ဗန်ဒီဘိခ်ကတော့ ယူနိုက်တက်မှာ အရံခုံမှာသာ အချိန်ကုန်ဆုံးနေရတာ များနေခဲ့ပါတယ်။

ဗန်ဒီဘိခ်ကို ယခုနွေရာသီကမှ ပေါင် ၃၅သန်းနဲ့ အေဂျက်ကနေ ခေါ်ယူခဲ့ပေမယ့် ပွဲထွက် ၂ပွဲသာာ ပါဝင်ထားပြီး ကျန်ပွဲတွေမှာလည်း မိနစ်အချို့သာ ထည့်သွင်းအသုံးပြုထားတဲ့အပေါ် ဝေဖန်မှုတွေ မြင့်တက်လာလျက်ရှိနေပါ တယ်။

ဒိုနီဗန်ဒီဘိခ်ဟာ ယူနိုက်တက်အသင်းမှာ အကြီးမားဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်လာမယ်လို့ နည်းပြ ဆိုးလ်ရှားက ထုတ်ဖော်ပြောလာပါတယ်။



ယခုနှစ်နွေရာသီကမှ အေဂျက်အသင်းကနေ ပေါင် ၃၅သန်းနဲ့ ခေါ်ယူထားတဲ့ နယ်သာလန် ကွင်းလယ်လူ ဗန်ဒီ ဘိခ်ဟာ အေဂျက်အသင်းနှင့်အတူ အကောင်းဆုံး ခြေစွမ်းတွေ ပြသခဲ့ပြီး အေးဂျက်အသင်းကို လိဂ်ဖလားနဲ့ ရှုံး ထွက်ဖလား ၂ကြိမ်ရရှိအောင် စွမ်းပေးနိုင်ခဲ့သူပါ။

လက်ရှိ ယူနိုက်တက်ကို ရောက်ချိန်မှာတော့ ပြိုင်ပွဲစုံ ၇ပွဲပါဝင်ကစားထားနိုင်ပေမယ့် ၂ပွဲသာ ပွဲထွက်ပါဝင် ကစားပေးထားနိုင်ပါသေးတယ်။

ဒါ့အပြင် ချဲလ်ဆီးအသင်းလို့ အင်အားကြီး အသင်းနဲ့ ယှဥ်ပြိုင်ကစားရချိန်မှာလည်း နည်းပြဆိုးလ်ရှားက ဗန်ဒီဘိခ် ကိုထည့်သွင်းအသုံးမပြုခဲ့တဲ့အတွက် အားကစားကလောင်ရှင်တွေရဲ့ ဝေဖန်မှုကိုလည်း ခံနေရပါတယ်။

“ကျွန်တော်တို့ သူ့ကို ပွဲတိုင်းသုံးဖို့ အစီအစဥ် မရှိပါဘူး။ကျွန်တော်တို့အသင်းရဲ့ စွမ်းရည် အတိမ်အနက်ကို လူတိုင်း ကပြောနေကြပါတယ်။ကျွန်တော်တို့ ရည်မှန်းချက်အကြောင်းတွေပြောကြတယ်။အခုချိန်မှာ ၂ရက်နဲ့ ၃ရက်အ တွင်းမှာ တစ်ပွဲနှုန်းကစားနေချိန် တစ်သင်းလုံးကို ကျွန်တော်လိုအပ်နေတာပါ။”လို့ ဆိုးလ်ရှားက ဆိုပါတယ်။

ဒါပေမယ့်လည်း ဗန်ဒီဘိခ်ကို မသုံးပဲ အရံခုံပို့ထားတဲ့အပေါ်မှာတော့ ယူနိုက်တက်ရဲ့ ကစားသမားဟောင်း ဖြစ်သူ အီဗရာနဲ့လီဗာပူးအသင်းရဲ့ ကစားသမားဟောင်းဖြစ်သူ ကာရေဂါတို့ကတော့ အားကစားသုံးသပ်မှု အစီအစဥ်တစ်ခု မှာ ဝေဖန်မှုအချို့ လုပ်ခဲ့ပါသေးတယ်။

“သူ့ကို ကလပ်အသင်းက စာချုပ်ချုပ်ဆိုတာ မေးခွန်းထုတ်ချင်ပါတယ်၊တကယ်ဆိုရင် ယူနိုက်တက်မှာ ကွင်းလယ် လူတွေ အများကြီးရှိနေပြီးသားပါ၊”လို့ အီဗရာက မေးခွန်းထုတ်ခဲ့ပါတယ်။

ဒီအပေါ်မှာတော့ ယူနိုက်တက်အနေနဲ့ တီဗီအစီအစဥ်တစ်ခုမှာ မြန်မြန်ပြောလိုက်ရတာကို နားလည်ပြီး ဒီလို ပြော နေချိန်မှာ အရေးကြီးတဲ့ ပထမဆုံး ပွဲစဥ် ၃ပွဲ ကစားဖို့လည်း မရှိတာကိုတော့ သိသင့်ပါတယ်။”လို့ ဆိုးလ်ရှားက ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ဆိုးလ်ရှားက ယူနိုက်တက်မှာရှိစဥ် သူပွဲတွေ အများကြီး မကစားခဲ့ရပေမယ့် အသင်းမှာ သူဟာ အရေးပါ တဲ့သူ ဖြစ်ခဲ့ကြောင်းနဲ့ အသင်း‌ဖော်တစ်ဦးက မင်းဟာအသင်းမှာ အရေးမပါဘူးလို့ ပြောခဲ့ရင်တော့ စိတ်ပျက်မိလိမ့် မယ်လို့လည်း ဆိုးလ်ရှားက ခိုင်းနှိုင်းပြောပါသေးတယ်။

အဆုံးသတ်အနေနဲ့ ဒိုနီဟာ ယူနိုက်တက်ရဲ့ အင်မတန်မှ အရေးကြီးတဲ့ ကစားသမားတစ်ဦး ဖြစ်လာမှာမို့လို့ အခု မြင်နေရတဲ့ မြင်ကွင်းတွေကို ကြည့်ပြီး စိတ်မချ မဖြစ်လိုက်ပါနဲ့လို့ ဆိုးလ်ရှားက ဆိုခဲ့ပါတယ်။

ယူနိုက်တက်အသင်းကတော့ ယနေ့ညမှာ ချန်ပီယံလိဂ် အုပ်စု ဒုတိယပွဲအဖြစ် လိုက်ပ်ဇစ်အသင်းနဲ့ ယှဥ်ပြိုင် ကစားဖို့ ရှိနေပါတယ်။

Share

Loading Next Article...
က္က