အပျင်းထူတဲ့ပုံစံပြသခဲ့လို့ ဒေါသထွက်နေခဲ့တာပါ။
Pyae Phyo Thein

ပြီးခဲ့တဲ့တပတ် သောကြာနေ့က ကာရင်တန်မှာ လေ့ကျင့်ခန်းဆင်းနေခဲ့တာဖြစ်ပြီး ဖာနန်ဒက်စ်က ဘောလုံးပေးပို့ချိန်မှာ ဂရင်းဝုဒ်က အားထုတ်ပြေးလွှားခြင်းမရှိခဲ့တဲ့အပေါ် စိတ်ကွက်ခဲ့တာဖြစ်ပါတယ်။


ယူနိုက်တက်ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်ဟာ အသင်းဖော်ဂရင်းဝုဒ်ရဲ့ လေ့ကျင့်ရေးကွင်းမှာ ပြုလုပ်ခဲ့တဲ့ အပြုအမူတွေအပေါ်မှာ တော်တော်လေးစိတ်ပျက်နေတယ်လို့ သိရပါတယ်။ အဲဗာတန်နဲ့ ကစားခဲ့တဲ့ပွဲမတိုင်ခင် ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အင်္ဂလန်လူငယ်ကစားသမားအပေါ် ဖာနန်ဒက်စ်က စိတ်တိုင်းမကျဖြစ်နေခဲ့တယ်လို့ The Times က ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့တပတ် သောကြာနေ့က ကာရင်တန်မှာ လေ့ကျင့်ခန်းဆင်းနေခဲ့တာဖြစ်ပြီး ဖာနန်ဒက်စ်က ဘောလုံးပေးပို့ချိန်မှာ ဂရင်းဝုဒ်က အားထုတ်ပြေးလွှားခြင်းမရှိခဲ့တဲ့အပေါ် စိတ်ကွက်ခဲ့တာဖြစ်ပါတယ်။ အဲဗာတန်နဲ့ပွဲမှာ ဂရင်းဝုဒ် ပါဝင်ကစားပေးခဲ့ရခြင်း မရှိခဲ့ဘဲ နည်းပြဆိုးလ်ရှားကတော့ နေမကောင်းဖြစ်နေတယ်လို့ အကြောင်းပြချက်ပေးခဲ့ပါတယ်။ 

ယူနိုက်တက်အကယ်ဒမီထွက် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ ၄၉ ပွဲအထိ ကစားခွင့်ရရှိခဲ့ကာ ၁၇ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီအတွက်ကြောင့် ဒီရာသီမှာ အားကိုးအားထားပြုရလိမ့်မယ်လို့ ပိုမိုမျှော်လင့်ခဲ့ရပေမယ့်လည်း သူ့ရဲ့ စည်းကမ်းပိုင်းအားနည်းချက်တွေက ပြသနာဖြစ်လာခဲ့ပြီး အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်း တစ်ကြိမ်ရွေးချယ်ခံရပြီးနောက် ပြန်လည်ချန်လှပ်ခံခဲ့ရပါတယ်။ 

ဖာနန်ဒက်စ်အတွက်တော့ အသင်းဖော်တွေကို ဒေါသထွက်တာက မကြာခဏဆိုသလိုဖြစ်နေခဲ့တာလည်းဖြစ်ပါတယ်။ မကြာသေးမီကလည်း အသင်းဖော်သစ်အဲလက်စ်တဲလက်စ်နဲ့ ဘောလုံးပေးပို့မှုမှာ ဟန်ချက်မညီဖြစ်ခဲ့လို့ အော်ဟစ်ပြောဆိုမှုတွေရှိခဲ့ပြီး စိတ်ပိုင်းဆို်င်ရာပြင်းထန်တဲ့ ဖာနန်ဒက်စ်အတွက်တော့ အခြားသော နောက်ထပ်အသင်းဖော်တွေနဲ့ ကတောက်ကဆဖြစ်မှုတွေ ရှိလာဦးမလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က