ အဝေးကွင်း ကစားဖို့ ရှိပြီး ပြီးရင်တော့ ဘရိုက်တန်အသင်းကို အိမ်ကွင်းမှာ လိဂ်ပွဲအဖြစ် ပြန်လည် ဧည့်ခံ ကစားရပါမယ်။

Share

Loading Next Article...
က္က