အဲဗာတန်အသင်းအနေနဲ့ ယခုနှစ်ရာသီမှာ ပထမဆုံးရှုံးပွဲကို ဆောက်သမ်တန်နဲ့ ပွဲမှာ ရရှိခဲ့ပါတယ်။
Kyaw Ko Ko Sint

ဆောက်သမ်တန် နောက်ခံလူကို နောက်က တက်နင်းခဲ့လို့ ကွင်းလယ်ဒိုင်က တိုက်ရိုက် အနီကဒ်ပြ ထုတ်ပယ်ခဲ့ပေ မယ့် အဲဗာတန်အသင်းက အယူခံဝင်ခဲ့ပြီး ယခုလို ပြစ်ဒဏ်လျော့ပေါ့ခွင့်ရခဲ့တာပါ။

တနင်္ဂနွေနေ့က ကစားခဲ့တဲ့ အဲဗာတန်နဲ့ဆောက်သမ်တန်အသင်းတို့ရဲ့ပွဲမှာ တိုက်ရိုက် အနီကဒ် ပြသခံခဲ့ရတဲ့ အဲဗာ တန် နောက်ခံလူ လူးကပ်စ်ဒင်းအနေနဲ့ ပုံမှန်ဆိုရင် ၃ပွဲပယ်ခံရမှာ ဖြစ်ပေမယ့်လည်း ယခုအခါ တစ်ပွဲသာ ပယ်ခံရ တော့မယ်လို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။

အသက် ၂၇ နှစ်အရွယ် လူးကပ်စ်အနေနဲ့ ဆောက်သမ်တန်ကို ၂-၀နဲ့ အ‌ရေးနိမ့်ခဲ့တဲ့ပွဲမှာ ပွဲကစားချိန်အတွင်း ပြိုင်ဖက် ဆောက်သမ်တန် ကစားသမား ဝေါ်လ်ကာပီတာကို တက်နင်းခဲ့မိလို့ အနီကဒ်ပြသခံခဲ့ရတာလည်း ဖြစ်ပါ တယ်။

အဲဗာတန် နည်းပြ အန်ဆယ်လော့တီကတော့ အဆိုပါ အနီကဒ် ပြစ်ဒဏ်ကို ရယ်စရာအဖြစ် ဖော်ပြခဲ့ပြီး အယူခံဝင် မယ်လို့လည်း ဆိုခဲ့ပါသေးတယ်။

လက်ရှိမှာတော့ အနီကဒ် ပြစ်ဒဏ်ကို ပယ်ဖျက်ပေးခဲ့ခြင်း မရှိပေမယ့်လည်း မူလ ၃ပွဲပယ်ကနေ ၂ပွဲလျော့ချပေး လိုက်တာပါ။

အကြောင်းကတော့ လူးကပ်စ်အနေနဲ့ ပြိုင်ဖက် ကစားသမားကို ရည်ရွယ်ချက်ရှရှိ တက်နင်းခဲ့တာ မဟုတ်ပဲ နှစ်ဦး သားဘောလုံးကို ရည်ရွယ်ချက်ထားပြီး ပြေးရင်းလွှားရင်း မတော်တဆ တက်နင်းခဲ့မိတယ်လို့ ယူဆခဲ့ကြပြီး အခု လိုပြစ်ဒဏ်ကို လျော့ပေါ့ပေးခဲ့တာလည်း ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိမှာတော့ လူးကပ်စ်ဟာ အဲဗာတန်အသင်းရဲ့ လာမယ့် တနင်္ဂနွေနေ့မှာ ကစားမယ့် နယူးကာဆယ် နဲ့ပွဲကို လွဲချော်မှာ ဖြစ်ပြီး နိုဝင်ဘာ ၇မှာ ဆက်လက်ကစားရမယ့် ယူနိုက်တက်နဲ့ပွဲမှာတော့ ပြန်လည်ပါဝင်လာနိုင် မှာပါ။


Author


က္က