ရှက်ဖီးကို အနိုင်ရစေတဲ့ တစ်လုံးတည်းသော သွင်းဂိုးကို သွင်းပေးခဲ့သူပါ။

ရှက်ဖီးကို ကိုက်၂၀အကွာကနေ လှလှပပ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် အောင်ပွဲခံခဲ့ခြင်း မရှိတဲ့အပေါ် ဝေါ်လ်ကာက ပြန်လည်ရှင်းလင်းခဲ့တာပါ။

မန်စီးတီးအသင်းကတော့ နောက်ခံလူ ဝေါ်လ်ကာရဲ့ မနားတမ်း အဝေးကန်ချက်တစ်လုံးတည်းနဲ့ ရှက်ဖီး ယူနိုက် တက်အသင်းကို အနိုင်ရခဲ့ပါတယ်။



ပွဲချိန် ၂၈မိနစ်မှာ ဝေါ်လ်ကာရဲ့ လှပသေသပ်တဲ့ ကိုက် ၂၀အဝေးက ကန်ချက် ဂိုးဝင်သွားချိန်မှာတော့ ဝေါ်လ်ကာ ဟာ အောင်ပွဲခံခဲ့ခြင်း လုံးဝမရှိခဲ့ပါဘူး။

“ကျွန်တော့်အဖေနဲ့အမေလည်း ဒီပွဲကို တိုက်ရိုက်ကြည့်ရှုနေပါတယ်၊တကယ်လို့ ကျွန်တော် အောင်ပွဲခံလိုက်ရင် အများကြီး အရိုက်ခံရတော့မှာပါ။ကျွန်တော်ကိုယ်တိုင်ကလည်း ရှက်ဖီးအသင်းပရိသတ်တစ်ဦး ဖြစ်နေပါတယ်။ ဒါကြောင့် ကျွန်တော် အောင်ပွဲမခံတာပါ။”လို့ ပွဲအပြီး အင်တာဗျူးမှာ ဝေါ်လ်ကာက BT Sportကို ပြောခဲ့ပါတယ်။

ဝေါ်လ်ကာဟာ တောင်ပိုင်းယော့ခ်ရှိုင်းယား၊ရှက်ဖီးလ်မှာ မွေးဖွားခဲ့တဲ့ ဂျမေကာနွယ်ဖွား အင်္ဂလန်နိုင်ငံသားတစ်ဦး ဖြစ်ပါတယ်။

လူငယ်ကစားသမားဘဝကိုလည်း ရှက်ဖီးယူနိုက်တက်အသင်းမှာ ၁၉၉၇ခုနှစ်ကနေ စတင်ခဲ့တာဖြစ်ပြီး ၂၀၀၈-၀၉ဘောလုံးရာသီမှာတော့ စီနီယာအသင်းကြီးထံ ပါဝင်ခွင့်ရလာခဲ့ပါတယ်။

အဲ့နောက် ၂၀၀၉-၁၀ ဘောလုံးရာသီအစမှာ စပါးအသင်းထံ ရောက်ရှိလာပြီး ရောက်ရောက်ချင်းမှာပဲ ရှက်ဖီး စီနီယာ အသင်းထံ တစ်နှစ် အငှားနဲ့ ပြန်လည်ပြောင်းရွှေ့ ကစားကာ ၂၆ပွဲထိ ပါဝင်နိုင်ခဲ့ပါတယ်။

မန်စီးတီးအသင်းကတော့ နိုင်ပွဲကြောင့် ၆ပွဲကစားပြီးချိန် ရမှတ်၁၁နဲ့ အဆင့် ၇နေရာကို တက်လှမ်းနေနိုင်ပြီ ဖြစ်ပါ တယ်။


ဆက်စပ်အကြောင်းအရာများ



က္က