ဝေါလ်ကာရဲ့ အနားတမ်းကန်ချက်နဲ့ ရှက်ဖီးကို အနိုင်ရခဲ့တာပါ။

ယူနိုက်တက်အနေနဲ့ မနက်ဖြန်မှာ အာဆင်နယ်နဲ့ ပွဲကြပ် ကစားဖို့ ရှိနေတာကြောင့် လက်ရှိ ကွာဟနေတဲ့ ၄မှတ်ကို အနိုင်ကစားနိုင်မှ အမှတ်ကပ်ကာ အဆင့် ၁၅ကနေ တက်လာနိုင်လာမှာဖြစ်ပါတယ်။

နည်းပြ ပတ်ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းကတော့ ၂၈မိနစ်မှာ ရရှိတဲ့ ဝေါ်လ်ကာရဲ့ မနားတမ်းကန်ချက်နှင့်အတူ တစ်လုံးတည်းသော ဂိုးနဲ့ အိမ်ရှင် ရှက်ဖီး အသင်းကို အနိုင်ရခဲ့ပါတယ်။



ယနေ့ပွဲမှာ မန်စီးတီးအသင်းအနေနဲ့ အထောင် တိုက်စစ်မှူး စစ်စစ်မပါဝင်နိုင်ခဲ့ပဲ အထောင်တိုက်စစ်နေရာမှာ လူ ငယ်တိုက်စစ်မှူး ဖာရန်တောရက်စ်ကို အသုံးပြုခဲ့ပြီး သူ့ကိုတော့ စတားလင်းနဲ့ မာရက်ဇ်တို့ကို ဝန်းရံစေခဲ့ပါတယ်။

မန်စီးတီးအသင်းအနေနဲ့ ယခုပွဲမှာ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကစားနိုင်ခဲ့ပေမယ့် ဂိုးဖန်တီးနိုင်မှု အားနည်းခဲ့လို့ အခုလို ကျဥ်းမြောင်းတဲ့ ရလဒ်နဲ့သာ အနိုင်ရခဲ့တာပါ။

အခုပွဲ အနိုင်ရတဲ့အတွက် မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်မှာ ၆ပွဲကစားပြီး ရမှတ် ၁၁မှတ်နဲ့ အဆင့် ၇နေရာကို တက်လှမ်းနိုင်ပါပြီ။

မန်စီးတီးရဲ့ နိုင်ပွဲကြောင့် အဓိက ပြိုင်ဖက် ယူနိုက်တက်အတွက် အနည်းငယ် ဖိအားပိုမို ဝင်သွားစေခဲ့ပြီ ဖြစ်ပါ တယ်။

အကြောင်းကတော့ ယူနိုက်တက်အသင်းဟာ မနက်ဖြန်မှာ အာဆင်နယ်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာ ဖြစ်လို့ လက်ရှိ ၄မှတ်လျော့နည်းနေချိန် အမှတ်ပိုမကွာဖို့ ရုန်းကန်ရတော့မှာပါ။

ဒါကြောင့် ယူနိုက်တက်အတွက် ဖိအားဝင်သွားစေခဲ့ပြီ ဖြစ်ပြီး အာဆင်နယ်အသင်းကို မဖြစ်မနေ အနိုင်ကစားထား ကာမှ မန်ချက်စတာ ဒါဘီပြိုင်ပွဲမှာ နောက်ကျ မကျန်စေခဲ့မှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းကတော့ မနက်ဖြန်မှာ အာဆင်နယ်အသင်းနဲ့ ပွဲကြပ် ကစားရမှာ ဖြစ်ပြီး အနိုင်မရပါက‌ အောက်ခြေကနေ ရုန်းထနိုင်ဖို့ ပိုမို ဖိအားဝင်သွားစေမှာလည်း ဖြစ်ပါတယ်။

ယနေ့ပွဲမှာ မန်စီးတီးကို အရေးနိမ့်ခဲ့တဲ့ ရှက်ဖီးအသင်းကတော့ လက်ရှိအချိန်ထိ နိုင်ပွဲရှာမတွေ့သေးပဲ ဝက်စ်ဘ ရွန်း၊ဘန်လေနဲ့ ဖူဟမ်အသင်းတို့လည်း နိုင်ပွဲမတွေ့ကြသေးပါဘူး။

Share

Loading Next Article...
က္က