မန်စီးတီးအသင်းနှင့်အတူ ၂၀၂၃အထိ စာချုပ်သက်တမ်းရှိနေပေမယ့်လည်း အသင်းကတော့ တစ်ဦးလျှင် ပေါင် ၄သိန်းစီ အထိ တိုးမြှင့်ကာ စာချုပ်သက်တမ်း တိုးမြှင့်ဖို့ လုပ်ဆောင်နေတာပါ။
မန်စီးတီးအသင်းကတော့ သူတို့အသင်းရဲ့ အဓိက ကစားသမားနှစ်ဦးကို ကြီးမားတဲ့ မက်လုံးတွေပေးပြီး အသင်းမှာ ဆက်ရှိနေရေး ကြိုးပမ်းနေပြီ ဖြစ်ပါတယ်။
90Min သတင်းဌာနရဲ့ ဖော်ပြချက်အရ ၎င်းကစားသမားနှစ်ဦးကို မန်စီးတီးက ပရီးမီးယားလိဂ်ရဲ့ ဝင်ငွေအများဆုံး ကစားသမား ကစားသမားအဖြစ် ဂုဏ်တင်ပြီး ဆက်လက်ထိန်းသိမ်းမယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ကစားသမားနှစ်ဦးစလုံးဟာအသင်းနဲ့ ၂၀၂၃ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်နေသေးပြီး နှစ်ဦးစ လုံးကိုတော့ တစ်ပတ်လုပ်ခ ပေါင် ၄သိန်းအထိ တူညီစွာပေးပြီး အသင်းမှာ ဆက်ထိန်းဖို့ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
ပရီးမီးယားလိဂ်မှာ လုပ်ခ လစာ အမြင့်မားဆုံးကစားသမားက မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂိုးသမား ဒီဂီ ယာဖြစ်ပြီး အသားတင် လုပ်ခပေါင် ၃၇၅၀၀၀ရရှိနေတာပါ။
ဒီဘရိုင်းနဲ့စတားလင်းကတော့ မန်စီးတီးမှာ အသားတင်လုပ်ခ ၃၂၀၈၃၃နဲ့၃၀၀၀၀၀ ကိုယ်စီ ရရှိနေကြပြီး ယခု မန်စီးတီးက ထပ်မံ ကမ်းလှမ်းမယ့် ပေါင် ၄သိန်းကြောင့် လုပ်ခအမြင့်ဆုံး ကစားသမားတွေ ဖြစ်လာတော့မှာပါ။
အာဆင်နယ်အသင်းက ပေါင် ၃၅၀၀၀၀ နဲ့ ဝင်ငွေအများဆုံးရနေတဲ့ အိုလ်ဇေးကတော့ အသားတင် လုပ်ခက ပေါင် ၂၆၈၇၅၀သာရရှိထားပြီး လုပ်ခအမြင့်ဆုံး ၅ယောက်မြောက် ကစားသမားအဖြစ် ရပ်တည်နေပါတယ်။