အာဆင်နယ်ဂိုးသမားဟောင်းဖြစ်ပြီး ဗီလာကို ဒီရာသီကမှ ပြောင်းရွှေ့ခဲ့တာပါ။
Pyae Phyo Thein

အာဂျင်တီးနားဂိုးသမားဟာ အသင်းဟောင်းအာဆင်နယ်နဲ့ ပထမဆုံးအကြိမ် ပြိုင်ဘက်တွေအဖြစ် ပြန်လည်တွေ့ဆုံခဲ့ပြီး အနိုင်ယူနိုင်ခဲ့ပါတယ်။


အာဆင်နယ်ဂိုးသမားဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိအက်စတွန်ဗီလာမှာကစားနေတဲ့ မာတီနက်ဇ်က သူ့အနေနဲ့ အသင်းပြောင်းရွှေ့ဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး ကစားသမားဘဝ နောက်ထပ်တဆင့်ကို တက်ရောက်နိုင်ခဲ့တယ်လို့ ပြောဆိုလို်က်ပါတယ်။ အသင်းဟောင်းအာဆင်နယ်ကို အမ်းမရိတ်စ်မှာ ဗီလာနဲ့အတူ ဂိုးပြတ်အနိုင်ယူပြီးနောက် မာတီနက်ဇ်က ပြောဆိုခဲ့တာပါ။ 

အာဂျင်တီးနားဂိုးသမားဟာ အသင်းဟောင်းအာဆင်နယ်နဲ့ ပထမဆုံးအကြိမ် ပြိုင်ဘက်တွေအဖြစ် ပြန်လည်တွေ့ဆုံခဲ့ပြီး အနိုင်ယူနိုင်ခဲ့ပါတယ်။ ဒီရာသီမှာ ဗီလာအတွက် ၇ ပွဲကစားပေးထားပြီး ၄ ပွဲအထိပေးဂိုးမရှိအောင် စွမ်းဆောင်ထားနိုင်တဲ့ မာတီနက်ဇ်က အသင်းမှာ ပထမဂိုးသမားနေရာအတွက် အာမခံချက်မရှိတာကြောင့် ထွက်ခွာခဲ့တယ်လို့လည်း ဝန်ခံခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ရာသီမှာ လီနိုဒဏ်ရာရရှိချိန် ဝင်ရောက်ကစားခွင့်ရခဲ့ပြီး လက်စွမ်းပြခဲ့ဖူးတဲ့ မာတီနက်ဇ်က "ကျွန်တော့် အပတ်တိုင်းကစားချင်တယ်လို့ အာတီတာကိုပြောခဲ့ပါတယ်၊ သူက ဘယ်သူ့ကိုပွဲထွက်ခွင့်ပေးမလဲဆိုတဲ့ အာမခံချက်ကို မပေးနိုင်ခဲ့ဘူး၊ ကွန်မြူနတီပွဲမတိုင်ခင်အထိကို ဘယ်သူ့ကို တာဝန်ပေးရမလဲ သူ မသိခဲ့ပါဘူး၊ အဲဒီပွဲအတွက် ကျွန်တော်မစောင့်ဆိုင်းနိုင်ခဲ့ပါဘူး၊ ဖူလ်ဟမ်နဲ့ ရာသီအစပွဲကိုလည်း ကျွန်တော်ကစားခွင့်ရမယ်ဆိုတာက မသေချာခဲ့ပြန်ပါဘူး"

"ဒီတော့ ကျွန်တော် ဗီလာကို ပြောင်းချင်တယ်လို့ သူ့ကို မက်ဆေ့ချ်ပေးပို့ခဲ့ပြီး ကူညီပေးဖို့ တောင်းဆိုခဲ့ပါတယ်၊ သူက လူကောင်းတစ်ဦးပါ၊ ကျွန်တော့်ကိုကူညီပေးခဲ့ပါတယ်၊ သူက အာဆင်နယ်ရဲ့ ခေါင်းဆောင်ကောင်းပါပဲ၊ ဗီလာကို ကျွန်တော်ပြောင်းရွှေ့ခဲ့တာက အသင်းမန်နေဂျာနဲ့ ရည်ရွယ်ချက်တွေကို ယုံကြည်လို့ပါ၊ ဗီလာက ဘယ်လောက်ကြီးကျယ်ခမ်းနားလဲဆိုတာ သိပါတယ်၊ တချို့လူတွေကတော့ ဒါကိုမသိပါဘူး"

"ဗီလာကို ကျွန်တော်ရောက်သွားတာ ကစားသမားဘဝတဆင့်နိမ့်တယ်လို့ ထင်နေကြတယ်၊ တကယ်က တဆင့်မြင့်သွားခဲ့တာပါ၊ ချယ်လ်ဆီးကိုအနိုင်ရတဲ့ အက်ဖ်အေဗိုလ်လုပွဲအပြီးမှာ သူတို့က ကျွန်တော့်ကိုဆက်သွယ်ခဲ့တာပါ" လို့ မာတီနက်ဇ်က ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ မာတီနက်ဇ်ဟာ အာဆင်နယ်အတွက် ပြီးခဲ့တဲ့ရာသီမှာ လက်စွမ်းပြခဲ့ပြီး ဗီလာမှာလည်း ပုံစံကောင်းကို ပိုင်ဆိုင်နေခဲ့ပါတယ်။ 


Author


က္က