ဒိန်းမတ်နဲ့ ကစားမယ့် ဆွီဒင်အသင်းနဲ့ ပူးပေါင်းခွင့်မရတာပါ။

လင်ဒီလော့ဖ်အပါအဝင် ယူကေမှာရှိတဲ့ ဆွီဒင်ကစားသမား ၅ဦးစလုံး ဆွီဒင်အသင်းနဲ့ သွားရောက်ပူးပေါင်းခွင့် ရမှာမဟုတ်ပဲ ရက်အနည်းငယ်အထိ ယူကေမှာသာ ဆက်နေရမှာပါ။

မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ ၎င်းတို့ရဲ့ ဆွီဒင်နောက်ခံလူ လင်ဒီလော့ဖ်ကို နိုင်ငံအသင်းနဲ့ ပူးပေါင်းခွင့်မပြုပဲတားမြစ်ထားတယ်လို့ Daily Mail သတင်းဌာနက ဖော်ပြလာပါတယ်။


အကြောင်းကတော့ ဒိန်းမတ်အသင်းနဲ့ ကစားရမယ့် ဆွီဒင်အသင်းနဲ့ ပူးပေါင်းခွင့်မပြုတာ ဖြစ်ပြီး ဒိန်းမတ်နိုင်ငံမှာ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်တစ်မျိုးဟာ ဖျံကတဆင့် လူတွေထံ ကူးစက်မှုတွေ ရှိနေလို့ဆိုပါတယ်။

ဒီသတင်းကိုတော့ ဆွီဒင်ဘောလုံးအဖွဲ့ချုပ်ဖက်ကလည်း အတည်ပြုပေးခဲ့ပြီး ဗြိတိန်နိုင်ငံရဲ့ ခရီးသွားလာမှုဆိုင်ရာ တားမြစ်ချက် စည်းမျဥ်းတွေကြောင့်လို့ သိရပါတယ်။

အဓိကကတော့ ဒိန်းမတ်နိုင်ငံကနေ ယူကေ အဖွဲ့ဝင်နိုင်ငံက မဟုတ်တဲ့ အခြား မည်သူ့ကိုမျှ ပြည်ဝင်ခွင့်မပြုထား တာပါ။

အကြောင်းကတော့ ဒိန်းမတ်နိုင်ငံမှာ ပြီးခဲ့တဲ့ အပတ်ကစတင်ပြီး ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်တစ်မျိုးဟာ ဖျံကတဆင့် လူတွေထံ ကူးစက်နေပြီး ၁၂ဦးလောက် ဝေဒနာ ခံစားနေရတယ်လို့ သိရတာကြောင့်ဖြစ်ပါတယ်။

လက်ရှိမှာတော့ လင်ဒီလော့ဖ်အပါအဝင် အင်္ဂလန်နဲ့စကော့တလန်မှာ ရှိနေတဲ့ ဆွီဒင်လက်ရွေးစင် ၅ဦးဟာ လာမယ့် ရက်တွေအတွင်း အင်္ဂလန်မှာသာ ဆက်ရှိနေရမှာ ဖြစ်ပြီး ဒိန်းမတ်နဲ့ပွဲကိုတော့ သွားကစားခွင့်မရမှာ လည်း ဖြစ်ပါတယ်။

ဒိန်းမတ်နဲ့ ကစားပြီးတဲ့ ဆွီဒင်လက်ရွေးစင်အသင်းအနေနဲ့ ကိုဗစ်စစ်ဆေးပြီးလို့ ရောဂါပိုး မရှိကြဘူးဆိုရင်တော့ နောက်ပွဲအတွက် ပြင်ဆင်ဖို့ ပြည်ပထွက်ခွာခွင့်ရကြမှာလို့လည်း သိရပါသေးတယ်။

ဆွီဒင်အသင်းနည်းတူ အိုက်စလန်အသင်းကို အိမ်ကွင်းဧည့်ခံ ကစားရဖို့ ရှိနေတဲ့ အင်္ဂလန် အသင်းဟာလည်း အိုက်စလန်အသင်းဟာ ဒိန်းမတ်နဲ့ ကစားပြီးမှ အင်္ဂလန်ကို လာကစားရမှာဖြစ်လို့ အိမ်ကွင်းလက်ခံ ကျင်းပခွင့် ဆုံးရှုံးရမယ့်အရေးနဲ့ ကြုံနေရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က