သူ့ကြောင့်ပေးလိုက်ရတဲ့ ပင်နယ်တီး တစ်လုံးတည်းနဲ့ အာဆင်နယ်ကို အရေးနိမ့်ခဲ့တာပါ။

ပေါ့ဂ်ဘာက သူ့အနေနဲ့ ဘယ်ာလာရင်ကို နောက်မှ ဖျက်ထုတ်ပြီးမှ ပင်နယ်တီးအတွင်းမှာ ဖြစ်နေတယ်ဆိုတာ သိ လိုက်ရတယ်လို့လည်း ထုတ်ဖော်ပြောခဲ့ပါတယ်။

ယူနိုက်တက်က အာဆင်နယ်အသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ၀-၁နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ မိမိအနေနဲ့ မိုက်မဲ တဲ့ ဖျက်ထုတ်မှုမျိုး ပြုလုပ်ခဲ့မိတယ်လို့ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဂ်ဘာက ဝန်ခံ ထွက်ဆိုခဲ့ပါတယ်။



ယူနိုက်တက်အသင်းအနေနဲ့ ပေါ့ဂ်ဘာကြောင့် ပေးလိုက်ရတဲ့ ပင်နယ်တီ ပြစ်ဒဏ်ဘောကတဆင့် အာဆင် နယ်အသင်း ရရှိသွားတဲ့ သွင်းဂိုး တစ်ဂိုးတည်းနဲ့ အာဆင်နယ်အသင်းကို အရေးနိမ့်ခဲ့တာပါ။

တကယ်ဆိုရင် ဘယ်လာရင်ကို ပေါ့ဂ်ဘာ နောက်ကနေ ခြေထောက် မထိုးခံခင် ဘယ်လာရင်ဟာ ဂိုးပေးရလောက် မယ့် အန္တရာယ်ရှိတဲ့ အနေအထားမှာ ရှိမနေခဲ့ပါဘူး။

ဒါကြောင့် ပေါ့ဂ်ဘာရဲ့ ဖျက်ထုတ်မှုက မလိုအပ်ပဲ မိုက်မဲတဲ့ ဖျက်ထုတ်မှု ဖြစ်ခဲ့ပြီး ပြိုင်ဖက်ကို အသာစီး ရရှိစေခဲ့ ကာ ၁၄နှစ်ကြာ အာဆင်နယ်အသင်းကို အိမ်ကွင်းမရှုံးထားတဲ့ မှတ်တမ်းလည်း ရပ်တန့်သွားရပါတယ်။

“အသက်ရှုမှားစေခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်သလို မိုက်မဲတဲ့ အမှားလည်း ဖြစ်ခဲ့ပါတယ်၊ကျွန်တော်သူ့ကို အနည်း ငယ်ထိလိုက်မိချိန်မှာပဲ သိလိုက်တာက ဟာသွားပြီ စည်းထဲမှာပဲလို့ သိလိုက်ရပါတယ်၊ကျွန်တော့်အနေနဲ့ စည်းထဲ မှာ ဘယ်လို ဟန့်တားရမလဲ ကောင်းကောင်းမသိတာ ဝန်ခံပေမယ့် ကောင်းကောင်းသင်ယူနိုင်ပါတယ်။”လို့ ပေါ့ဂ် ဘာက BBC SPORTကို ပြောခဲ့ပါတယ်။

ပေါ့ဂ်ဘာကြောင့် ပင်နယ်တီ ပေးရတာ နည်းပြဆိုးလ်ရှားလက်ထက် ၃ကြိမ်အထိ ရှိလာခဲ့ပြီး ဒါဟာ ယူနိုက်တက် အသင်းမှာ အများဆုံး ပင်နယ်တီ ပေးခံရအောင် လုပ်သူအဖြစ်လည်း ရှိနေပါတယ်။

ယူနိုက်တက်အသင်းကတော့ အာဆင်နယ်အသင်းကို အရေးနိမ့်ခဲ့လို့ ၆ပွဲကစား ၂ပွဲနိုင်၁ပွဲသရေ ၃ပွဲရှုံးပြီး အဆင့် ၁၅နေရာမှာ ရပ်တည်နေရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က