ဆိုးလ်ရှားကတော့ ယူနိုက်တက်ကို ၂၀၁၈ခုနှစ်က စတင်တာဝန်ယူခဲ့တာပါ။
Kyaw Ko Ko Sint

နှစ်ပွဲဆက် အရှုံးကြောင့် ဝေဖန်ခံနေရသလို ပရီးမီးယားလိဂ်မှာလည်း အဆင့် ၁၅နေရာမှာသာ ရှိနေလို့ ဆိုးလ်ရှား ရဲ့ နေရာမှာ စပါးနည်းပြဟောင်းပွန်ချက်တီနိုကို အစားထိုးတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ အခြေအနေမကောင်းပဲ အဆင့် ၁၅မှာ ဆင်းသက်ရပ်တည်နေရသလို ပြီးခဲ့တဲ့ ရက်ကလည်း ချန်ပီယံလိဂ်မှာ အစ္စတန်ဘူလ်အသင်းကို မထင်မှတ်ပဲ ၂-၁နဲ့ အရေးနိမ့်ခဲ့လို့ နည်းပြ ဆိုးလ်ရှားကို အသင်းက ထွက်ခွာဖို့ဝေဖန်သံတွေ ညံလာခဲ့ပါတယ်။

ဒါပေမယ့်လည်း ဆိုးလ်ရှားကတော့ မိမိသာလျှင် ယူနိုက်တက်အတွက် အသင့်တော်ဆုံး နည်းပြတစ်ဦးဖြစ်တယ်လို့ ယုံကြည်ထားဆဲ ဖြစ်ပါတယ်။

ယနေ့ညမှာဆိုရင်လည်း အဲဗာတန်အသင်းနဲ့ အဝေးကွင်းဆက်လက် ကစားရဖို့ရှိနေပြီး အဆိုပါပွဲမှာလည်း ယူနိုက် တက်ရဲ့ ကြီးမားတဲ့ ရှုံးနိမ့်မှုကို မြင်ရကာ ဆိုးလ်ရှားလည်း သူ့ရာထူးကို လက်လွှတ်ရဖို့ ရှိနေတယ်လို့ ကြိုတင် န မိတ်ထုတ်ဟောကိန်းထုတ်နေခဲ့ပါတယ်။

“ကျွန်တော့် အရည်အသွေးကို ကျွန်တော်ကိုယ်တိုင် ယုံကြည်မှု မရှိဘူးဆိုရင် ဘယ်သူက ယုံပေးမှာလဲ? တစ်ပွဲ နှစ်ပွဲ အရှုံးတွေကို ကြည့်မနေပါဘူး၊”လို့ ဆိုးလ်ရှားက ထုတ်ဖော်ပြောဆိုလာပါတယ်။

ဆက်လက်ပြီးတော့လည်း မိမိအနေနဲ့ အရာအားလုံးကို အရိုးသားဆုံးနဲ့ အပွင့်လင်းဆုံး ချပြထားပြီး ကောင်းမွန်တဲ့ ခေါင်းဆောင်မှုကိုလည်း ပြသသွားမယ်လို့ ဆိုပါသေးတယ်။

ယူနိုက်တက်အနေနဲ့ မည်သို့ပင် ဆိုစေကာမူ အဲဗာတန်နဲ့ပွဲကို ထပ်မံ အရေးနိမ့်ခဲ့ပါက ပရီးမီးယားလိဂ် အဖွင့် ၇ပွဲ ကစားအပြီး အဆိုးရွားဆုံး ကလပ်အသင်းမှတ်တမ်းဆိုးကို ပိုင်ဆိုင်သွားတော့မှာပါ။

“နည်းပြ၊ကစားသမားနဲ့ ဝန်ထမ်းတွေ အားလုံး ခိုင်မာတဲ့ စိတ်ဓာတ်ခွန်အားရှိနေဖို့ လိုပါတယ်၊ကျွန်တော်တို့က ကမ္ဘာပေါ်က အသင်းကြီး တစ်သင်းပါ၊ဗုဒ္ဓဟူးနေ့အပြီးမှာတော့ မမျှော်လင့်တဲ့ ဝေဖန်မှုတွေ မြင်တွေ့ခဲ့ရပါတယ်။ လာမယ့် ပွဲအတွက်ကိုမူ ကစားသမားတွေ အကောင်းဆုံး ပြန်ရလာပါလိမ့်မယ်။နှစ်ပွဲဆက်အရှုံးကတော့ ခံစားရ ခက်ပေမယ့် ဒါဟာ ဘောလုံးပါ။”လို့လည်း ဆိုးလ်ရှားက ဆက်လက်ပြောပါတယ်။

လက်ရှိမှာတော့ ယူနိုက်တက်ရဲ့ ရလဒ်ဆိုးတွေကြောင့် ဆိုးလ်ရှားနေရာမှာ စပါးနည်းပြဟောင်း ပွန်ချက်တီနိုကို အစားထိုးတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ဆိုးလ်ရှားကတော့ ကလပ်အသင်းနဲ့ ရေရှည် အစီအစဥ် တွေ ရှိသေးတယ်လို့ ပြောလာပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က