နည်းပြရဲ့ ရှေ့နာမည်ကို ခေါ်‌ဝေါ်တာဟာ လေးစားမှုမရှိဘူးလို့ ကိန်းက ဝေဖန်ခဲ့တာပါ။

ကစားသမားတွေကို အခေါ်အဝေါ်နဲ့ ပတ်သက်ပြီး လွတ်လပ်ခွင့်ပေးထားပြီး အချို့ကတော့ Coachလို့ခေါ်ပြီး တချို့ကလည်း Bossလို့ ခေါ်ကြကာ အူဘာကတော့ မီခေးလ်ဆိုပြီး ရှေ့နာမည်သာ ခေါ်ခဲ့တဲ့အပေါ် ရွိုင်ကိန်းက လေးစားမှု မရှိဘူးလို့ ထောက်ပြဝေဖန်လာတာပါ။

ကစားသမားတွေဆီက လေးစားမှုမရှိတဲ့ အပြုအမူမျိုး လုံးဝမခံစားမိဘူးလို့ အာဆင်နယ်အသင်းရဲ့ နည်းပြ အာတီ တာက ထုတ်ဖော်ပြောလာပါတယ်။



ဒီလိုပြောလာရတာကတော့ ယူနိုက်တက်နဲ့ ပွဲအပြီး အင်တာဗျူးမှာ အသင်းခေါင်း အူဘာမီယန်းက အာတီတာရဲ့ ရှေ့ နာမည်ကို ခေါ်ဝေါ် ပြောဆိုပြီး ဒါဟာ လေးစားမှု မရှိတဲ့သဘောတလို့ ယူနိုက်တက် ကစားသမားဟောင်း ရွိုင် ကိန်းက ဝေဖန်ခဲ့တာကြောင့် ဖြစ်ပါတယ်။

“အူဘာအနေနဲ့ နည်းပြရဲ့ ရှေ့နာမည်ကို ခေါ်တာဟာ နည်းပြအပေါ် လေးစားမှုမရှိတာပါပဲ၊အာတီတာက အသင်းရဲ့ မန်နေဂျာပါ၊သူဌေးဆိုလည်း ခိုင်းနှိုင်းလို့ရပါတယ်၊မီခေးလ်ဆိုပြီး သူ့နာမည်ကို မသုံးသင့်ပါဘူး။သူတို့ဟာ အသင်းဖော်တွေ မဟုတ်ကြပါဘူး။”လို့ ကိန်းက Sky Sportsရုပ်သံနဲ့ ပွဲပြီး သုံးသပ်တဲ့ အစီအစဥ်မှာ ပြောခဲ့တာပါ။

ဒီလို ဝေဖန်ခံရတဲ့အပေါ်မှာတော့ အာတီတာက ယူရိုပါလိဂ် ကစားမယ့် ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြန်လည် တုံ့ပြန် ပြောဆိုခဲ့ပါတယ်။

“ကျွန်တော်ဘယ်လိုမှ မခံစားရပါဘူး၊ကစားသမားတွေကို လွတ်လပ်စွာပဲ အခွင့်အရေး ပေးထားပါတယ်၊တချို့က ကျွန်တော့်ကို Coachလို့ခေါ်ပြီး တချို့ကလည်း Bossလို့ ခေါ်ကြပါတယ်။အဝတ်လဲခန်းအတွင်းမှာလည်း အားလုံး ပျော်ပျော်ရွှင်ရွှင်ပါပဲ၊လေးစားမှု မရှိတာကိုတော့ လုံးဝရှာမတွေ့ပါဘူး။ရွိုင်အနေနဲ့ ဘာလို့ ဒီလိုပြောရတာလဲဆိုတာ ကိုလည်း နားလည်ပါတယ်။ဒီလိုမျိုးဖြစ်စဥ်ကတော့ ကျွန်တော် အသင်းနဲ့ ပြန်လည်မပူးပေါင်းခင်မှာ ဖြစ်ခဲ့တယ်ဆို တာ သိရပေမယ့် အခုတော့ မဟုတ်ပါဘူး။”လို့ အာတီတာက ပြန်လည်ပြောခဲ့ပါတယ်။

အာတီတာရဲ့ ပြောစကားအရ အာဆင်နယ်အသင်းမှာ ဒီလိုမျိုး ကစားသမားက နည်းပြအပေါ် လေးစားမှု မရှိတဲ့ ဖြစ်ရပ်မျိုးတွေ သူ့မတိုင်ခင်က ရှိခဲ့နိုင်တယ်ဆိုတဲ့ စကားဟာ ယခင် နည်းပြ အမ်မရီလက်ထက်မှာများ ရှိခဲ့တာ လားဆိုတာကလည်း တွေးစရာပါ။

လက်ရှိ နည်းပြ အာတီတာအနေနဲ့ အာဆင်နယ်အသင်းမှာ နည်းပြမလုပ်စဥ် မန်စီးတီးအသင်းနည်းပြ ပတ်ဂွါဒီယို လာလက်အောက်မှာ လက်ထောက်နည်းပြအဖြစ် ၃နှစ်လောက် တာဝန်ထမ်းဆောင်ခဲ့သူပါ။

ဒါကြောင့် နည်းပြချုပ်တာဝန်ကို အာဆင်နယ်အသင်းနှင့်အတူ ပထမဆုံး စတင် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်လို့ ကစားသမားတွေရဲ့ လေးစားမှု မရနိုင်မယ့် အခြေအနေတစ်ခုအပေါ်မှာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင်ကစားသ မားကြီး ရွိုင်ကိန်းက သုံးသပ်ထောက်ပြလာတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာလည်း အာတီတာရဲ့ အသက်က ၃၈နှစ်သာရှိသေးလို့ ကစားသမားတွေရဲ့ အသက်နဲ့လည်း သိပ်မကွာသ လို အိုလ်ဇေးဆိုရင် သူ့ရဲ့ အသင်းဖော်တောင် ဖြစ်ခဲ့ပါသေးတယ်။

လက်ရှိမှာတော့ အာဆင်နယ်အသင်းက ယူရိုပါလိဂ် အုပ်စု၂ပွဲကစားအပြီး ၂ပွဲစလုံးနိုင်ကာ အုပ်စုကို ဦးဆောင်ထား နိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က