မနှစ်က ဘောလုံးရာသီ လက်ရှိအချိန်ထက် ၄၂ရာခိုင်နှုန်းအထိ ဒဏ်ရာရမှုနှုန်း မြင့်မားလာပါတယ်။
Kyaw Ko Ko Sint

ဒဏ်ရာရမှုနှုန်းတွေက ပွဲစဥ်ဇယား ရေးဆွဲမှုအပေါ်မှာ သက်ဆိုင်နေတယ်လို့လည်း ချဲလ်ဆီးနည်းပြ လမ်းပတ်က သုံးသပ်ထားပြီး အရင်လို လူစားလဲမှု ၅ဦးစနစ်ကို ပရီးမီးယားလိဂ်မှာ ပြန်လည် ကျင့်သုံးပေးစေချင်တယ် လို့လည်း ဆိုပါတယ်။

ဝက်စ်ဟမ်းအသင်းရဲ့ တိုက်စစ်မှူး အန်တိုနီယိုလည်း တံကောက်ကြော အရွတ် စုတ်ပြဲ ဒဏ်ရာကြောင့် အနည်း ဆုံး ၆ပတ်ခန့် နားရတော့မယ်လို့ သိရပါတယ်။

ဒီလိုမျိုး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကစားသမားတွေ အရွတ်အပျော့စား ဒဏ်ရာတွေ ရရှိလာတဲ့ နှုန်းထားကတော့ မနှစ်က ဘောလုံးရာသီ ဒီလိုအချိန်ထက် ၅၀ရာခိုင်နှုန်းနီးပါး တိုးမြင့်နေပြီလို့လည်း Daily Mail ကဖောပြလာါ တယ်။

လက်ရှိမှာတောဝက်စ်ဟမ်း တိုက်စစ်မှူးဟ ဓာတ်မှန်ရိုက်စစ်ဆေးမှုအရ အရွတ်စုတ်ပြဲမှုနှုန်း အဆင့် ၂လို့ သိရပြီး ဒီ ဒဏ်ရာကိုတော့ မန်စီးတီးနဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲမှာ ရရှိခဲ့တာပါ။

အန်တိုနီယိုနည်းတူ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးအသင်းမှာလည်း ဒီလိုမျိုး အလားတူ အရွတ်စုတ်ပြဲ ဒဏ်ရာရရှိ သူတွေ ရှိနေပြီး နောက်ခံလူတွေ ဖြစ်တဲ့ ဗန်ဒိုက်နဲ့ဖာဘင်ဟိုတို့ ဖြစ်ပါတယ်။

ဗန်ဒိုက် ဒဏ်ရာရသွားလို့ အနည်းဆုံး ၆လလောက် နားရတော့မယ့်အချိန် အစားဝင်ကစားတဲ့ ဖာဘင်ဟိုကလည်း အလားတူ နီးစပ်တဲ့ ဒဏ်ရာကြောင့် မဖြစ်မနေ ၃ပတ်ခန့်တော့ အနားယူရတော့မှာပါ။

ပရီးမီးယား ဒဏ်ရာရ စစ်တမ်းများအရ ပရီးမီးယားလိဂ်မှာ ကြွက်သား ဒဏ်ရာရရှိသူ ၇၈ယောက်အထိ ရှိခဲ့တယ်လို့ သိရပြီး ဒါဟာ မနှစ်ကထက် ဒဏ်ရာရသူ ၅၅ဦး တိုးလာပြီး ရာခိုင်နှုန်းအရဆိုရင်လည်း ၄၂ ရာခိုင်နှုန်း အထိ မြင့် တက်လာတယ်ဆိုတာလည်း သိရပါတယ်။

အဆိုပါ ဒဏ်ရာရ စာရင်းတွေထဲမှာတော့ ဗန်ဒိုက်နည်းတူ မန်စီးတီးက ဒီဘရိုင်းနဲ့လက်စတာက ဗာဒီတို့လည်း ပါဝင် နေကြပါတယ်။

ဒီလိုမျိုး ဖြစ်နေရခြင်းကတော့ အကြင်နာတရားမဲ့စွာ ရေးဆွဲထားတဲ့ ပွဲချိန် ဇယားတွေကြောင့် ကစားသမားတွေမှာ မလိုအပ်ပဲ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်တယ်လို့လည်း ချဲလ်ဆီး နည်းပြ လမ်းပတ်က ထုတ်ဖော် ပြောထားပါသေးတယ်။

ဒီလိုမျိုး ပွဲစဥ် ဇယား ကြပ်မှုကြောင့်လည်း လူစားလဲမှု နဂို ၃ဦးမှ ၅ဦးထိ တိုးမြှင့်ပေးထားမှုကို ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ပြိုင်ပွဲတွေမှာ ဆက်လက် ကျင့်သုံးနေပြီး ပရီးမီးယားလိဂ်မှာတော့ ကျင့်သုံးပြီးမှ ပြန်လည် ပယ်ဖျက် ထားပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က