ဆိုးလ်ရှားကတော့ နည်းပြထိုင်ခုံအစွန်းတဖက်ကို ရောက်ရှိနေပါပြီ။
Pyae Phyo Thein

ပြီးခဲ့တဲ့ပွဲတွေမှာကတည်းက ဖိအားတွေရှိနေခဲ့တဲ့ ဆိုးလ်ရှားဟာ လိုက်ဇစ် နဲ့ ပီအက်စ်ဂျီတို့ကို အနိုင်ရခဲ့လို့ သက်သာရာရခဲ့ပြီးမှ အာဆင်နယ်နဲ့ အစ္စတန်ဘူလ်ကို ဆက်တိုက်ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ 


အစ္စတန်ဘူလ်ကို တူရကီမြေပေါ်မှာ အရေးနိမ့်ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြဆိုးလ်ရှားနေရာကို အစားထိုးဖို့အတွက် စီစဉ်နေပြီလို့ သတင်းတွေထွက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ပွဲတွေမှာကတည်းက ဖိအားတွေရှိနေခဲ့တဲ့ ဆိုးလ်ရှားဟာ လိုက်ဇစ် နဲ့ ပီအက်စ်ဂျီတို့ကို အနိုင်ရခဲ့လို့ သက်သာရာရခဲ့ပြီးမှ အာဆင်နယ်နဲ့ အစ္စတန်ဘူလ်ကို ဆက်တိုက်ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ 

ထုတ်ပယ်ခံရတော့မယ်လို့ သတင်းတွေထွက်ပေါ်လာတိုင်း ရလဒ်ကောင်းတွေရယူပြီး နည်းပြရာထူးတည်မြဲခဲ့တဲ့ ဆိုးလ်ရှားအတွက် ဒီတစ်ကြိမ်တော့ အခြေအနေက သိပ်မဟန်တော့ဘူးလို့ အင်္ဂလန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ အသင်းရဲ့ အာဏာအရှိဆုံးပုဂ္ဂိုလ်ဖြစ်နေတဲ့ ဝုဒ်ဝက်ဒ်ကိုယ်တိုင်က ဆိုးလ်ရှားအပေါ် အမြင်မကြည်လင်တော့ဘူးလို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

မန်ချက်စတာညနေခင်းသတင်းစာရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ စပါးနည်းပြဟောင်းပိုချက်တီနိုကို တရားဝင်ချိတ်ဆက်မှုတွေပြုလုပ်နေပြီလို့ သိရပါတယ်။ ပိုချက်တီနိုကတော့ Sky Sports နဲ့ လက်တွဲကာ ဘောလုံးပွဲတင်ဆက်သူတစ်ဦးအဖြစ် လုပ်ကိုင်ဖို့ အင်္ဂလန်ကို ပြန်ရောက်လာခဲ့ပြီး အချိန်ကိုက်စွာနဲ့ပဲ ဆိုးလ်ရှားရဲ့ နည်းပြထိုင်ခုံကလှုပ်ခတ်လာခဲ့တာဖြစ်ပါတယ်။ 

အာဂျင်တီးနားလူမျိုးနည်းပြကလည်း ပရီးမီးယားလိဂ်မှာ နည်းပြအဖြစ်နဲ့ ပြန်လည်လုပ်ကိုင်ဖို့ စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီးသားဖြစ်ပါတယ်။ အစ္စတန်ဘူလ်နဲ့ပွဲမှာ ယူနိုက်တက်ရဲ့ ကစားပုံက စိတ်ပျက်စရာအသွင်ဆောင်နေခဲ့ပြီး ရီယိုဖာဒီနန်၊ ပေါလ်စခိုးတို့လို အသင်းဂန္ထဝင်ကစားသမားတွေကိုယ်တိုင် စိတ်အပျက်ကြီးပျက်ကာ အသင်းကို ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။ 

ဘွတ်ကီတွေရဲ့ အလေးပေးမှုတွေမှာဆိုရင်လည်း ဆိုးလ်ရှားက ထုတ်ပယ်ခံရမယ့် နည်းပြအဖြစ် ထိပ်ဆုံးကနေရေပန်းစားနေခဲ့ပြီး သူ့နေရာအစားဝင်မယ့်နည်းပြအဖြစ် ပိုချက်တီနိုက ရေပန်းအစားဆုံးဖြစ်လာပါတယ်။ နာမည်ကျော်ဘွတ်ကီဒိုင်တွေရဲ့ အလေးပေးမှု၊ လက်ရှိအနေအထားတွေအရဆိုရင် အဲဗာတန်နဲ့ပွဲဟာ ဆိုးလ်ရှားရဲ့ ယူနိုက်တက်နည်းပြဘဝနောက်ဆုံးပွဲ ဖြစ်လာဖို့တောင်ရှိနေတယ်လို့ သိရပါတယ်။ 


Author


က္က