ပြင်သစ်မှာကစားရတာနဲ့ အနေအထားချင်းမတူညီဘူးလို့လည်း ပြောခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ပြင်သစ်မှာပုံစံကောင်းပြသနိုင်ပေမယ့် ကလပ်အသင်းမှာတော့ ပုံမှန်ခြေစွမ်းရရှိဖို့ ရုန်းကန်နေရသူဖြစ်ပါတယ်။ 


ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒက်ချမ့်စ်က ကွငး်လယ်လူပေါ့ဂ်ဘာဟာ ကလပ်အသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်မှာ ပျော်ရွှင်နေမယ်လို့ သူ မထင်ကြောင်း ပြောဆိုလိုက်ပါတယ်။ အသက် ၂၇ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ပြင်သစ်မှာပုံစံကောင်းပြသနိုင်ပေမယ့် ကလပ်အသင်းမှာတော့ ပုံမှန်ခြေစွမ်းရရှိဖို့ ရုန်းကန်နေရသူဖြစ်ပါတယ်။ 



ဒဏ်ရာပြသနာတွေ၊ ကြံ့ခိုင်မှုနည်းပါးခြင်းတွေအပြင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရဖူးတဲ့ ပေါ့ဂ်ဘာဟာ လက်ရှိအချိန်မှာတော့ လူစားဝင်ကစားသမားအဖြစ်နဲ့သာ ကစားနေရသူဖြစ်ပါတယ်။ ဖရက်ဒ်၊ မက်တော်မီနေး နဲ့ ဘရူနိုဖာနန်ဒက်စ်တို့ရဲ့ ကွင်းလယ်ကို ဆိုးလ်ရှားက ပိုမိုသဘောကျနေပြီး ပေါ့ဂ်ဘာကိုတော့ ဒုတိယပိုင်းမှသာ ဝင်ရောက်ကစားစေနေတာဖြစ်ပါတယ်။ 

ဒီရာသီမှာ ပေါ့ဂ်ဘာက ယူနိုက်တက်အတွက် မိနစ် ၉၀ အပြည့် နှစ်ပွဲသာ ကစားထားရသေးပြီး ကာရာဘောင်းဖလားပြိုင်ပွဲမှာသာ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ ပြင်သစ်နဲ့အတူ ခြေစွမ်းပြနေတဲ့ ပေါ့ဂ်ဘာကိုတော့ ဒက်ချမ့်စ်က "သူ့ကို ပေးစရာအကြံဉာဏ် ကျွန်တော့်မှာ မရှိပါဘူး" လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ 

"လက်ရှိ ယူနိုက်တက်ရဲ့ အနေအထားကို သူ စိတ်တိုင်းကျနေမှာတော့မဟုတ်ပါဘူး၊ သူ့ရဲ့ အကောင်းဆုံးအချိန်လည်း မဟုတ်ပါဘူး၊ ဒဏ်ရာတစ်ခုရပြီးချိန်မှာ နောက်တစ်ခုက ထပ်ရခဲ့ပြီး ကိုဗစ်ကလည်း သူ့ကို ခက်ခဲပင်ပန်းစေခဲ့ပါတယ်၊ သူ့ ရစ်သမ်မှန်ဖို့အတွက်ကို သူ ကြိုးစားရှာဖွေဖို့လိုနေတာပါ၊ ကျွန်တော်နဲ့တော့ သူ ဘာပြသနာမှမရှိပါဘူး၊ သူ့ကို ကျွန်တော်ကောင်းကောင်းစီမံနိုင်ပါတယ်"


"သူနဲ့ စကားပြောဖြစ်ပြီး တချို့သေချာတဲ့အရာတွေကို ကျွန်တော့်ကို ပြောပြခဲ့ပါတယ်၊ သူ ဘယ်လိုခံစားနေရလဲဆိုတာတွေရောပေါ့၊ ကျွန်တော်ကလည်း သူ့အပေါ်မြင်မိတာတွေကို ပြောပြခဲ့ပါတယ်" လို့ ဒက်ချမ့်စ်က ဆိုပါတယ်။ ပေါ့ဂ်ဘာရဲ့ ယူနိုက်တက်မှာ ကစားနေပုံတွေကို အသင်းကစားသမားဟောင်းတွေက အမြဲတစေဝေဖန်နေခဲ့ကြပြီး လက်ရှိမှာလည်း ဝေဖန်ခံနေရဆဲဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က