အယ်လီနီကတော့ ယူနိုက်တက်နဲ့ပွဲမှာ အာဆင်နယ်အတွက် အကောင်းဆုံး ကစားနိုင်ခဲ့သူပါ။

အာဆင်နယ်အသင်းက ယူနိုက်တက်ကို အိုးထရက်ဖို့ဒ်မှာ လိဂ်နိုင်ပွဲမရတာ ၁၄နှစ်ကြာမြင့်နေပြီ ဖြစ်ပြီး တနင်္ဂနွေ နေ့မှာတော့ အဆိုပါ မှတ်တမ်းဆိုးကို ချေဖျက်နိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ယူနိုက်တက်နှင့် ပွဲမတိုင်မီကတည်းက အဆိုပါပွဲကို အနိုင်ရမယ်ဆိုတာ ကြိုတင် တွက်ဆထားပြီး ဖြစ်ကြောင်း ကွင်းလယ်လူ အယ်လီနီက ထုတ်ဖော်ပြောလာပါတယ်။



တစ်ကယ်လည်းအာဆင်နယ်အသင်းက ယူနိုက်တက်ကို ပွဲအပြီးမှာ ၀-၁နဲ့ အနိုင်ရခဲ့ပြီး ၁၄နှစ်ကြာ အိုးထရက်ဖို့ဒ် မှာ ပရီးမီးယားလိဂ် နိုင်ပွဲမရခဲ့တဲ့ မှတ်တမ်းဆိုးကို ပယ်ဖျက်နိုင်ခဲ့ပါတယ်။

“အံ့အားသင့်လောက်တဲ့ ခံစားမှုမျိုးပါ၊အရမ်းပျော်ပါတယ်၊”လို့ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူ အယ်လီနီက ဆိုပါတယ်။

အယ်လီနီကတော့ အဆိုပါပွဲမှာ အသင်းရဲ့ ကွင်းလယ်လူပါတေးနှင့် အကောင်းဆုံး တွဲဖက် ကစားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

“ဒီပွဲမတိုင်ခင် တော်တော်ကြာကတည်းက ဒီနေ့ ဒီအချိန် ဒီကွင်းမှာ အနိုင်ရမယ်ဆိုတာ ကျွန်တော်တို့ အားလုံး သိ ရှိထားခဲ့ကြပြီးသားပါ။ဒါကြောင့်လည်း ပွဲမှာ အားလုံး အလုပ်ပြင်းပြင်းထန်ထန်လုပ်ပြီး ၁၀၀ရာခိုင်နှုန်း ပေးဆပ် ကစားခဲ့ကြတာပါ။ဒီအရာက ဘယ်လောက်ထိ ထူးခြားနေမလဲဆိုတာ သိပါတယ်။”လို့ အယ်လီနီက ဆက်လက် ဆိုပါသေးတယ်။

ဒါ့အပြင် အာဆင်နယ်အသင်းက ကစားပုံ ကောင်းလျက်နဲ့ ပထမပိုင်းမှာ ဂိုးမသွင်းနိုင်ခဲ့တဲ့ အပေါ်မှာလည်း စိုးရိမ် စိတ်မဖြစ်ခဲ့ပဲ - “ ဂိုးမရနေသေးသည့်တိုင် ကျွန်တော်တို့ ပွဲကို စိုးမိုးထားလျက်ပါပဲ၊တစ်ချိန်မဟုတ်တစ်ချိန်မှာ ဂိုး သွင်းမယ်ဆိုတာ သိနေပါတယ်၊ဂိုးသွင်းခွင့်တွေလည်း ကျွန်တော်တို့က ပိုရခဲ့ပါတယ်။”လို့ အယ်လီနီက ထောက်ပြ ပြောဆိုခဲ့ပါတယ်။

အယ်လီနီကတော့ စစ်တမ်းတွေအရ အဆိုပါပွဲမှာ အသင်းရဲ့ ကွင်းလယ်ကို အကောင်းဆုံး တည်ဆောက်နိုင်ခဲ့ပြီး ဘောလုံးပေးပို့မှု ၆၆ ကြိမ်မှာ တိကျမျု ၅၅ကြိမ်နဲ့ ပြိုင်ဖက် ကွင်းဖက်ခြမ်းမှာ ဘောလုံးပေးပို့မှု ၃၉ကြိမ်ပြုလုပ် နိုင်ခဲ့ပြီး ဒါဟာ အာ ဆင်နယ် တစ်သင်းလုံးမှာ အားလုံးထက် အကြိမ်ရေ အများဆုံး စွမ်းဆောင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ယူနိုက်တက်ကို အနိုင်ရလို့ ၇ပွဲကစား ၄ပွဲနိုင် ၃ပွဲရှုံး ၁၂မှတ်နဲ့ အဆင့် ၉မှာ ရပ်တည် နေပြီး ယူနိုက်တက်ကတော့ ၇မှတ်သာ ရထားလို့ အဆင့် ၁၅မှာ ရပ်တည်နေရပါတယ်။

Share

Loading Next Article...
က္က