မစ်ဂျီလန်းနဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာပါ။
Pyae Phyo Thein

ဖာဘင်ဟိုက ရက်အနည်းငယ်ကြာ အနားယူရတော့မှာဖြစ်လို့ ဗဟိုခံစစ်ပိုင်းအားနည်းမှုပြသနာက ပိုမိုကြီးထွားလာတော့မှာဖြစ်ပြီး နည်းပြကြီးကလော့ပ်အတွက် ခေါင်းစားရဦးမှာဖြစ်ပါတယ်။


ဗဟိုနောက်ခံလူဗန်ဒိုက်က ဒူးအရွတ်ဒဏ်ရာကြောင့် ကာလရှညအနားယူရမှာဖြစ်လို့ ခံစစ်ပိုင်းအခက်အခဲတွေရှိနေခဲ့တဲ့ လီဗာပူးလ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ မစ်ဂျီလန်းနဲ့ပွဲမှာ ဖာဘင်ဟိုပါ ထပ်မံဒဏ်ရာရခဲ့လို့ ပိုမိုအခက်ကြုံလာခဲ့ရပြီဖြစ်ပါတယ်။ ကွင်းလယ်ခံစစ်ပိုင်းကို အဓိကတာဝန်ယူရတဲ့ ဖာဘင်ဟိုဟာ ဗန်ဒိုက်မကစားနိုင်လို့ ဗဟိုခံစစ်မှာ ကစားပေးနေရသူလည်းစြဖ်ပါတယ်။ 

ဖာဘင်ဟိုဟာ ပထမပိုင်းမှာပဲ တံကောက်ကြောဒဏ်ရာရရှိခဲ့လို့ သူ့နေရာမှာ ဝီလီယံနဲ့ ကလော့ပ်နဲ့ အစားထိုးခဲ့ရပါတယ်။ လီဗာပူးလ်က နိုင်ပွဲရရှိခဲ့ပေမယ့်လည်း ဖာဘင်ဟိုက ရက်အနည်းငယ်ကြာ အနားယူရတော့မှာဖြစ်လို့ ဗဟိုခံစစ်ပိုင်းအားနည်းမှုပြသနာက ပိုမိုကြီးထွားလာတော့မှာဖြစ်ပြီး နည်းပြကြီးကလော့ပ်အတွက် ခေါင်းစားရဦးမှာဖြစ်ပါတယ်။

"ဒဏ်ရာကို Scan ဖတ်စစ်ဆေးမှုရလဒ်ကို စောင့်ဆိုင်းရဦးမှာပါ၊ ဒါပေမယ့် ဒီလိုအချိန်မှာ ကြွက်သားပြသနာတက်တဲ့အချိန်ဆိုတာ အားလုံးလည်း သိမှာပါပဲ၊ အဲဒီတော့ ဘယ်လောက်ထိ သူ နားရမလဲဆိုတာကိုပဲ ပြောရတော့မှာပါ၊ အခုက တစ်ပတ်ကို သုံးပွဲ၊ ဆယ်ရက်ကို လေးပွဲနှုန်းကစားနေရပြီး ၁၄ ရက်ဆိုရင် ၇ ပွဲလောက်ထိ ကစားနေရပါတယ်"

"ဒါကြောင့် သူ ဒဏ်ရာရသွားတာက ဘယ်လိုမှကို အေးအေးဆေးဆေးဖြစ်မှာမဟုတ်ပါဘူး၊ ဒါပေမယ့် အခြေအနေက ဒီလိုပဲဖြစ်သွားပြီလေ" လို့ ကလော့ပ်က beIN Sprots ကို ပြောဆိုခဲ့ပါတယ်။ လီဗာပူးလ်အနေနဲ့ နိုဝင်ဘာလ ၁ ရက်နေ့မှာ ဝက်စ်ဟမ်း၊ ၄ ရက်နေ့မှာ အတ္တလန္တာ၊ ၈ ရက်နေ့မှာ မန်စီးတီးတို့နဲ့ ကစားရမှာဖြစ်ပြီး တစ်ပတ်အတွင်းမှာ ၃ပွဲကစားရမှာဖြစ်ပါတယ်။ 

ရင်ဆိုင်ရမယ့်ပြိုင်ဘက်တွေကလည်း ဂိုးသွင်းနိုင်စွမ်းရှိတဲ့ အသင်းတွေဖြစ်နေလို့ ဗဟိုခံစစ်ပိုင်းအားနည်းနေမှုက သူတို့ရဲ့ အားနည်းချက်ဖြစ်လာတော့မှာပါ။ ဒီအခွင့်အရေးကို ပြိုင်ဘက်တွေက အခွင့်ကောင်းယူနိုင်ခဲ့မယ်ဆိုရင်တော့ လာမယ့်ပွဲစဉ်တွေမှာ လီဗာပူးလ်ကို ရလဒ်ဆိုးတွေနဲ့ မြင်တွေ့ရနိုင်ဖွယ်လည်း ရှိနေပါတယ်။ 


Author


က္က