ပေါင်ခြံ ဒဏ်ရာရရှိသွားတာပါ။

ပါတေးဟာ ဗီလာကို ၀-၃နဲ့ အိမ်ကွင်းမှာ အရေးနိမ့်ခဲ့တဲ့ပွဲစဥ်ရဲ့ ပထမပိုင်းမှာပဲ ဒဏ်ရာရခဲ့လို့ စီဘယ်လော့စ်နဲ့ လူစားလဲခြင်း ခံခဲ့ရတာပါ။

ယခုတစ်ပတ်ကတော့ ကလပ်အသင်းပြိုင်ပွဲတွေ ခေတ္တရပ်နားမှာ ဖြစ်ပြီး နိုင်ငံတကာပြိုင်ပွဲတွေကို ယှဥ်ပြိုင်ကစား ကြမှာ ဖြစ်ပါတယ်။



ဒီအချိန်ကို ကစားသမားတွေသာမက နည်းပြတွေပါ အကြောက်ဆုံးဖြစ်ပြီး အဓိကကတော့ နိုင်ငံအသင်းမှာ ဒဏ်ရာ ကြီးကြီးမားမားရရှိကြမှာ စိုးရိမ်ကြလို့ပါ။

နိုင်ငံတကာ နည်းပြတွေအတွက်ကလည်း မိမိရွေးချယ်ထားတဲ့ ကစားသမားတွေ ကလပ်အသင်းကိုယ်စီမှာ အကောင်းဆုံး ပုံစံ ရနေဖို့ မျှော်လင့်ကြပြီး ဒဏ်ရာကင်းစင်ပြီး နိုင်ငံအသင်းအတွက် အပြည့်အဝ ပေးဆပ်လို ချင်စိတ်ကို အလိုချင်ကြဆုံးဖြစ်ပါတယ်။

ဒီနှစ်ချက်ကတော့ ကစားသမားနဲ့ ကလပ်အသင်းနိုင်ငံအသင်း နည်းပြတွေကြားမှာ ဝေခွဲမရဖြစ်နေတဲ့ ဒွိဟတွေ အဖြစ်ရှိနေပြီး အခုလည်း အာဆင်နယ်အသင်းက ဂါနာ လက်ရွေးစင် ကွင်းလယ်လူ ပါတေးဟာ နိုင်ငံတကာပွဲ က စားဖို့ ရှိနေတော့မှ ဒဏ်ရာကပ်ရသွားလို့ ပြည်တော်ပြန်ဖို့ မဖြစ်နိုင်တော့ပါဘူး။

ပြီးခဲ့တဲ့ ဗီလာကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဥ်မှာ ပေါင်ခြံဒဏ်ရာရရှိသွားတာ ဖြစ်ပြီး ပထမပိုင်း ၄၅မိနစ်သာ ကစားခဲ့ရပါတယ်။

“မနက်ဖြန် (သို့)နောက်တစ်နေ့မှာ သူ့ဒဏ်ရာကို ဓာတ်မှန်ရိုက်စစ်ဆေးရပါမယ်။ဒဏ်ရာရဲ့ ပမာဏကိုတော့ စောင့်ကြည့်ရပါမယ်။”လို့ နည်းပြ အာတီတာက ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။

ပါတေးအတွက်တော့ အခုလို ပြည်တော်ပြန်ခွင့်မရလိုက်တာဟာ သူ့ကို ချစ်ခင် လေးစားစွာ စောင့်မျှော်နေမယ့် ဂါနာ ပြည်သူတွေနဲ့ တွေ့ခွင့် အနည်းငယ် နောက်ကျနေသေးတယ်လို့ ဆိုရမှာပါ။

အကြောင်းကတော့ အက်သလက်တီကိုအသင်းကနေ အာဆင်နယ်အသင်းကို ပါတေးရောက်ရှိခဲ့ချိန်မှာ ဂါနာ ပြည်သူတွေဟာ ပါတေးကို ချစ်စိတ်နဲ့ အာဆင်နယ်ဂျာစီတွေဝတ်ပြီး သူ့ရဲ့ အာဆင်နယ်အသင်းနဲ့ ပထမဆုံး ပွဲကို စုရုံးအားပေးခဲ့ကြတာပါ။

ပါတေးအနေနဲ့ နိုင်ငံအသင်းကို သွားခါနီးမှ အခုလို ဖြစ်ခဲ့ရတဲ့ အပေါ်မှာလည်း - “ဆရာဝန်ကသာ ပါတေးရဲ့ ဒဏ်ရာ အတိမ်အနက်ကို အသိဆုံးပါ၊ပြီးမှပဲ ဘယ်လိုလုပ်မယ်ဆိုတာ ဆုံးဖြတ်ရမှာပါ။”လို့ အာတီတာက ဆက် လက်ပြောပါတယ်။

လက်ရှိ ဂါနာ လက်ရွေးစင်အသင်းမှာတော့ ဥရောပထိပ်တန်းအသင်းကြီးမှာ ပါဝင်ကစားနေသူဆိုလို့ ပါတေးတစ်ဦးတည်းသာ ရှိပြီး ကျန် ကစားသမားတွေမှာ ဥရောပနှင့် အခြား ကလပ်အသင်းတွေမှာ ပါဝင်ကစားနေသူတွေ ဖြစ်ပါတယ်။

ပါတေးအပြင် လက်ရှိ ဖီနာဘာချီမှာ အငှားကစားနေတဲ့ ဆွမ်ဆီးတောင်ပံ ကစားသမား အန်ဒရီအယူးနဲ့ ပဲလေ့စ် တိုက်စစ်မှူးဂျော်ဒန် အယူးတို့လည်း ပါဝင်နေပါသေးတယ်။

ပါတေးကတော့ ယခုနှစ်ဘောလုံးရာသီမှ အာဆင်နယ်အသင်းထံကို အက်သလက်တီကိုအသင်းကနေ ပြောင်းရွှေ့ လာခဲ့သူ ဖြစ်ပြီး ကောင်းမွန်တဲ့ ခြေစွမ်းပြသထားနိုင်သူ ဖြစ်ပါတယ်။

အခုလို ဒဏ်ရာရရှိသွားတဲ့အတွက်ကြောင့်တော့ ဂါနာအသင်း ကစားဖို့ရှိနေတဲ့ အာဖရိကနိုင်ငံများဖလား ခြေစစ်ပွဲ ၂ပွဲဖြစ်တဲ့ ဆူဒန်အသင်းနဲ့ ပွဲစဥ်တွေကို လွဲချော်ရပါတော့မယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က