အိုးထရက်ဖို့ဒ်မှာ နိုင်ပွဲမရတာ ၁၄ နှစ်တိုင်ခဲ့ပါပြီ။

မန်စီးတီး နဲ့ လက်စတာတို့ကို ဆက်တိုက်အရေးနိမ့်မှုကနေ ရုန်းထွက်ဖို့အတွက် အိုးထရက်ဖို့ဒ်မှာ ကစားရမယ့်ပွဲက အခွင့်အရေးတစ်ခုဖြစ်တယ်လို့ အာတီတာက ဆိုခဲ့ပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းနဲ့ကစားရမယ့် အဝေးကွင်းပွဲစဉ်မှာ သူ့အသင်းရလဒ်ကောင်းရနိုင်မယ်လို့ အာဆင်နယ်နည်းပြအာတီတာက မျှော်လင့်နေပါတယ်။ မန်စီးတီး နဲ့ လက်စတာတို့ကို ဆက်တိုက်အရေးနိမ့်မှုကနေ ရုန်းထွက်ဖို့အတွက် အိုးထရက်ဖို့ဒ်မှာ ကစားရမယ့်ပွဲက အခွင့်အရေးတစ်ခုဖြစ်တယ်လို့ အာတီတာက ဆိုခဲ့ပါတယ်။ 



အာဆင်နယ်ဟာ အမှတ်ပေးပွဲတွေမှာ ဆက်တိုက်အရေးနိမ့်ခဲ့ပေမယ့် ယူရိုပါလိဂ်မှာတော့ ဂိုးပြတ်နိုင်ပွဲရရှိခဲ့ပြီး ယူနိုက်တက်နဲ့ပွဲမတိုင်ခင် စိတ်ပိုင်းဆိုင်ရာအရ အင်အားဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်းပဲ အာတီတာက အိုးထရက်ဖို့ဒ်မှာ ၁၄ နှစ်ကြာ နိုင်ပွဲမရတဲ့ စံချိန်ကို ချိုးဖျက်ဖို့ စိတ်အားထက်သန်နေပြီး မန်ချက်စတာကအပြန်မှာ အနိုင်သုံးမှတ်ကို ယူဆောင်သွားချင်နေပါတယ်။ 

"အာဆင်နယ်က ယူနိုက်တက်ကို အိုးထရက်ဖို့ဒ်မှာ အနိုင်မရတာ ၁၄ နှစ်လောက်ရှိပြီလို့ ကျွန်တော်ထင်ပါတယ်၊ လက်စတာကိုအရေးနိမ့်ပြီး ကျွန်တော်တို့ နိုင်ပွဲပြန်ရခဲ့သလို (ယူရိုပါလိဂ်နိုင်ပွဲ)မျိုး အိုးထရက်ဖို့ဒ်ကို သွားပြီး နိုင်ပွဲရအောင်ကြိုးစားဖို့က အကောင်းဆုံးပဲလို့ ကျွန်တော်ထင်ပါတယ်" လို့ အာတီတာက ပြောဆိုခဲ့ပါတယ်။ 

"စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်မစိုးရိမ်ပါဘူး၊ ဘာလို့လဲဆိုတော့ လက်ရှိသွားနေတဲ့ လမ်းကြောင်းနဲ့ ကျွန်တော်တို့ တိုးတက်ပြောင်းလဲမှုကို အားလုံးမြင်နိုင်တာပဲလေ၊ လီဗာပူးလ်၊ မန်စီးတီးတို့နဲ့ပွဲမှာ ကျွန်တော်တို့ ရှုံးနိမ့်ခဲ့ပေမယ့် အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပါတယ်၊ အဲဒီပွဲတွေက ပုံစံအတိုင်း အိုးထရက်ဖို့ဒ်ကိုသွားပြီး အနိုင်ယူဖို့ ကြိုးစားမှာပါ၊ ပိုပြီးကျစ်လစ်လာဖို့၊ အပတ်တိုင်းမှာ သနားကြင်နာမှုကင်းမဲ့တဲ့အသင်းတစ်သင်းအဖြစ်ဖြစ်လာဖို့ မျှော်လင့်ပါတယ်" လို့ သူက ထပ်ပြောခဲ့ပါတယ်။ 


အိုးထရက်ဖို့ဒ်မှာ ၁၄ နှစ်တိုင်တို်င် အနိုင်မရရှိထားတဲ့ အာဆင်နယ်အတွက် မျှော်လင့်ချက်အဖြစ်ကတော့ ဒီရာသီမှာ ယူနို်က်တက်က အိမ်ကွင်းအမှတ်ပေးပွဲ ၃ပွဲစလုံးကို အနိုင်မရရှိထားတာဖြစ်ပါတယ်။ နှစ်ပွဲရှုံးကာ တစ်ပွဲသရေကျထားခဲ့တာဖြစ်ပြီး ဒီအချက်က အာဆင်နယ်အတွက် အခွင့်အရေးကောင်းတစ်ခုဖြစ်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ။ 

Share

Loading Next Article...
က္က