မနက်ဖြန်မှာ ကစားကြရမယ့်ပွဲအတွက် သုံးသပ်ခဲ့တာပါ။

ယူနိုက်တက်ဟာ ပြိုင်ပွဲစုံနောက်ဆုံးလေးပွဲဆက်တိုက်အရေးနိမ့်ထားခြင်းမရှိဘဲ ပီအက်စ်ဂျီ၊ လိုက်ဇစ်တို့လိုအသင်းတွေကို အနိုင်ယူထားနိုင်ခဲ့ပါတယ်။


ဘောလုံးပွဲဝေဖန်သုံးသပ်သူတစ်ဦးဖြစ်တဲ့ မိုက်ကယ်အိုဝင်က အာဆင်နယ်အနေနဲ့ မားကပ်ရက်ရှ်ဖို့်ဒ်ကို ထိန်းချုပ်နိုင်မယ်ဆိုရင် အိုးထရက်ဖို့ဒ်က အပြန်မှာ ရမှတ်ယူဆောင်သွားနိုင်လိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ မနက်ဖြန်မှာ ကစားရမယ့် ပွဲစဉ်အတွက် အိုဝင်က ခန့်မှန်းခဲ့တာဖြစ်ပြီး အာဆင်နယ်က သရေကစားနိုင်စွမ်းရှိတယ်လို့ ယူဆခဲ့တာဖြစ်ပါတယ်။ 



ယူနိုက်တက်ဟာ ပြိုင်ပွဲစုံနောက်ဆုံးလေးပွဲဆက်တိုက်အရေးနိမ့်ထားခြင်းမရှိဘဲ ပီအက်စ်ဂျီ၊ လိုက်ဇစ်တို့လိုအသင်းတွေကို အနိုင်ယူထားနိုင်ခဲ့ပါတယ်။ အာဆင်နယ်ကတော့ ရလဒ်ပိုင်းအနည်းငယ်ကျဆင်းနေပြီး ပရီးမီးယားလိဂ်မှာ မန်စီးတီးနဲ့ လက်စတာတို့ကို ဆက်တိုက်ရှုံးနိမ့်ခဲ့ကာ ယူရိုပါလိဂ်မှာတော့ ဂိုးပြတ်နိုင်ပွဲပြန်လည်ရရှိထားခဲ့ပါတယ်။ 

အိုဝင်က "ရာသီအစပိုင်းမှာ အာဆင်နယ်က အမြင့်ပျံခဲ့ပေမယ့် လက်ရှိရလဒ်က ကျဆင်းနေပါတယ်၊ ဒါကြောင့် သူတို့အနေနဲ့ ဒီပွဲက သူတို့အတွက် အခွင့်အရေးကောင်းပြန်ယူနိုင်မယ့်ပွဲလို့ မြင်နေမှာပါ၊ ယူနိုက်တက်ကလည်း ဒီပွဲကိုအနိုင်ကစားဖို့ကိုပဲ ဦးတည်မှာပါ၊ ဥရောပပွဲရလဒ်ကောင်းက သူတို့ရဲ့ ယုံကြည်မှုအဆင့်ကို တိုးပွားစေမှာပါ၊ ရက်ရှ်ဖို့်ဒ်က တကယ်တောက်ပနေပြီး ယူနို်က်တက်ရဲ့ အန္တရာယ်တစ်ခုပါပဲ"

"ဒါပေမယ့် အာဆင်နယ်ကသာ သူ့ကိုထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင်တော့ သူတို့အဝေးကွင်းမှာ ရမှတ်ရယူသွားနိုင်ပါလိမ့်မယ်" လို့ အိုဝင်က ပြောဆိုခဲ့ကြောင်း Metro သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အာဆင်နယ်ကတော့ ပြီးခဲ့တဲ့ ၁၄ နှစ်တာကာလအတွင်း အိုးထရက်ဖို့ဒ်မှာ နိုင်ပွဲလုံးဝမရခဲ့ဘဲ အမြင့်ဆုံးအနေနဲ့ သရေသာကစားနိုင်ခဲ့ပြီး သူ့လက်ထက်မှာ အဆိုပါစံချိန်ဆိုးကို အာတီတာက ချိုးဖျက်ချင်နေတယ်လို့လည်း သိရပါတယ်။ 

ယူနိုက်တက်အနေနဲ့ ဒီရာသီမှာ အိမ်ကွင်းရလဒ်တွေဆိုးရွားနေခဲ့ပြီး ပဲလေ့စ်၊ စပါးတို့ကို အရေးနိမ့်ထားခဲ့ပါတယ်။ ချယ်လ်ဆီးနဲ့လည်း သရေသာကစားနိုင်ခဲ့ပြီး အာဆင်နယ်ကိုအနိုင်ရခဲ့မယ်ဆိုရင်တော့ ဒီရာသီပရီးမီးယားလိဂ်မှာ ပထမဆုံးအိမ်ကွင်းနိုင်ပွဲကို ရယူနိုင်မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်အိမ်ကွင်းပွဲမှာတော့ လိုက်ဇစ်ကို ၅ ဂိုးအထိသွင်းယူပြီး အနိုင်ယူထားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က