ဂိုးသမားသစ် မန်ဒီရဲ့ စွမ်းဆောင်ရည်ကလည်း အရေးပါခဲ့ပါတယ်။

ပြိုင်ပွဲစုံ ၅ပွဲဆက်၊ချန်ပီယံလိဂ် ၃ပွဲဆက် ပေးဂိုး မရှိ စွမ်းဆောင်ထားနိုင်ခဲ့တဲ့ ချဲလ်ဆီးအသင်းဟာ ၁၀နှစ် အတွင်း ပထမဆုံး အကြိမ်လည်း ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ယနေ့ မနက်က ယှဥ်ပြိုင်ကစားခဲ့တဲ့ ရန်းနက်စ်အသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဥ်မှာ ၃-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။



ဒီပွဲကြောင့် ချဲလ်ဆီးအသင်းဟာ ချန်ပီယံလိဂ်မှာ ၂ပွဲနိုင် ၁ပွဲသရေကျပြီး ရဂိုး ၇ဂိုးနဲ့ ပေးဂိုး လုံးဝမရှိထားကာ လီဗာ ပူးအသင်းနှင့်အတူ ပြိုင်ပွဲရဲ့ ပေးဂိုး လုံးဝမရှိသေးတဲ့ အသင်းတွေအဖြစ် ရပ်တည်နေပါတယ်။

ဒီမတိုင်ခင်အထိတော့ ချဲလ်ဆီးအသင်းရဲ့ ခံစစ်ဟာ ဆိုးရွားခဲ့ပြီး ပထမဆုံး ပရီးမီးယားလိဂ် ၅ပွဲမှာ ပေးဂိုးက ၁၁ဂိုး အထိ ရှိနေခဲ့လို့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

ဒီလို ဝေဖန်ခံနေရမှုတွေကိုတော့ ပြိုင်ပွဲစုံ ၅ပွဲဆက် ပေးဂိုး လုံးဝမရှိဘူးဆိုတဲ့ ရလဒ်နဲ့ ပြန်လည်ချေပနိုင်ခဲ့ပြီ ဖြစ်ပြီး ဒါဟာ အသင်းသမိုင်းမှာ ၁၀နှစ်အတွင်း ပထမဆုံးလည်း ဖြစ်လာပါတယ်။

ချဲလ်ဆီးအသင်းဟာ နည်းပြ အန်ဆယ်လော့တီလက်ထက် ၂၀၀၉-၁၀ ဘောလုံးရာသီက ပြိုင်ပွဲစုံ ၅ပွဲဆက် ပေးဂိုး မရှိခဲ့ပြီးတဲ့နောက်ပိုင်း အခုလိုမျိုး ပေးဂိုးမရှိ ပွဲဆက်ဟာ ၁၀နှစ်အတွင်း ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

အလားတူပဲ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၃ပွဲဆက် ပေးဂိုးမရှိတာကလည်း ၂၀၀၉-၁၀ ဘောလုံးရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပြန်ပါတယ်။

ဒီလိုမျိုး ချဲလ်ဆီးအသင်းရဲ့ နောက်တန်း ကျစ်လျစ်လာတာဟာ ဂိုးသမားသစ် မန်ဒီရဲ့ စွမ်းဆောင်ရည်က အဓိက ကျတဲ့ အခမ်းကဏ္ဍက ပါဝင်နေပြီး သူပါဝင်ကစားထားတဲ့ ပြိုင်ပွဲစုံ ၇ပွဲမှာ ပေးဂိုးက ၁ဂိုးသာ ရှိထားတာလည်း ဖြစ် ပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာတော့ ၃ပွဲနိုင်၃ပွဲသရေ၁ပွဲရှုံးပြီး ရမှတ် ၁၂မှတ်နဲ့အဆင့် ၇နေရာမှာ ရပ် တည်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က