ဘောလုံးပွဲ ဝေဖန်သုံးသပ်သူတွေက ပြောဆိုခဲ့ကြတာပါ။

လီဗာပူးလ်ဟာ အိမ်ကွင်းမှာ အဓိကကစားသမားတချို့ မပါဝင်နိုင်ဘဲ ဝက်စ်ဟမ်းကို ဧည့်ခံခဲ့ရပြီး ပွဲချိန်အစောပိုင်းမှာပဲ ဥိးဆောင်ဂိုးပေးခဲ့ရပါတယ်။


ဝက်စ်ဟမ်းနဲ့ပွဲမှာ အသင်းအတွက် ပယ်နယ်တီကတဆင့် ချေပဂိုးသွင်းယူပေးခဲ့တဲ့ မိုဟာမက်ဆာလာဟာ ဟန်ဆောင်လှဲချခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ ဘောလုံးဝေဖန်သုံးသပ်သူ ဂရေမီဆောင်းနက်စ်အပါအဝင် ပရိသတ်တွေကလည်း ဆာလာဟာ ပုံမှန်ထက်ပိုမိုတဲ့လှဲချမှုမျိုးကို ပြုလုပ်ခဲ့တယ်လို့ ပြောဆိုနေခဲ့ပါတယ်။ 



လီဗာပူးလ်ဟာ အိမ်ကွင်းမှာ အဓိကကစားသမားတချို့ မပါဝင်နိုင်ဘဲ ဝက်စ်ဟမ်းကို ဧည့်ခံခဲ့ရပြီး ပွဲချိန်အစောပိုင်းမှာပဲ ဥိးဆောင်ဂိုးပေးခဲ့ရပါတယ်။ ဒီဦးဆောင်ဂိုးကို ပွဲချိန် ၄၂ မိနစ်မှာရရှိခဲ့တဲ့ ပယ်နယ်တီကတဆင့် ဆာလာက ချေပပေးခဲ့ပြိး ၈၅ မိနစ်မှာ လူစားဝင်ကစားသမား ဂျိုတာက အနိုင်ဂိုးသွင်းယူပေးခဲ့လို့ အန်ဖီးလ်မှာ အနိုင် ၃ မှတ်ရရှိခဲ့ပါတယ်။ 

အနှေးပြကွက်တွေအရ ဆာလာဟာ ဝက်စ်ဟမ်းနောက်ခံလူ မာဆူကူနဲ့ ထိခိုက်မိပြီး လဲကျခဲ့တာဖြစ်ပါတယ်။ VAR ပြန်လည်ကြည့်ရှုခဲ့ပြီးနောက် ကွင်းလယ်ဒိုင်လူကြီးက ပယ်နယ်တီအဖြစ် သတ်မှတ်ပေးခဲ့ရာမှာ ဝေဖန်သုံးသပ်သူတွေအဖြစ် တာဝန်ယူခဲ့တဲ့ ဆောင်းနက်စ်၊ ဆင်ကလဲယားတို့က ဆာလာဟာ အလွယ်တကူပဲ လဲကျခဲ့ပြီး ဒိုင်လူကြီးအနေနဲ့ ဝေ၀ါးစိတ်နဲ့ ပယ်နယ်တီပေးခဲ့တယ်လို့ ပြောဆိုခဲ့ကြပါတယ်။

ဆောင်းနက်စ်က "ကျွန်တော်သာ ပရီးမီးယားလိဂ်မှာ ဒိုင်လူကြီးဆိုရင် ပယ်နယ်တီပေးမှမဟုတ်ပါဘူး၊ ဆာလာကို အခုလိုမျိုး အလွယ်တကူပဲလှဲချနေတာကို ကျွန်တော်ခဏခဏမြင်နေရပါတယ်၊ သဘာဝအတိုင်းလဲကျခဲ့တာမဟုတ်ဘဲ သူ့ကို ကန်ကျောက်ခဲ့တာလည်းမဟုတ်ပါဘူး၊ ဝက်စ်ဟမး်ကစားသမားနဲ့ သူ ထိခဲ့တယ်ဆိုတာကတော့ မှန်ပါတယ်၊ ဆာလာကိုယ်တိုင်က လှဲချဖို့အတွက် အားထုတ်ခဲ့တာပါ" လို့ Sky Sports ကနေ ပြောဆိုခဲ့ပါတယ်။

ဆင်ကလဲယားကလည်း "ထိခိုက်ခဲ့တယ်ဆိုတာမှန်ပါတယ်၊ ဒါက သံသယဖြစ်စရာမရှိပါဘူး၊ ဒါပေမယ့် ဆာလာက လွယ်လွယ်လေးလှဲချပစ်ခဲ့ပါတယ်၊ ကီဗင်ဖရန့် ပယ်နယ်တီပေးတာတော့ ကျွန်တော်အံ့အားသင့်မိပါတယ်၊ ဆာလာကလည်း ဒီလိုမျိုးလုပ်ဖို့ကို ရည်ရွယ်နေတာပါ" လို့ talkSport ကတဆင့် ပြောဆိုသွားခဲ့ပါတယ်။ လီဗာပူးလ်ကတော့ ဒီနိုင်ပွဲကြောင့် ပြီးခဲ့တဲ့နှစ်ပေါင်း ၄၀ က တင်ထားခဲ့တဲ့ အိမ်ကွင်း ၆၃ ပွဲဆက်ရှုံးပွဲမရှိစံချိန်ကို လိုက်မီခဲ့ပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က